FLOOD WARNING

FLASH FLOOD WARNING: TAKE ACTION (NYAUNG TONE TAR)

Water-level is 2 feet above critical point. Possible to reach 2.5 feets above critical point within 3 days. (PYAY)

Water-level is 1.5 feet above critical point. Possible to reach 0.5 feets below critical point within 2 days. (Pha-An)

Water-level is 4 feet above critical point. Possible to reach below critical point within 3 days. (Mon Ywa)

Water-level is 3.5 feet above critical point. Possible to reach 4 feet above critical point within 3 days. (Hinthada)

The water level at Ayawaddy is 15 cm until it reaches the overflow limit.
This measurement was recorded at 09:30 A.M. on 04/08/2015.

Flooding is possible to occur within 24 hours in the low-lying plains of Chauk Township,
especially on riverbanks, and low-lying plains.

Please be prepared, and be safe.
‪#‎SaveMyanmar‬

Source: Ministry of Information

MPT မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းမှုများနှင့် ကူညီထောက်ပံ့မှုများ ပြုလုပ်မည်

လူအများအချိန်မရွေးဆက်သွယ်မှုရရှိနိုင်စေရန် အရေးပေါ်ဝန်ဆောင်မှုများပေးသွားမည်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သော
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ရေဘေးသင့်ဒေသရှိ ပြည်သူများသို့ လှူဒါန်းမှုများပြုလုပ်နေသည့်အကြောင်း
ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။

MPT အနေဖြင့် သြဂုတ်လ ၄ ရက် အင်္ဂါနေ့တွင် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ သူ၏ သက်ဆိုင်ရာ
ဒေသခံမန်နေဂျာများမှတဆင့် ငွေကျပ် သိန်း ၁၀၀ စီလှူဒါန်းခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင်လည်း မကွေးတိုင်းဒေသကြီးသို့
အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့သည်။ ထို့အပြင် အစားအသောက်နှင့် ဆေးဝါးများပါဝင်သည့် ထောက်ပံ့ပစ္စည်းထုပ်
၃ ထောင်ကိုလည်း သြဂုတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများသို့
ဖြန့်ဝေလှူဒါန်းသွားရန် စီစဉ်ထားသည်။

ထောက်ပံ့ပစ္စည်းများကို လေကြောင်းလိုင်းများ အကူအညီဖြင့် ပို့ဆောင်သွားမည်ဖြစ်ပြီး ထိုထဲတွင် ဆန်၊ သောက်ရေ၊
အာဟာရကွေကာအုတ်ထုပ်များ၊ ဓာတ်ဆား၊ ရေသန့်ဆေးပြားများနှင့် ငါးပိကြော်များ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် သြဂုတ်လ
၅ ရက်နေ့တွင် MPT သည် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့
အလှူငွေကျပ်သိန်း ၂၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

ထောက်ပံ့ပစ္စည်းများနှင့် ငွေလှူဒါန်းမှုများအပြင် အခြေစိုက်ရေဘေးရှောင်စခန်းများနှင့် ဆက်သွယ်ရာတွင် အရေးပေါ်အခြေအနေများ
အတွက် ဆက်သွယ်ရာ၌ အဆင်ပြေလွယ်ကူစေရန်အတွက် ဂြိုလ်တုဖုန်း ၁၀ လုံးနှင့် ငွေဖြည့်ကတ်များကိုလည်း မြန်မာ့ဆက်သွယ်ရေး၊
သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနသို့ MPT မှ ထောက်ပ့ံကူညီသွားမည် ဖြစ်သည်။

သြဂုတ်လ ၆ ရက် ကြာသာပတေးနေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေး ၏ GSM/WCDMA ဖုန်းများမှ စာတိုပေးပို့၍
ငွေလှူဒါန်းနိုင်ရန်လည်း စီစဉ်ထားရှိပါသည်။ ရေဘေးသင့်ဒေသများသို့ ငွေလှူဒါန်းလိုသူများသည် ၅၀၀ ဟုရိုက်ပြီး ၂၀၀၁သို့
SMS အခမဲ့ ပေးပို့ရုံဖြင့် မိမိ၏ဖုန်းလက်ကျန်ငွေထဲမှ ၅ဝဝကျပ်ကို လှူဒါန်းပြီးဖြစ်ပါသည်။ (ဥပမာ – ပေးပို့ရန်နံပါတ် – ၂၀၀၁၊
ပို့ရန်စာသား – ၅၀၀) ၅၀၀ ထက်ပို၍ လှူဒါန်းလိုသူများကအကြိမ်ရေကန့်သတ်မှုမရှိဘဲမိမိ၏ လက်ကျန်ငွေရှိသလောက်
စာတိုများကိုပေးပို့နိုင်ပြီးတစ်ခါပို့ ကျပ် ၅၀၀ နှုတ်ယူခြင်းဖြင့် ရေဘေးသင့်ဒေသများသို့ အလှူငွေများလှူဒါန်းမည်ဖြစ်ပါသည်။

“ရေဘေးသင့်ဒေသတွေမှာရှိတဲ့ လူတိုင်း၊ သူတို့မိသားစုတွေတိုင်းနဲ့ ကျွန်တော်တို့ ထပ်တူထပ်မျှခံစားရပါတယ်၊ အခုလိုလှူဒါန်းမှုတွေ
ကတဆင့် မြန်မာပြည်သူပြည်သားတွေလိုအပ်တဲ့အချိန်မှာ အမြဲအဆင်သင့်ရှိနေတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို
ပြသလိုက်တာပါပဲ။” ဟု MPT-KSGM (KDDI Summit Global 
Myanmar Co. Ltd.) Joint Operations မှ ဒုတိယ
အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးခင်မောင်ထွန်းက ပြောကြားသည်။

“တချို့ဒေသတွေမှာ ကွန်ယက်ပြတ်တောက်မှုတွေဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အခြေအနေကို အချိန်တိုင်း
စောင့်ကြည့်နေပြီး ပြင်ဆင်မှုတွေ တတ်နိုင်သလောက် အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ အစီအစဉ်တွေ
ပြုလုပ်ထားပါတယ်။ ရေလွှမ်းမိုးတာကြောင့် MPT ရဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားတဲ့ ဒေသတွေမှာ ဆက်သွယ်မှုတွေ
ရပ်တန့်မသွားအောင် ရေဘေးရှောင်စခန်းတွေမှာ ဂြိုဟ်တုကွန်ယက်ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေးတာလိုမျိုး
ယာယီဖြေရှင်းမှုတွေကို လုပ်ဆောင်ပေးနေရင်း ရေဘေးသင့်ပြည်သူတွေအားလုံး သူတို့ရဲ့မိသားစုတွေ ဆွေမျိုးတွေ
မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ကျွန်တော်တို့ ကူညီပေးနေပါတယ်။ ” ဟု ဦးခင်မောင်ထွန်းက
ဆက်လက်ပြောကြားသည်။

