MPT Myanmar | Moving Myanmar Forward JOOX - MPT Myanmar | Moving Myanmar Forward
×

MPT JOOX Music Pack

JOOX Music Pack တစ်ကြိမ်ဝယ်ယူတိုင်း ဌားရမ်းခအခမဲ့ဖြင့် JOOX အထူးသုံးစွဲခွင့်ပါ ရရှိမည့် Data Pack ကို MPT မှ ပထမဆုံး မိတ်ဆက်ပေးလိုက်ပါပြီ။
ယခုအချိန်မှစပြီး အနှစ်သက်ဆုံး မြန်မာသီချင်းများနှင့် နိုင်ငံတကာသီချင်းများကို အသက်သာဆုံး နှုန်းထားဖြင့် JOOX App ပေါ်တွင် အကန့်အသတ်မရှိ နားထောင်နိုင်ပြီ ဖြစ်ပါသည်။

JOOX Music Pack ကို နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်ပါသည်။

(၂၄ ) နာရီ JOOX Data Pack (၇) ရက် JOOX Data Pack
တန်ဖို: ၁၂၉ ကျပ် ၆၂၉ ကျပ်
ရရှိနိုင်မည့် Data ပမာဏ 130 MB 630 MB
သက်တမ်းကုန်ဆုံးမည့်ရက် ၂၄ နာရီ ၇ ရက်
အထူးအစီအစဉ် JOOX VIP access
ခေါ်ဆိုဝယ်ယူရန် *8003#

JOOX VIP တွင် ပါဝင်သောအစီအစဉ်များ

  • JOOX App တွင်သာ နားဆင်နိုင်သည့် သန်းပေါင်းများစွာသော မြန်မာသီချင်းများနှင့် နိင်ငံတကာသီချင်းများ
  • အချိန်နေရာမရွေး မည်သည့် တေးသံရှင် ၏ တေးသီချင်းမျိုးမဆို နားဆင်နိုင်ခြင်း
  • ကြော်ငြာမပါဘဲ သီချင်းများကို စိတ်ကြိုက်နားဆင်နိုင်ခြင်း
  • အနှစ်သက်ဆုံး သီချင်းများကို App ထဲတွင် ဒေါင်းလုတ်ပြုလုပ်ထားပြီး အင်တာနက်မလိုဘဲ နားထောင်နိုင်ခြင်း
  • စိတ်ကြိုက် playlist ပြုလုပ်နားဆင်နိုင်ခြင်း
  • အရည်အသွေးမြင့်ပြီး ကောင်းမွန်သော အသံစနစ်ဖြင့်နားဆင်နိုင်ခြင်း

MPT JOOX Music Pack ကို JOOX VIP နဲ့ အတူ ဘယ်လိုရယူနိုင်မလဲ။

အဆင့် (၁)– ၂၄ နာရီ JOOX Music Pack (သို့မဟုတ်) ၇ရက် JOOX Music Pack ကို ဝယ်ယူရန် *8003# ကို နှိပ်ပါ။
အဆင့် (၂)– ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူပြီးပါက JOOX data ကို ရရှိမည် ဖြစ်ပြီး JOOX အထူးသုံးစွဲခွင့်အတွက် link ကို စာတိုဖြင့် လက်ခံရရှိပါမည်။
အဆင့် (၃) – လက်ခံရရှိထားသော စာတိုထဲရှိ Link မှတစ်ဆင့် JOOX App သို့ ဝင်ရောက်၍ JOOX အထူးသုံးစွဲခွင့်ကို ရယူကာ အနှစ်သက်ဆုံး ပြည်တွင်းပြည်ပ သီချင်းကောင်းများကို ပျော်ရွှင်စွာ နားဆင်နိုင်ပါပြီ။

Other Data Promotions


JOOX

MPT brings to you the first ever data pack in Myanmar with a combination of JOOX data.....


MPT Viu Pack

Viu Pack ထောင်ပေါင်းများသော ဇာတ်ကားများကို Viu ဒေတာ 550 MB နှင့် Viu VIP ပါဝင်သော Viu Pack ကို ၅၄၉ ကျပ် ဖြင့် ကြည့်ရှု နိုင်ပါပြီ။


Social Pack

လူကြိုက်အများဆုံး Social App တွေကို အသက်သာဆုံးစျေးနှုန်းနဲ့သုံးနိုင်ပြီ

More Data Offers>>>>

မေးခွန်းများ

၁။ JOOX ဆိုတာ ဘာလဲ?

