×

LTE+ ကွန်ရက်နှင့်ချိတ်ဆက်ပြီး MPT၏ 1GB ဒေတာလက်ဆောင် အခမဲ့ရယူနိုင်

07 Jul 2017

(ရန်ကုန်၊ ဇူလိုင် ရ ရက်၊ ၂၀၁၇) – MPT သုံးစွဲသူများအနေဖြင့် ဇူလိုင်လ (၈) ရက်မှစတင်၍ MPT LTE+ ကွန််ရက်နှင့် ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုလိုက်ရုံဖြင့် ဒေတာလက်ဆောင် 1GB အလိုအလျောက် ရရှိမည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

MPT သုံးစွဲသူများအနေဖြင့် LTE+ ကွန်ရက်ကို ၎င်းတို့၏မိုဘိုင်းလ်ဖုန်းများတွင် ချိတ်ဆက်မိသည်နှင့် 1GB ဒေတာလက်ဆောင် ကို ချက်ချင်းရရှိမည်ဖြစ်ပါသည်။ (ယခင် ဇွန်လ (၆) ရက်မှ (၁၉) ရက်အတွင်း 1GB ဒေတာလက်ဆောင်ရရှိထားသူများသည် ယခုအကြိမ်တွင် ဒေတာလက်ဆောင် ထပ်မံရရှိနိုင်မည်မဟုတ်ပါ။)

သုံးစွဲသူများသည် LTE+ ကွန်ရက်ကို ချိတ်ဆက်လိုက်သည်နှင့် တစ်ပြိုင််နက် ဒေတာလက်ဆောင် ရရှိကြောင်း ၎င်းတို့၏မိုဘိုင်းလ်ဖုန်းများထံသို့ မက်ဆေ့ချ် တစ်စောင်အလိုအလျောက် ရောက်ရှိ လာမည်ဖြစ်ကာ အထက်ပါ 1GB ဒေတာလက်ဆောင်ကို  စတင်သည့် ရရှိသည့်နေ့မှ တစ်ပတ် (၇ ရက်) အတွင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ယခု ပရိုမိုးရှင်းအစီအစဉ်မှာ နောက်ထပ် ထပ်မံ၍ ကြေညာချက် မထုတ်မီအချိန်အထိ အကျုံးဝင်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့အနေနဲ့ LTE+ ကွန်ရက်ကို မြို့ကြီး (၁၆) မြို့မှာ အသုံးပြုနိုင်အောင် ချဲ့ထွင်ခဲ့ပြီး ထပ်မံပြီးတော့လည်း ကွန်ရက်ချဲ့ထွင်မှုတွေကို တစ်နိုင်ငံလုံးမှာဖြန့်ကျက်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ သုံးစွဲသူတွေအတွက် LTE+ ကို စတင်အသုံးပြုတဲ့ အထိမ်းအမှတ်အဖြစ် ကွန်ရက်ကို ချိတ်ဆက်လိုက်တာနဲ့ 1GB ဒေတာလက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။ LTE+ ကွန်ရက်ဟာ အရှိန်အဟုန်နဲ့ ကြီးမားကျယ်ပြန့်လာတာနဲ့အတူ အခုပေးအပ်လိုက်တဲ့ ဒေတာ လက်ဆောင် အစီအစဉ်ကို ကျွန်တော်တို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေ ကျေနပ်နှစ်သက် လိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက 1.8GHz လှိုင်းနှုန်းစဉ်အသုံးပြုခွင့်ကို ကြေညာပြီး နောက်တွင် MPT သည် LTE+ ကွန်ရက်ကို ယခုနှစ် မေလ ၃၀ ရက်တွင် တရားဝင် ဖြန့်ကြက်ခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိတွင် MPT ၏ LTE+ ကွန်ရက်ဝန်ဆောင်မှုကို မကြာသေးမီက တိုင်းဒေသကြီး (၁၀) ခုရှိ မြို့ (၁၆) မြို့နယ်တို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာ ပေးခဲ့ပါသည်။  မကြာမီအချိန်အတွင်းတွင်လည်း နိုင်ငံတစ်ဝှမ်းရှိ အခြားသော နေရာများတွင်ပါ LTE+ ကွန်ရက်ကို ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကာ သုံးစွဲသူများအနေဖြင့် ကွန်ရက်ကို ပထမဆုံးအချိန် စတင်ချိတ်ဆက် အသုံးပြုသည်နှင့် 1GB ဒေတာလက်ဆောင် အသုံးပြုနိုင်မည့်  အခွင့်အရေး ကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

မှတ်ချက် :
• 1 GB ဒေတာလက်ဆောင်သည် MPT ရှယ်ပြောနှင့် ဆွေသဟာ အစီအစဉ်များကို ရယူထားသူများ အားလုံး အကျံုးဝင်မည်ဖြစ်ပါသည်။
• သုံးစွဲသူများသည် ဒေတာလက်ဆောင်ကို အခမဲ့ရယူနိုင်ရန်အတွက် မိမိဖုန်းတွင် လက်ကျန်ငွေ ရှိနေရန် လိုအပ်ပါသည်။