GSM ကွန်ယက် ထိခိုက်ပျက်ဆီးမှုရှိသော ဒေသများရှိ ရေဘေးရှောင်စခန်းများတွင် အများပြည်သူသုံး တယ်လီဖုန်းများအဖြစ်
အသုံးပြုနိုင်ရန်အတွက် CDMA ဖုန်းများကိုလည်း MPT မှထောက်ပံ့ပေးသွားမည်ဖြစ်သည်။ MPT မှ CDMA ဟန်းဆက်များကို
အထိုင်ဖုန်းများအဖြစ် တပ်ဆင်ပေးမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများအနေဖြင့် အခြားဒေသများတွက်နေထိုင်သော ၄င်းတို့၏
မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အချိန်မရွေးဆက်သွယ်နိုင်မည်ဖြစ်သည်။

“ကွန်ယက်တွေနဲ့ပြင်ဆင်မှုတွေအကြောင်း နောက်ဆုံးရသတင်းအချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Facebook စာမျက်နှာပေါ်မှာရော
LINE မှာရှိတဲ့ MPT ရဲ့တရားဝင်အကောင့်ကနေရော အချိန်နဲ့တပြေးညီ မျှဝေပြောကြား ပေးသွားမှာဖြစ်ပါတယ်။ သုံးစွဲသူအားလုံးဆီကိုလည်း
အရေးကြီးမိုးလေဝသ သတင်းတွေနဲ့ အခြေအနေတွေကို SMS တွေနဲ့ အကြောင်းကြားသွားမှာပါ။” ဟု MPT-KSGM
(KDDI Summit Global 
Myanmar Co. Ltd.) Joint Operations မှ အမှုဆောင်အရာရှိချုပ် Mr.Takashi Nagashima က
ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အော်တို ဖုန်းလိုင်း တပ်ဆင်ခနှုန်းထားများကို ထက်ဝက် လျှော့ချပေးမည်

နောက်နှစ်အနည်းငယ်အတွင်း လိုင်းဖုန်းများ၏ လက်ရှိစွမ်းဆောင်ရည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှနှစ်ဆမြှင့်တင်မည်။

ရန်ကုန်၊ မြန်မာ၊ ဇူလိုင် ၁၅၊ ၂၀၁၅။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယနေ့ဇူလိုင်၁၅ ရက်နေ့မှစ၍ PSTN (အော်တိုလိုင်းဖုန်း) တပ်ဆင်ခများကို ယခင်ကျပ်၆သိန်းခွဲမှ ယခု ၃၂၅,၀၀၀ ကျပ်သို့
ထက်ဝက်လျှော့ချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

လိုင်းဖုန်းများကိုအိမ်သုံးသာမက စီးပွားရေးလုပ်ငန်းများအတွက်ပါ ပိုမိုကျယ်ပြန့်သက်သာစွာ သုံးစွဲစေနိုင်ရန်အတွက်
ယခုကဲ့သို့ရည်ရွယ်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လိုင်းခွဲဖုန်းများသုံးစွဲရနန်ှင့် ADSL
အင်တာနက်ကိုသုံးစွဲရန် လိုင်းဖုန်းများကိုပိုမိုလိုပါအပ်သည်။ လိုင်းဖုန်းတပ်ဆင်ခများကို ယခုကဲ့သို့ လျှော့ချပေးခြင်းအားဖြင့် အိမ်သုံးအတွက်သာမက၊ စီးပွားရေးလုပ်ငန်းများပါ လိုင်းဖုန်းတပ်ဆင်မှုများ ပိုမိုများပြားလာမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ယုံကြည်
စိတ်ချမှုရှိသည့်အပြင် သုံးစွဲသူများကို ဝမ်းမြောက်စွာ ဝန်ဆောင်မှုပေးရန်လည်း အဆင်သင့်ရှိနေပါသည်။

ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ

စျေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်

၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် စျေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။ MPT သည်၄င်း၏ ဆောင်ပုဒ်ဖြစ်သော “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့်အတိုင်း MPT ကိုအားပေးနေသော မိဘပြည်သူများနှင့် ထပ်မံတိုးပွားလာမည့်သုံးစွဲသူများအတွက် စျေးနှုန်းသက်သာ၍ ယုံကြည်အားထားရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ထပ်မံမိတ်ဆက်လိုက်ခြင်းလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် 00:00:01 မှစ၍ MPT၏ ဆွေသဟာအစီအစဉ်ကို သုံးစွဲသူ မိဘပြည်သူများအတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု တစ်မိနစ် ၂၃ ကျပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်။ ဤစျေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများအားလုံးအတွက် အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။

“အခုသတ်မှတ်လိုက်တဲ့ သက်သာတဲ့စျေးနှုန်းအသစ်ဟာ ကျွန်တော်တို့ရဲ့ လက်ရှိသုံးစွဲသူ မိဘပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်းစီကို ကျေးဇူးတုံ့ပြန်လိုက်တာပါပဲ” ဟု MPT ၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

“ဒါ့အပြင် ဒီစျေးနှုန်းပြင်ဆင်သတ်မှတ်လိုက်တာနဲ့အတူ မြန်မာနိုင်ငံအနှံ့ မြို့ပြကျေးလက်မရွေး လွှမ်းခြုံထားတဲ့ ကျွန်တော်တို့ MPT ရဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်မှုကွန်ယက်ကို အသုံးပြုလိုတဲ့ မိဘပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုများပြားလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးအနေနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြသူတိုင်းရင်းသားသွေးချင်းတွေအားလုံး အဆင်ပြေသက်သာစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေပါတယ်။” ဟု MPT-KDDI-Sumitomo Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ တကရှိ နာဂရှိမက ထပ်လောင်း ပြောကြားလိုက်သည်။

လက်ရှိ ဆွေသဟာကို သုံးစွဲနေသူများအနေဖြင့် ဤစျေးနှုန်းသတ်မှတ်ချက်အသစ် တစ်မိနစ် ၂၃ ကျပ်ဖြင့်သုံးစွဲရန် မည်သည့် ထပ်ဆောင်းဝန်ဆောင်ခမှ ပေးရန်မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါစျေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ GSM/WCDMA သုံးစွဲသူများအနေဖြင့် ဆွေသဟာစနစ်ကို ရယူရန် ၁၃၃၂ သို့ SWE ဟု အခမဲ့ စာတိုတစ်စောင်ပေးပို့ခြင်းဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေသဟာရှိ အခြားသောဝန်ဆောင်မှုစျေးနှုန်းများနှင့် ဆွေသဟာကိုု မရယူထားသော

GSM နှင့် WCDMA သုံးစွဲသူများ၏ အခြေခံသုံးစွဲမှုနှုန်းထားများမှာလည်း ယခင်အတိုင်းပင်ဖြစ်သည်။

CDMA 450 နှင့် CDMA 800 ဖုန်းများကို သုံးစွဲနေသူများအတွက်လည်း ခေါ်ဆိုနှုန်းထားအသစ်ကို ထပ်မံလျှောက်ထား ရယူရန် မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါစျေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ CDMA သုုံးစွဲသူများအတွက် အခြားသောဝန်ဆောင်မှု နှုန်းထားများမှာ ယခင်အတိုုင်းပင်ဖြစ်သည်။

စျေးနှုန်းအသစ်သတ်မှတ်ခြင်း အထိမ်းအမှတ်အဖြစ် MPT မှ သုံးစွဲသူမိဘပြည်သူများအားလုံးကို ငွေဖြည့်ကတ်ဖြည့်ရာတွင် အပိုထပ်ဆောင်းငွေများ ထည့်သွင်းလက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၅ ရက်နေ့မှ ရ ရက်နေ့အတွင်း ငွေဖြည့်သော သုံးစွဲသူမိဘပြည်သူများအနေဖြင့် ၅၀% အထိ အပိုထပ်ဆောင်းငွေများကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ အပိုထပ်ဆောင်းငွေများကို ဇူလိုင်လ ၃၁ ရက်မတိုင်မီ MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးစွဲနိုင်မည်ဖြစ်သည်။.