JOOX ဆိုတာ မြန်မာ သီချင်းများ နှင့် နိုင်ငံတကာ သီချင်းများကို App နှင့် Website ပေါ်မှတစ်ဆင့် တိုက်ရိုက်နားဆင်နိုင်သည့် ဖျော်ဖြေရေး ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Facebook, wechat or e-mail account နှင့် log-in ဝင်ပြီး နှစ်သက်ရာသီချင်းများကိုအင်တာနက်ဖြင့် စိတ်ကြိုက်နားဆင်နိုင်ပါသည်။ VIP ရယူထားသူများအနေဖြင့် သီချင်းများ တင်ခြင်း၊ ဒေါင်းလုတ်ပြုလုပ် ပြီး အင်တာနက် မရရှိချိန်တွင်အချိန်မရွေး ပြန်လည်နားဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။

၂။ JOOX app ကို ဘယ်လိုဒေါင်းလုတ်ရယူနိုင်မလဲ။

JOOX app ကို Android Google Play Store (သို့မဟုတ်) Apple App store တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်။

၃။ JOOX မှာ နားထောင်သမျှ သီချင်းတွေအတွက် ပိုက်ဆံပေးရမှာလား။

JOOX app မှတစ်ဆင့် MPT JOOX Music Pack ကို ဝယ်ယူပြီး ရရှိလာသော ကုဒ်ကို ရိုက်ထည့်ပြီးတာနဲ့ပြည်တွင်းပြည်ပ နောက်ဆုံးပေါ်သီချင်းများကို JOOX အထူးသုံးစွဲခွင့်ဖြင့် အခမဲ့နားဆင်နိုင်မှာဖြစ်ပါတယ်။ ထို့နောက် Data အသုံးပြုမှုများကို ဝယ်ယူထားသော JOOX Music Pack မှ ဖြတ်တောက်သွားမည် ဖြစ်ပြီး Data များ ကုန်ဆုံးသွားပြီးနောက် အခြားဝယ်ယူထားသော Music Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်နှုန်းမှကောက်ခံသွားမှာဖြစ်ပါတယ်။

၄။ နားဆင်နိုင်သည့် သီချင်းအရေအတွက်ကို ကန့်သတ်ထားတာရှိပါသလား ။

မရှိပါ။ နားဆင်နိုင်သည့် သီချင်းအရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါ။ JOOX Music Pack တစ်ခုချင်းစီမှ ဝယ်ယူထားသော ဒေတာ ပမာဏ နှင့် သက်တမ်းကုန်ဆုံးသွားပြီးနောက် သက်ဆိုင်ရာ Data Pack များ(သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်နှုန်းမှ
ကောက်ခံသွားမှာဖြစ်ပါတယ်။ ဝယ်ယူထားသောဒေတာသက်တမ်းကုန်ဆုံးပြီးနောက် နောက်ထပ် Data Pack ထပ်မံဝယ်ယူ၍ အကြိုက်ဆုံးသီချင်းများကို နားဆင်လိုက်ပါ။။

၅။ JOOX Music Pack ကို Facebook နဲ့ YouTube တို့အတွက်ရော သုံးလို့ရပါသလား။

အသုံးမပြုနိုင်ပါ။ ဝယ်ယူရရှိထားသော Data ပမာဏ သည် JOOX အတွက်သာ ဖြစ်ပါတယ်။ JOOX မှ လွဲပြီး အခြားသောဒေတာ အသုံးပြုမှုများအတွက် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၆။ရရှိထားသော Link ဖြင့် JOOX VIP သို့ ဝင်ရောက်၍မရပါ။ ဘယ်လိုပြုလုပ်ရပါမလဲ။

