MPT Myanmar | Moving Myanmar Forward JOOX Faq MM - MPT Myanmar | Moving Myanmar Forward
×

JOOX

JOOX ဆိုတာဘာလဲ? MPT JOOX Music Pack ကို JOOX VIP နဲ့ အတူ ဘယ်လိုရယူနိုင်မလဲ။

JOOX ဆိုတာ မြန်မာ သီချင်းများ နှင့် နိုင်ငံတကာ သီချင်းများကို App နှင့် Website ပေါ်မှတစ်ဆင့် တိုက်ရိုက်နားဆင်နိုင်သည့် ဖျော်ဖြေရေး ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Facebook, wechat or e-mail account နှင့် log-in ဝင်ပြီး နှစ်သက်ရာသီချင်းများကိုအင်တာနက်ဖြင့် စိတ်ကြိုက်နားဆင်နိုင်ပါသည်။ VIP ရယူထားသူများ အနေဖြင့် သီချင်းများ တင်ခြင်း၊ ဒေါင်းလုတ်ပြုလုပ် ပြီး အင်တာနက် မရရှိချိန်တွင်အချိန်မရွေး ပြန်လည်နားဆင် ခြင်းများ ပြုလုပ်နိုင်ပါသည်။

အဆင့် (၁)– ၂၄ နာရီ JOOX Music Pack (သို့မဟုတ်) ၇ရက် JOOX VIP Music Pack ကို ဝယ်ယူရန် *8003# ကို နှိပ်ပါ။

အဆင့် (၂)– ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူပြီးပါက JOOX data ကို ရရှိမည် ဖြစ်ပြီး JOOX အထူးသုံးစွဲခွင့် အတွက် link ကို စာတိုဖြင့် လက်ခံရရှိပါမည်။

အဆင့် (၃) – လက်ခံရရှိထားသော စာတိုထဲရှိ Link မှတစ်ဆင့် JOOX App သို့ ဝင်ရောက်၍ JOOX အထူးသုံးစွဲခွင့်ကို ရယူကာ အနှစ်သက်ဆုံး ပြည်တွင်းပြည်ပ သီချင်းကောင်းများကို ပျော်ရွှင်စွာ နားဆင်နိုင်ပါပြီ။

ရရှိထားသော Link ဖြင့် သို့ဝင်ရောက်၍မရပါ။ ဘယ်လိုပြုလုပ်ရပါ့မလဲ။

ပထမဦးစွာ JOOX App ကို ဖုန်းထဲတွင် ထည့်သွင်းထားပြီး Sign in ပြုလုပ်ထားရန် လိုအပ်ပါသည်။JOOX VIP Music Pack ကို ဝယ်ယူပြီးနောက် အောက်ဖော်ပြပါ အချက်များ ပြုလုပ်ပါ။ စာတိုပေးပို့ထားသော Link ထဲသို့ ဝင်ရောက်ပါ။

• Open JOOX ကိုနှိပ်ပါ။

• ထို့နောက် Ok ကို click နှိပ်၍ JOOX VIP သို့ဝင်ရောက်ပါ။
အကယ်၍ တစ်စုံတစ်ရာ ရှင်းလင်းမှုမရှိပါက Customer Support သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

• ဒေတာ မရရှိခြင်း (သို့မဟုတ်) Link မရရှိခြင်းနှင့် ပတ်သက်၍ အခက်အခဲရှိပါက 106 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

• JOOX App (သို့မဟုတ်) JOOX VIP ရယူခြင်းနှင့် ပက်သက်၍ အခက်အခဲရှိပါက JOOX Myanmar Facebook တွင် မေးမြန်းနိုင်ပါသည်။

MPT JOOX VIP Music Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ်ရှိပါသလား။

မရှိပါ။ MPT JOOX VIP Music Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ်မရှိပါ။ စိတ်ကြိုက် ဝယ်ယူနားထောင်နိုင်ပါသည်။ အကယ်၍ JOOX Music Pack တစ်ခုထက်ပို၍ ဝယ်ယူမည်ဆိုပါက ဒေတာပမာဏ နှင့် သက်တမ်းသည် ပေါင်းစည်းသွားပြီး ဝယ်ယူရရှိထားသော Pack များ၏ စုစုပေါင်းဒေတာပမာဏကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးဝယ်ယူထားသော Pack ၏ သက်တမ်းအတိုင်း ကုန်ဆုံးမှာဖြစ်ပါတယ်။