MPT နှင့်အတူ ပူးပေါင်းဆောင်ရွက် အပိုထပ်ဆောင်းငွေ ၅၀%အထိ ရယူနိုင်မည့် အစီအစဥ်သစ် မိတ်ဆက်

ဇူလိုင်လ ၅ရက်နေ့မှ ရရက်နေ့အတွင်းဖုန်းငွေဖြည့်သူ မိဘပြည်သူအားလုံးကို ၅၀% အထိ အပိုထပ်ဆောင်းငွေကို
လက်ဆောင်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

*အပိုထပ်ဆောင်းငွေကို MPT ဖုန်းအချင်းချင်းခေါ်ဆိုရာတွင်နှင့်အင်တာနက်(PAYG)အသုံးပြုရာတွင်အသုံးပြုနိုင်သည်။
*အပိုထပ်ဆောင်းငွေကို ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်တမ်းရှိသည်။
*အပိုထပ်ဆောင်းငွေကို GSM/WCDMA/CDMA များအားလုံးခံစားခွင့်ရှိသည်။
CDMA အသုံးပြုသူများမှ Myanmar Mobile Money အသုံးပြုပါက အပိုထပ်ဆောင်းငွေလက်ခံရရှိမည်
မဟုတ်ပါ။ ကျန် GSM/WCDMA များမှာ မည်သည့်ငွေဖြည့်နည်းစနစ်ကိုမဆို အသုံးပြုနိုင်သည်။

တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန်များအတွက် COCA-COLA MYANMAR နှင့် မြန်မာ့ဆက်သွယ်ရေး MPT တို့ပူးပေါင်း၍ အခမဲ့ ဖုန်းငွေဖြည့်ပေးမည့် အရောင်းမြှင့်တင်မှု မြန်မာနိုင်ငံတစ်ဝှမ်လုံးတွင် ပြုလုပ်မည်

Coca-Cola အချိုရည်သောက်သုံးသော မြန်မာပြည်သူ(၁၅)သန်းခန့်အခမဲ့ဖုန်းငွေဖြည့်ပေးမှုကိုရရှိနိုင်မည့် “Refresh & Top-Up” အရောင်းမြှင့်တင်မှုအစီအစဉ်ကို Coca-Cola Myanmar နှင့်နိုင်ငံတွင်းအကြီးဆုံးဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့်MPT နှင့်အတူပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဇူလိုင်လ(၂)ရက်နေ့၊ ၂၀၁၅ခုနှစ် – မြန်မာနိုင်ငံတွင် ပထမဦးဆုံးသောအရောင်းမြှင့်တင်မှုအစီအစဉ်တစ်ခုအနေဖြင့် Coca-Cola နှင့်နိုင်ငံတွင်းအကြီးဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် MPT တို့ အတူပူးပေါင်းကာ လန်းဆန်းစေမည့် Coca-Cola အေးအေးလေး သောက်သုံးရင်း အခမဲ့ MPT
ဖုန်းငွေဖြည့်မှုကို ရရှိနိုင်မည့် “Refresh & Top-Up Promotion” ကို စတင်သွားမည်ဖြစ်ကြောင်း ယနေ့
ကြေညာလိုက်ပါသည်။ တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန်အတွက်Coca-Cola သောက်သုံးရင်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် အမြဲဆက်သွယ်နိုင်စေရန်အတွက် ကျပ်(၂၀၀) မှ ကျပ်(၁၀)သိန်းအထိ MPT မိုဘိုင်းဖုန်းငွေဖြည့်ပေးမှု ဆုပေါင်း (၁၅)သန်း ပါဝင်မည့် အဖုံးတွင်းကံစမ်းမဲ အစီအစဉ်ကိုမြန်မာနိုင်ငံအနှံ့မှ ပါဝင်
ဆင်နွှဲနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့မှ အရသာရှိသော Coca-Cola အေးအေးလေး သောက်သုံးသူအားလုံးအတွက် လန်းဆန်းမှုများ ခံစားရစေရန် နှင့် ပျော်ရွှင်စရာအခိုက်အတန့်များ အတူမျှဝေရန်အတွက် Coca-Cola နှင့် MPT တို့၏ ယခု Refresh & Top-Up Promotionအား ပြုလုပ်နေဆဲ အစီအစဉ်များနှင့်လှုပ်ရှားမှုများတွင် ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“အခုလို MPT နဲ့ အတူ အဓိကျပြီး ဒီနိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်ကို အတူ
ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက်ဝမ်းသာစိတ်လှုပ်ရှားမိပါတယ်။ Coca-Cola နဲ့ MPT တို့ရဲ့ Refresh & Top-Up Promotion ဟာဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေ Coca-Cola အေးအေးလေးသောက်ရင်း မိတ်ဆွေ
သူငယ်ချင်း၊ မိသားစုတွေနဲ့ ဆက်သွယ်နိုင်စေဖို့ဖြစ်ပါတယ်” ဟု Coca-Cola Myanmar ၏ Marketing Director ဖြစ်သူ Mr.Rommel P. Fuentebella မှပြောကြားခဲ့ပါသည်။ ၎င်းမှဆက်လက်ပြီး “Coca-Cola အေးအေးလေးသောက်ပြီး အနားယူနေချိန်မှာ မိုဘိုင်းဖုန်းတွေဟာလည်း မပါမဖြစ်ပါဝင်လာကြပါတယ်။ ဒါကြောင့် Coca-Cola နဲ့ MPT တို့ အတူပူးပေါင်းပြီးတော့ သောက်သုံးသူတွေအတွက်အားလပ်ချိန်တွေမှာ လန်းဆန်းဖို့ နဲ့ အဆက်သွယ်မပြတ်စေပဲ အပြည့်အဝ ပျော်ရွှင်ဖို့အတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။”