ပထမဦးစွာ JOOX App ကို ဖုန်းထဲတွင် ထည့်သွင်းထားပြီး Sign in ပြုလုပ်ထားရန် လိုအပ်ပါသည်။JOOX Music Pack ကို ဝယ်ယူပြီးနောက် အောက်ဖော်ပြပါ အချက်များ ပြုလုပ်ပါ။
စာတိုပေးပို့ထားသော Link ထဲသို့ ဝင်ရောက်ပါ။
Open JOOX ကိုနှိပ်ပါ။
ထို့နောက် Ok ကို click နှိပ်၍ JOOX VIP သို့ဝင်ရောက်ပါ။

အကယ်၍ တစ်စုံတစ်ရာ ရှင်းလင်းမှုမရှိပါက Customer Support သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
• ဒေတာ မရရှိခြင်း (သို့မဟုတ်) Link မရရှိခြင်းနှင့် ပတ်သက်၍ အခက်အခဲရှိပါက 106 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
• JOOX App (သို့မဟုတ်) JOOX VIP ရယူခြင်းနှင့် ပက်သက်၍ အခက်အခဲရှိပါက JOOX Myanmar Facebook တွင် မေးမြန်းနိုင်ပါသည်။

၇။JOOX App တွင် သီချင်းများကို နားဆင်ရန် Account ရှိထားဖို့ လိုအပ်ပါသလား။

လိုအပ်ပါတယ်။ JOOX App တွင် account ရှိရန်လိုအပ်ပါသည်။ ထို account ကို Sign in ပြုလုပ်ပြီးနောက်တွင် စာတိုပေးပို့ထားသော Link မှတစ်ဆင့် ဝင်ရောက်ရပါမည်။
JOOX account ကို Facebook , Wechat or Email မှတစ်ဆင့် ဖွင့်နိုင်ပါသည်။

၈။ JOOX Data Quota 130MB (သို့မဟုတ်) 630MB ကုန်ဆုံးသွားပြီးနောက် သီချင်းများ ဆက်လက်နားထောင်နိုင်ပါသလား။

နားထောင်နိုင်ပါတယ်။ အကယ်၍ ဝယ်ယူရရှိထားသော ဒေတာပမာဏကုန်ဆုံးသွားပါက ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၉။ MPT JOOX Music Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ် ရှိပါသလား။

မရှိပါ။ MPT JOOX Music Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ်မရှိပါ။ စိတ်ကြိုက် ဝယ်ယူနားထောင်နိုင်ပါသည်။ အကယ်၍ JOOX Music Pack တစ်ခုထက်ပို၍ ဝယ်ယူမည်ဆိုပါက
ဒေတာပမာဏ နှင့် သက်တမ်းသည် ပေါင်းစည်းသွားပြီး ဝယ်ယူရရှိထားသော Pack များ၏ စုစုပေါင်းဒေတာပမာဏကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးဝယ်ယူထားသော Pack ၏ သက်တမ်းအတိုင်း ကုန်ဆုံးမှာဖြစ်ပါတယ်။

၁၀။ လက်ရှိ JOOX Music Pack ထဲရှိ သက်တမ်းကုန်ဆုံးပြီး ကျန်ရှိသော ဒေတာလက်ကျန်များသည် နောက်ထပ်ဝယ်ယူလိုက်သော Data Pack တွင် ပေါင်းစည်းသွားမှာပါလား။

မဟုတ်ပါ။ ဒေတာလက်ကျန်များပေါင်းစည်းသွားမည် မဟုတ်ပါ။

၁၁. VIP ရယူခြင်းအောင်မြင်စွာ ပြီးသွားသော်လည်း VIP ဖြစ်ကြောင်းမမြင်ရသေးပါ။ ဘယ်လိုလုပ်ရမလဲ။

တစ်ခါတစ်ရံ VIP ဖြစ်ကြောင်း မြင်ရရန် အချိန် အနည်းငယ်စောင့်ဆိုင်းရန် လိုအပ်ပါသည်။

၁၂. သီချင်းတွေကို App အပြင်ဘက် ကို Download ပြုလုပ်နိုင်ပါသလား။

သီချင်းတွေကို App ထဲတွင်သာ Download ပြုလုပ်နိုင်ပြီး အင်တာနက် မလိုဘဲ App ကို အသုံးပြုပြီး ပြန်လည် နားဆင်နိုင်ပါတယ်။