Coca-Cola နှင့် MPT တို့၏ Refresh & Top-Up Promotion ၏ ကျယ်ပြန့်စွာ ရောက်ရှိနိုင်မှု နှင့်အလွယ်တကူ ပါဝင်ဆင်နွှဲနိုင်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သမျှထဲတွင် အကြီးမားဆုံးအရောင်းမြှင့်တင်မှုတစ်ခု ဖြစ်ပါသည်။ Coca-Cola သည် အချိုရည်ကဏ္ဍလောကတွင် နိုင်ငံတစ်ဝှမ်း ဦးဆောင် ဖြန့်ချီသူဖြစ်သည့်အလျောက်
မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင် နေသူဖြစ်စေ ၎င်းတို့၏ အားလပ်ချိန်တွင် Coca-Cola အေးအေးလေးကို
သောက်သုံးရင်း တက်ကြွလန်းဆန်းမှုကို ခံစားနိုင်မည့်အပြင် နိုင်ငံပိုင် MPT ကလည်း မြန်မာလူမျိုးများအတွက် နှစ်ပေါင်း ၁၃၀ ကျော် မိတ်ဆွေသူငယ်ချင်း၊ မိသားစုများ အချင်းချင်း ဆက်သွယ်ပေးခဲ့ သော နိုင်ငံတွင်း အကြီးမားဆုံး ဆက်သွယ်ရေး လုပ်ငန်း ဖြစ်ပါသည်။Coca-Cola နှင့် MPT တို့ အတူတကွ ပူးပေါင်းလိုက်ခြင်းဖြင့် Refresh & Top-Up Promotion သည် နိုင်ငံရှိ သန်းပေါင်းများစွာသော Coca-Cola သောက်သုံးသူများအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းပါသည်။

“MPT ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကလူတွေကို ချိတ်ဆက်ပေးခဲ့တဲ့ ရှည်ကြာတဲ့ သမိုင်းကြောင်းရှိရသုံ ာမက အခုဆိုရင်ဖြင့် ပြည်တွင်းမှာ မိုဘိုင်းဆက်သွယ်မှုတွေ ပိုမိုတိုးတက်လာတဲ့အလျောက် ချစ်ခင်ရတဲ့သူတွေနဲ့ ဆက်သွယ်မှုတွေ ပိုမို ပြုလုပ်လာနိုင်ပြီ ဖြစ်ပါတယ်” ဟု MPT ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase မှပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး “Coca-Cola သောက်ပြီး အနားယူရင်း MPT ရဲ့ အခမဲ့ ဖုန်းငွေဖြည့်မှုတွေနဲ့အတူ ဒီ Coca-Cola MPT Refresh & Top-Up Promotion ဟာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေကြား ဆက်သွယ်မှုတွေကို ပိုပြီး ခိုငမ် ာလာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ် လို့လည်းမျှော်လင့်ပါတယ်။” မြန်မာနိုင်ငံတွင် တဆထက်တဆ တိုးပွားကျယ်ပြန့စ် ွာကျင်းပလျက်ရှိသော အရောင်းမြှင့်တင်မှု အစီအစဉ်များအနက် Coca-Cola MPT Refresh & Top Up Promotion သည် အဖုံးတွင်း ကံစမ်းမဲများအနက် ကံထူးသူများအား အခမဲ့ ဖုန်းငွေဖြည့်ပေးမည့် ပထမဦးဆုံးသော အစီအစဉ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်အရ Coca-Cola MPT Refresh & Top-Up Promotion သည် MPT ၏ GSM/WCDMA ဖုန်းများတွင်သာ ဖြည့်တင်း သုံးစွနဲ ိုင်မည် ဖြစ်ပြီး Coca-Cola အေးအေးလေး သောက်ရင်း ဆုမဲများအား မည်သူမဆို ပါဝင်ကံစမ်း နိုင်မည်ဖြစ်ပါသည်။ သန်း ၉၀ ထက်ပိုသော MPT မိုဘိုင်းငွေဖြည့် ကံစမ်းမဲကုတ်နံပါတ် များကို မြန်မာပြည်အနှံ ဖြန့်ချီရောင်းချလျက်ရှိသည့် Coca-Cola, Coca- Cola Zero, Sprite နှင့် Max+ အချိုရည် ပလပ်စတစ်ဘူး၊ ပုလင်း နှင့် သံဗူးများ၏ အဖုံးများတွင် ပုံနှိပ်ထားမည်ဖြစ်ပါသည်။ MPT ၏ 2626 သို့ အခမဲ့ SMS ဖြင့် code နံပါတ်ကို ပေးပို့နိုင်ပြီး ဖုန်းငွေဖြည့် ပေါက်မဲနှင့်တန်ဖိုးကိုသိရှိနိုင်ပါသည်။

၁၅ သန်းထက်မနည်းကျော်သော ကံထူးသူများသည် ၂၀၀၊ ၁၀၀၀၊ ၁၀,၀၀၀ နှင့် ကျပ်၁ဝသိန်း တန်ဖိုးရှိ ဖုန်းငွေဖြည့်ပေးမှုများကို ၎င်းတို့၏ ကုဒ်နံပါတ် ပေးပ့သို ည့် ဖုန်းများထဲသို့ တိုက်ရိုက် ချက်ချင်းရရှိနိုင်မည် ဖြစ်ပါသည်။ ပေါက်မဲ MPT ဖုန်းငွေဖြည့်မှု များဖြင့် MPT ဖုန်းအချင်းချင်းခေါ်ဆိုခြင်း၊ မက်ဆေ့ချ်ပေးပို့ခြင်းနှင့် အင်တာနက် ချိတ်ဆက်မှု တို့အတွက် အသုံးပြုနိုင်ပါသည်။ အဆိုပါ အရောင်းမြှင့်တင်ရေး အစီအစဉ်သည် ဇူလိုင်လ ၂ဝရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။ သို့သော် ပေါက်မဲ ဖုန်းငွေဖြည့်တန်ဖိုးများသည်တစ်နှစ်သက်တမ်အထိရှိပါမည်။ထ့အိုပြင်တန်ဖိုးအမြင့်ဆုံးကျပ် ၁ဝသိန်းရရှိသူ၏ ဖုန်းငွေဖြည့်မှုသည် ၄ နှစသ် က်တမ်းအထိ ခံစားခွင့်ရှိပါသည်။ သို့ဖြစ်ပါ၍ ကံထူးသူများအနေဖြင်် နှစ်နှင့်ချီ၍ ချစ်ခင်သူ မိသားစု၊ သူငယ်ချင်းများနှင့် အခမဲ့ ဆက်သွယ်နိုင်မှာလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှ လူငယ်များ MPT မှတဆင့် ဆက်သွယ်သုံးစွနဲ ုိင်ဖို့ အတွက် Coca-Cola MPT Refresh & Top- Up Promotion ကို Coca-Cola ရဲ့တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန်ဂီတဖျော်ဖြေပွမဲ ျား ပါဝင်သည့် Coca-Cola ပျော်ရွှင်ခြင်းခရီးစဉ်များတွင် ပေါင်းစပ်ပြုလုပ်သွားမှာဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံအနှံ စည်ကားစွာ ကျင်းပလျက်ရှိသည့် ဂီတဖျော်ဖြေပွဲများမှ ထောင်ပေါင်းများစွာသော ပရိသတ်များသည် အားလပ်ချိန်များအတွင်း ၎င်းတ့နို ှစ်သက်သောအနုပညာရှင်များ ဖျော်ဖြေမှုတွေကို Coca- Cola အေးအေးလေး သောက်သုံးခြင်းနှင့်အတူ ပရိတ်သတ်များသည် Coca-Cola MPT Refresh & Top-Up Promotion ကာလအတွင်း ပျော်ရွှင်ခြင်းခရီးစဉ် ကျင်းပရာ နေရာများတွင် MPT ၏ အားဖြည့် ပါဝင်မှုဖြင့် မိတ်ဆွေသူငယ်ချင်း၊ မိသားစုမျာကို အမြဲချိတ်ဆက်ရင်း ပွ၏ဲ ပျော်ရွှင်စရာ အမှတ်တရများကို ချက်ချင်းမျှဝေနိုင်မှာပဲ ဖြစ်ပါသည်။

ပရိသတ်များသည် Refresh & Top-up Promotion မှာ ပါဝင်ခြင်းအားဖြင့်Coca-Cola နှင့် MPT တ့ရို ဲ့ ဖုန်းငွေဖြည့်ဆုမဲများကို ကံထူးနိုင်မည့် အခွင့်အရေးသာမက Coca-Cola ဖြင့် လန်းဆန်းနိုင်မည် ဖြစ်ပါသည်။ ယခု ၂၀၁၅ ခုနှစ်အတွင်း ပျော်ရွှင်ခြင်းခရီးစဉ် ဆက်လက်ကျင်းပသွားမည့် ဇူလိုင်လ ၄ ရက်တွင် တောင်ကြီး၊ ဇူလိုင်လ ၂၅ ရက်တွင် မကွေး၊ သြဂုတ်လ ၁၅ ရက်တွင် ရွှေဘို နှင့် စက်တင်ဘာလ ၁၉ ရက်တွင် မြိတ် တို့တွင် Coca-Cola MPT Refresh & Top-Up Promotion ၏ အားဖြည့်မှု အစီအစဉ်များလည်း ပါဝင်သွားမည် ဖြစ်ပါသည်။

Coca-Cola MPT Refresh & Top-Up Promotion ၏ စိတ်လှုပ်ရှားဖွယ်ရာများကို ပျော်ရွှင်ခြင်းခရီးစဉ်အပါအဝင် ကဏ္ဍအမျိုးမျိုးမှတဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။ လူမှုကွန်ယက်မီဒီယာများမှတဆင့် နိုင်ငံတစ်ဝှမ်းမှ ဆုမဲကံထူးရှင်များကို ၎င်းတို့၏ အပျော်များ မျှဝေနိုင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ပြီး ကံစမ်းမဲ အစီအစဉ်၏ နောက်ဆုံးရ သတင်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Coca-Colaအမှတ်တံဆိပ်သံတမန် ဖြစ်သော ထင်ရှားကျော်ကြားသည့် အနုပညာရှင် မိစန္ဒီကလည်း ပရိသတ်များနှင့် အတူ Coca-Cola MPT Refresh & Top-Up Promotion ၏ ပျော်ရွင်မှုများကို မျှဝေပေးသွားမည်ဖြစ်ပါသည်။

“Coca-Cola MPT Refresh & Top-Up Promotion က နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပရိသတ်တွေအနေနဲ့ သူတို့မိသားစုတွေ သူငယ်ချင်းတွေနဲ့ Coca-Cola အေးအေးလေး သောက်ရင်း ဆက်သွယ်စေနိုင်မှာပါ” ဟု အဆိုတော် မိစန္ဒီ မှပြောပါသည်။ “မိစန္ဒီလည်း ဒီPromotion က စိတ်လှုပ်ရှားမှုတွေကို ပျော်ရွှင်ခြင်းခရီးစဉ် နဲ့ ရေဒီယိုအစီအစဉ်တွေမှတဆင့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့အတူမျှဝေခံစားနိုင်ဖို့ မျှော်လင့်ပါတယ်”

နိုင်ငံတစ်ဝှမ်းမှ သောက်သုံးသူ များ Coca-Cola MPT Refresh & Top-Up Promotion နှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိနိုင်စေရန်အတွက် ကြော်ငြာများဖြင့် ဖိတ်ခေါ်နှိုးဆော်သွားမည်ဖြစ်ပါသည်။ ရုပ်မြင်သံကြားကြော်ငြာတွင်လည်း ၎င်းကံစမ်းမဲ အစီအစဉ် သည် တက်ကြွလန်းဆန်းနေပြီး သူငယ်ချင်းများနဲ့ အမြဲချိတ်ဆက်နေနိုင်ဖို့ သာမက သူငယ်ချင်းအသစ်များ ရရှိဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင်း ဖော်ပြထားပါသည်။ တစ်ချိန်တည်းမှာလည်း ရေဒီယိုကြော်ငြာများမှ Promotion နှင့် Top-Up ဆုမဲများရယူနိုင်ဖို့ အကြောင်း အသေးစိတ် အချက်အလက်များ ကို ထုတ်လွှင့်ပေးမှာဖြစ်ပါသည်။ Coca-Cola ရောင်းချရာ အနယ်နယ်အရပ်ရပ်တွင် ကံစမ်းမဲအစီအစဉ် အတွက် အထူးပြလုပ်ထားသော အမှတ်တံဆိပ် တင်ပြမှုတို့ကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

“Coca-Cola MPT Refresh & Top-Up Promotion” ၏ အသေးစိတ် အစီအစဉ်များနှင့် မြို့အသီးသီးတွင် ကျင်းပပြုလုပ်သွားမည့် ပျော်ရွှင်ခြင်းခရီးစဉ် နှင့်ပါတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက Coca-Cola Myanmar ၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/CocaColaMyanmar နှင့် မြန်မာ့ဆက်သွယ်ရေး MPT ၏ Facebook www.facebook.com/mptofficialpage တို့တငွ ် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတကာသို့ တစ်မိနစ်လျှင် ၂၀၀ ကျပ်ဖြင့် ဖုန်းပိုမိုခေါ်ဆိုနိုင်ပါပြီီ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နိုင်ငံတကာသို့ တိုက်ရိုက်ခေါ်ဆိုမှုများ (IDD) အတွက်
ပိုမိုသက်သာသော နှုန်းထားများဖြင် ့
ဝန်ဆောင်မှုပေးတော့မှာဖြစ်ပါသည်။ နိုင်ငံတကာသို့ တစ်မိနစ်လျှင် ၂၀၀ ကျပ်ဖြင့်
ယခင်ကထက် ဖုန်းပိုမိုခေါ်ဆိုနိုင်ပါပြီီ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သုံးစွဲသူမိဘပြည်သူများအား ပိုမိုကောင်းမွန်ပြီးဈေ းနှုန်းသက်သာသောဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်ရည်ရွယ်လျက် နိုင်ငံတကာသို့တိုက်ရိုက်ဖုန်းခေါ်ဆိုခကို ဈေးလျော့ချလိုက်ပြီဖြစ်ပါသည်။ နိုင်ငံတကာသို့ဖုန်းခေါ်ဆိုခနှုန်းထားအသစ်ကို
နိုင်ငံ၏တည်နေရာဇုံအပေါ်မူတည်၍ ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးနှုန်းသတ်မှတ်မှု အချက် ၅ ချက်ဖြင့်ကောက်ခံသွားမှာဖြစ်ပါသည်။
အထူးသဖြင့် အာဆီယံအသင်းဝင် နိုင်ငံများနှင့် အခြား ၈နိုင်ငံ (ဘင်္ဂလားဒေ့ရှ် ၊ ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ တရုတ် ၊ ဟောင်ကောင် ၊ အိန္ဒိယ ၊
အင်ဒိုနီးရှား ၊ ဂျပန် ၊ လာအို ၊ မကာအို ၊ မလေးရှား ၊ ဖိလစ်ပို်င် ၊ စင်္ကာပူ ၊ တောင်ကိုရီးယား ၊ ထိုင်ဝမ် ၊ ယိုးဒယား နှင့် ဗီယက်နမ်) သို့
တစ်မိနစ်လျှင် ၂၀၀ ကျပ်ဖြင့် အဝေးကွာဆုံးနေရာများရှိ နိုင်ငံများသို့ ယခုကဲ့သို့ ချိုသာသောနှုန်းထားဖြင့် ဝန်ဆောင်မှုပေး
ထားပါသည်

ZONES ASEAN & 8 USA & Canada Other Asia & Oceania Europe Rest of World
Tariff (Ks/min) 200 250 400 600 800
Countries Covered 1. Bangladesh
2. Brunei
3. Cambodia
4. China
5. Hong Kong
6. India
7. Indonesia
8. Japan
9. Laos
10. Macau
11. Malaysia
12. Philippines
13. Singapore
14. South Korea
15. Taiwan
16. Thailand
17. Vietnam
1. USA
2. Canada
1. Afghanistan
2. Australia
3. Bhutan
4. Cook Islands
5. Fiji
6. French Polynesia
7. Guam
8. Kazakhstan
9. Kyrgyzstan
10. Kiribati
11. Maldives
12. MarshallIslands
13. Micronesia
14. Mongolia
15. Nauru
16. Nepal
17. New Caledonia
18. New Zealand
19. Niue
20. Norfolk islands
21. North Korea
22. Pakistan
23. Palau
24. Papua New Guinea
25. Russia
26. Samoa
27. Solomon Islands
28. Sri Lanka
29. Tajikistan
30. Turkmenistan
31. Timor-Leste
32. Tokelau
33. Tonga
34. Tuvalu
35. Uzbekistan
36. Vanuatu
37. Wallis and Futuna
1. Albania
2. Andorra
3. Armenia
4. Austria
5. Azerbaijan
6. Belarus
7. Belgium
8. Bosnia and Herzegovina
9. Bulgaria
10. Croatia
11. Cyprus
12. Czech Republic
13. Denmark
14. Estonia
15. Finland
16. France
17. Georgia
18. Germany
19. Greece
20. Hungary
21. Iceland
22. Ireland
23. Italy
24. Latvia
25. Liechtenstein
26. Lithuania
27. Luxembourg
28. Macedonia
29. Malta
30. Moldova
31. Monaco
32. Montenegro
33. Netherlands
34. Norway
35. Poland
36. Portugal
37. Romania
38. San Marino
39. Serbia
40. Slovakia
41. Slovenia
42. Spain
43. Sweden
44. Switzerland
45. Turkey
46. Ukraine
47. UK
48. Vatican City
Other countries not specified

သတ်မှတ်ထားသောစည်းကမ်းချက်များ

  • ဝန်ဆောင်မှုအကြောင်း
    • မြန်မာနိုင်ငံတွင်းမှ နိုင်ငံခြားလိုင်းဖုန်းနှင့်မိုဘိုင်းဖုန်းများသို့ခေါ်ဆိုသည့် နိုင်ငံရပ်ခြားဖုန်းခေါ်ဆိုမှုဟု သတ်မှတ်သည်။
    • အော်ပရေတာပေါ်မမူတည်ဘဲ နိုင်ငံအလိုက်သာ ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
    • IDD ဆိုသည်မှာ မြန်မာနိုင်ငံမှ အခြားနိုင်ငံရှိ လိုင်းဖုန်းနှင့် မိုဘိုင်းဖုန်းများသို့ Voice Call ခေါ်ဆိုုခြင်းကို ဆိုလိုပါသည်။ အခြားနိုင်ငံသို့ ခေါ်ဆိုမှုများ အတွက် ခေါ်ဆိုသည့်နိုင်ငံပေါ်မူတည်၍ သက်ဆိုင်ရာ အော်ပရေတာမှ တူညီသော နှုန်းထားများဖြင့် ကောက်ခံသွားမှာဖြစ်ပါသည်။
  • ဝန်ဆောင်မှုအသုံးပြုနိုင်သည့် ဖုန်းအမျိုးအစား
    • MPT GSM/WCDMA နှင့် CDMA အသုံးပြုသူများအားလုံးအကျုံးဝင်သည်။
  • ဝန်ဆောင်မှုရယူခြင်း
    • MPT SIM ကတ်များအားလုံးတွင် နိုင်ငံတကာဖုန်းခေါ်ဆိုမှုပြုလုပ်ရန်အတွက် မည်သည့် လေ ျှာက်ထားခြင်းမှ ပြုလုပ်ရန် မလိုအပ်ဘဲ အလိုအလေ ျှာက် ခေါ်ဆိုနိုင်မည်။
  • ဝန်ဆောင်မှုအားပြောင်းလဲပြင်ဆင်ခြင်း
    • အထက်တွင်ဖော်ပြထားသော စည်းကမ်း၊ အသေးစိတ်အချက်အလက်များနှင့်စျေးနှုန်းတို့ကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ MPT သည် မည်သည့် အချိန်တွင်မဆို ဝန်ဆောင်မှုအတွက် အထက်ပါ စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲခွင့်ရှိသည်။ အသစ်ပြုပြင်ထားသော စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းများ (Website ၊ စျေးဆိုင်များ၊ စသည်) တို့မှတဆင့် ဆက်သွယ်ဖော်ပြမည် ဖြစ်သည်

အမေများနေ့တွင် မိခင်များနှင့် ဖုန်းပိုပြောကြပါစို့

၂၀၁၅ခုနှစ်၊ မေလ ၁၀ ရက်မှ ၁၆ရက်အတွင်း ဖုန်းငွေဖြည့်လျှင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၃ဝရာခိုင်နှုန်း အပိုထပ်ဆောင်းငွေ ဖြည့်တင်း
ပေးမည် ဖြစ်ပါ သည်။

အမေများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် သုံးစွဲသူများအား မိမိချစ်ခင်မြတ်နိုးသောမိဘများထံသို့ ဖုန်းပိုမိုခေါ်ဆိုနိုင်ရန်အတွက် ဖုန်းငွေဖြည့်လျှင် ၃ဝရာခိုင်နှုန်း ထပ်မံအပိုဆောင်းပေးခြင်းဖြင့် အထူးအရောင်းမြှင့်တင်ခြင်း ပြုလုပ်မည် ဖြစ်ပါသည်။ အပိုထပ်ဆောင်းငွေကို ရရှိခံစားနိုင်ရန် အတွက် ၂၀၁၅ခုနှစ်၊ မေလ ၁ဝရက်နေ့မှ ၁၆ရက်နေ့အတွင်း၊ သုံးစွဲသူများသည် မည်သည့်အချိန်တွင်မဆို ဖုန်းငွေဖြည့်နိုင််ပြီး၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မည်သည့့့်မိုဘိုင်းဖုန်းနံပါတ်ကိုမဆို ၂၀၁၅ ခုနှစ် ၊မေလ ၁၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။ GSM,WCDMA နှင့် CDMA သုံးစွဲသူ များ အားလုံး သည် ဤအရောင်းမြှင့်တင်ရေး အစီအစဉ် အတွက် အကြုံးဝင်ပါသည်။ ငွေဖြည့်လိုက်သည်နှင့်
သုံးစွဲသူ၏ဖုန်းသို့ အပိုထပ်ဆောင်းငွေကို အလိုအလျောက် ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ငွေဖြည့်သည့်ပမာဏ အပိုထပ်ဆောင်းပေးငွေ
၁၀၀၀ ကျပ်  ၃၀၀ ကျပ်
၃၀၀၀ ကျပ်  ၉၀၀ ကျပ်
၅၀၀၀ ကျပ်  ၁၅၀၀ ကျပ်
၁၀၀၀၀ ကျပ် ၃၀၀၀ ကျပ်
၂၀၀၀၀ ကျပ် ၆၀၀၀ ကျပ်
၃၀၀၀၀ ကျပ် ၉၀၀၀ ကျပ်

Notes:

  1. မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖုန်းနံပါတ်များသို့ ဖုန်းခေါ်ဆိုခြင်းအတွက်သာ အပိုထပ်ဆောင်းငွေကို အသုံးပြုနိုင်ပါသည်။
  2. အပိုထပ်ဆောင်းငွေရရှိရန် ငွေဖြည့်နိုင်သည့်နည်းလမ်းများမှာ – (ခဲခြစ်ကဒ်၊, အီလက်ထရောနစ် ငွေဖြည့်ကဒ်၊ ဘဏ် မှတဆင့်ငွေဖြည့်ခြင်းနှင့် Myanmar Mobile Money မှငွေဖြည့်ခြင်း တို့ဖြစ်ပါသည်။)(CDMA သုံးစွဲသူများသည် Myanmar Mobile Money မှငွေဖြည့်၍မရနိုင်ပါ)

 

ဤအရောင်းမြှင့်တင်ရေးအစီအစဉ်မှတဆင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နို်င်ငံတစ်ဝန်းလုံးရှိသုံးစွဲသူများ သည် အပိုထပ်ဆောင်းငွေကို သုံးစွဲခွင့်ရရှိကြသဖြင့် ချစ်ခင်မြတ်နိုးရသော မိဘများနှင့် ပိုမို ခိုင်မြဲသော ဆက်သွယ်မှုများ ရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။

အသေးစိတ်သိရှိလိုပါက  www.facebook.com/mptofficialpage သို့ဝင်ရောက် ကြည့်ရှုခြင်း
(သို့မဟုတ်)ဖုန်းနံပါတ် ၁၀၆ (၂၄နာရီ အခမဲ့ဖုန်းဖြေကြားခြင်းဌာန) သို့ခေါ်ဆိုခြင်းဖြင့် စုံစမ်းနိုင်ပါသည်။,

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် သဘာဝ တရားရိပ်သာသို့ လှုဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

ဧပြီလ (၄) ရက်၊ စနေနေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် သဘာဝတရား ရိပ်သာသို့သွားရောက်၍ လှုဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရန်ကုန် မန္တလေး၊ နေပြည်တော်နှင့်် စစ်ကိုင်းမြို့တို့ရှိ နေရာ (၈) ခုသို့လှုူဒါန်းမည်ဖြစ်ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဘိုးဘွားရိပ်သာ (၄) ခု၊ မိဘမဲ့ကလေးကျောင်း (၂) ကျောင်းနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ လှုဒါန်းမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါသည်။

ထိုလှုဒါန်းမှုများ အား (၁၃၇၇)ခု မြန်မာနှစ်သစ်ကူးသင်္ကြန် ကာလ အထိမ်းအမှတ်ဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း အထူးသဖြင့် ထောက်ပ့ံလှူဒါန်းရန် လိုအပ်သောနေရာများသို့ လှူဒါန်းခြင်းဖြစ်ပါသည်။ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ဆိုသည်မှာ ပျော်ပွဲရွှင်ပွဲကျင်းပရန် သာမဟုတ်ပဲ ကုသိုလ်ကောင်းမှုများလည်း ပြုလုပ်ရမည့် အချိန်လည််းဖြစ်တယ်။ အထူးသဖြင့် လိုအပ်နေသောသူတွေကို ကူညီတာ အကောင်းဆုံးပါပဲ။ အသက်အရွယ် ကြီးသူတွေကိုလည်း ရိုသေလေးစားမှုပြုရမည့် အချိန်လည်း ဖြစ်ပါတယ်လို့ မြန်မာ့ဆက်သွယ်ရေးနှင့် ဂျပန် KDDI Sumitomo ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စီးပွားရေးဌာနဒုတိယ အရာရှိချုပ် ဦးစောထူူူးသာ မှ ပြောကြားခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သဘာဝတရားရိပ်သာ အားလှူဒါန်းရန် ရွေးချယ်ခဲ့့ခြင်းမှာ အကူအညီလိုအပ်နေသူများနှင့် သက်ကြီးရွယ်အိုများအား အထောက်အပံ့များ ပေးလိုသောကြောင့်ဖြစ်ပါသည်။ သဘာဝတရားရိပ်သာသည်သန်လျင်မြို့နယ်၌တည်ရှိပြီး ထိုရိပ်သာတွင် သက်ကြီးရွယ်အို စုစုပေါင်း ၅၀၀ ကျော် အပါအဝင်သို့ တရားထိုင်ရန် နှင့် စိ်တ်ငြိမ်းချမ်းမှု ရှာဖွေရန် ခိုလှုံလာသော ယောဂီများ၊ ခိုကိုးရာမဲ့များ၊ ဂီလာနလူနာများ စုစုပါင်း ၂၀၀၀ ကျော် ကို စောင့်ရှောက်ထားသော နေရာဖြစ်ပါသည်။ သဘာဝ တရားရိပ်သာအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လှုဒါန်းငွေများအား ၎င်းတို့၏ အထူးကြပ်မတ်ကုသဆောင်အသစ် (ICU) ၌ ကုတင် ၈ လုံးဆန့် ခန်းမ ၂ ခုဆောက်လုပ်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အလွန်အသုံးဝင်သော ခန်းမ ၂ ခန်းဆောက်လုပ်ခွင့်ပေးသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြီးကျယ်မွန်မြတ်လှသော အလှုအတန်းအတွက် ဆရာတော်တို့အနေနှင့် အလွန်ဝမ်းမြောက်မိပါကြောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တမသာရ မှ မိန့်ကြားတော်မူခဲ့ပါသည်။ နောင်တွင် MPT အထူးကြပ်မတ်ကုသဆောင်ဌာန (MPT ICU) ဟုခေါ်တွင်မည့် အဆောက်အဦးသစ်ကြီးတွင် အထူးနာမကျန်းဖြစ်နေသူများ အဆင်ပြေပြေ နေထိုင်နိုင်တော့မည် ဖြစ်ပါသည်။ ကြည့်ရှုစောင့်ရှောက်သူများမှလည်း သက်ကြီးရွယ်အိုများကို ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်တော့မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှုကောင်းစွာ ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်ပြည်သူ့့ဆေးရုံကြီးသို့ လှူဒါန်းခြင်းဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမို လိုအပ်လာသည်နှင့် အမျှ လူနာများအား ကုသရန်အထောက်အကူ ပစ္စည်းများ ပို၍လိုအပ်လာပါသည်။ မြန်မာနိုင်ငံ၌ အကြီးဆုံး ဆေးရုံကြီးဖြစ်သော ကုတင် ၁၅၀၀ ဆံ့ ရန်ကုန်ဆေးရုံကြီးအနေနှင့် ရရှိသော အလှူငွေများဖြင့် အရေးပေါ်ကုသဆောင်အတွက်လိုအပ်သော လူနာတင်လှည်းများကိုဝယ်ယူသွားမည်ဖြစ်ပါသည်။

“ရှေ့သို့လှမ်းချီ မြန်မာပြည်“ ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်တိုးတက်ဖွံဖြိုးရေး အတွက် ကူညီလုပ်ဆောင်သွားမည်ဟူသော ရည်ရွယ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခု မြန်မာ့နှစ်သစ်ကူးသင်္ကြန် လှူဒါန်းမှုသည် ရေရှည်ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ထပ် အစီအစဉ်သစ် များကိုလည်း မကြာမီ ကြေငြာသွားမည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများ အားလုံး ကျန်းမာပျော်ရွှင်ပြီးစိတ်ချမ်းသာ၍ လိုအင်ဆန္ဒပြည့်ဝကြစေရန်ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း၊ မြန်မာနိုင်ငံတော်ကြီးကို နှစ်သစ်ကူးမှာ ပျော်ရွှင်စွာဖြင့် အတူတကွ ရှေ့သို့လှမ်းချီကြမည်ဟု ဆန္ဒ့ပြုပါကြောင်း MPT/KSGM ပူးပေါင်းဆောင်ရွက်ရေးအဖွဲ ့၊ စီးပွား​ရေးဌာန အမှု​ဆောင်​ အရာရှိချုပ် Mr Kawaseမှ သဘာဝတရားရိပ်သာသို့လှုူဒါန်းပွဲ အပြီးတွင် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်လိုင်းများ မန္တလေးနှင့်ပုဂံ၌ ယခင်ကထက် ပိုမိုမြန်ဆန်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ DC – HSPA + ကွန်ရက်ကို ရန်ကုန်နှင့် တချို့ဒေသများတွင် ပထမဦးဆုံးတပ်ဆင်ပြီးနောက် ယခုသီတင်းပတ်တွင် မန္တလေးနှင့်ပုဂံ၌လည်း ထပ်မံ တပ်ဆင် ပြီးစီးပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဆွေသဟာသုံးစွဲသူများအနေဖြင့် ယခင်ကထက် ပိုမိုသာလွန်သော အင်တာနက်မြန်နှုန်း၏ ထူးခြားမှုများကို ခံစားနိုင်ကြပြီ ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်များကို DC – HSPA + အဆင့်သို့ ရောက်ရှိအောင် အဆင့်မြှင့်တင်ဆောင်ရွက်နေခဲ့ရာ ယခုကဲ့သို့ ကွန်ရက် အဆင့့်မြှင့်တင်မှုသည် မြန်မာနိုင်ငံသားတိုင်းအား အမြန်ဆုံးသော အင်တာနက်မြန်နှုန်း ပေးနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖောက်သည်အသစ်များသည် ယခုနည်းပညာအသစ်ကို အသုံးပြုခြင်းဖြင့် ယခင်ကထက် ပိုမိုကျယ်ပြန့်သော အင်တာနက် ဝန်ဆောင်မှု မျိုးစုံအား ပို၍ မြန်ဆန်သော အင်တာနက်နှုန်းဖြင့် ပိုမို ယုံကြည်စိတ်ချစွာ သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိမိ၏ ဆက်သွယ်ရေးကွန်ရက်အား ပို၍ မြန်ဆန်စေသော နည်းပညာများဖြင့် ဆက်လက်အဆင်မြှင့် နေမည်ဖြစ်ပြီး သုံးစွဲသူများအတွက်လည်း ပိုမိုတိုးတက် ကောင်းမွန်သော အတွေ့အကြုံများ ရရှိစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေမည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း၌ အကြီးမား အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေးကွန်ရက်ကို လွှမ်းခြုံပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသားတို့၏ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း (၂) ခုမှာ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ ဖြစ်ပါသည်။ ထိုအဖွဲ့အစည်း(၂)ခု၏ အကူအညီကို ရယူကာ သုံးစွဲသူများအတွက် အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ရေးနှင့် အရည်အသွေးရှိသော အကောင်းဆုံးဝန်ဆောင်မှုတို့ ပေးနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိမိ၏ ဆက်သွယ်ရေးကွန်ရက်ကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နေပါသည်။
၂၀၁၅ ခုနှစ် နှစ်လယ်ခန့်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်အားလုံးသည် ရာနှုန်းပြည့် 3G အဖြစ်သို့ ရောက်ရှိကာ သုံးစွဲသူအားလုံးအနေဖြင့် ယခင်ကထက် ပိုမိုကောင်းမွန် မြန်ဆန်သည့် အင်တာနက်ကို သုံးစွဲခွင့် ရကြမည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် အကုန်တွင် မြန်မာတစ်နိုင်လုံး၏ ၇၀% ရှိသော နယ်မြေ ဧရိယာကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်ဖြင့် လွှမ်းခြုံနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ကျန်ဒေသများသို့လည်း မကြာမီကာလအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေး ကွန်ရက်ဖြင့် လွှမ်းခြုံသွားမည် ဖြစ်ပါသည်။ ဤကဲ့သို့ နယ်မြေ ဧရိယာအများအပြားကို မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်က ကျယ်ပြန့်စွာ လွှမ်းခြုံနိုင်ခြင်းကြောင့် မြန်မာနိုင်ငံသားအားလုံးသည် လက်လှမ်းမီမည့် သင့်တင့်လျောက်ပတ်သော စျေးနှုန်းဖြင့် အရည်အသွေးရှိသော မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ရရှိ သုံးစွဲ ခံစားနိုင်ကြမည် ဖြစ်ပါသည်။