×

LTE+

၁။ LTE ဆိုတာဘာပါလဲ။

LTE+ ဆိုသည်မှာ 3G ထက်၁၀ဆအထိ ပိုမိုမြန်ဆန်တဲ့ အင်တာနက် အမြန်နှုန်းကိုပေး စွမ်းနိုင်သော မိုဘိုင်းဖုန်းဆက်သွယ်မှု နည်းပညာအသစ်ဖြစ််ပါတယ်။ LTE+ ဖြင့် လက်ကိုင်ဖုန်းနှင့်အခြားသော မိုဘိုင်းစက်ပစ္စည်း များပေါ်မှာ အင်တာနက်အသုံးပြုသည့်အခါ ယခင်ထက်ပိုမိုမြန်ဆန်သော အမြန်နှုန်းကို ခံစားနိုင်မှာဖြစ်ပါသည်။

၃။ LTE+ ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် ငွေအပို ပေးဆောင်စရာလိုပါသလား။

LTE+ ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် ငွေအပိုပေးဆောင်ရန်မလိုအပ်ပါ။ သုံးစွဲသူများအနေဖြင့် ယခုအသုံးပြုနေသော2G/3G နှုန်းထားအတိုင်း ပိုမိုမြန်ဆန်သော LTE+ ကွန်ရက်ကိုအသုံးပြုနိုင် မှာဖြစ်ပါသည်။ ဈေးနှုန်းအတူတူ ဒေတာပမာဏအတူတူဖြင့် လက်ရှိ MPT ၏ data packages များကို ဝယ်ယူပြီး မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို အသုံးပြုနိုင်မှာဖြစ်ပါသည်။

၅။ မိမိနေထိုင်သောမြို့နယ်တွင် LTE+ ဘယ်တော့အသုံးပြု၍ရနိုင်ပါမလဲ။ ၎င်းနှင့် ပါတ်သတ်သည့် MPT ၏ အနာဂတ်အစီအစဉ်များကိုလည်းပြောပြပေးပါ။

ရန်ကုန်၊မန္တလေး၊နေပြည်တော်ရှိ မြို့နယ်များနှင့် စစ်ကိုင်းတိုင်းတွင် မုံရွာ၊ ရွှေဘို၊ ဧရာဝတီတိုင်းတွင် ချောင်းသာ၊ ဟင်္သာတ၊ ငွေဆောင်၊ ပုသိမ်။ တနင်္သာရီတိုင်းတွင် မြိတ်၊ ထားဝယ်၊ ပဲခူးတိုင်းတွင်ပဲခူး၊ တောင်ငူ၊ ပြည်၊ ဖြူး၊ ရခိုင်ပြည်တွင် စစ်တွေ၊ ရှမ်းပြည်တွင် ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ တောင်ကြီး၊ မူဆယ်၊ ကချင်ပြည်တွင် ဖားကန့်၊မြစ်ကြီးနား၊ ကယားပြည်တွင် လွိုင်ကော်၊ ကရင်ပြည်တွင် ဘားအံ၊ မြဝတီ၊ မကွေးတိုင်းတွင် မကွေး၊ မွန်ပြည်တွင် မော်လမြိုင် နှင့် ချင်းပြည်တွင် ဟားခါးမြို့တို့တွင် MPT ၏ LTE+ ကိုအသုံးပြုနိုင်နေပါပြီ။

၂၀၁၈ အတွင်း ထပ်မံတိုးချဲ့သွားမည့် မြို့နယ်များကို လည်း ဆက်လက်ကြေငြာပေးသွားမှာဖြစ်ပါသည်။

၇။ LTE+ ကိုဘယ်လိုအသုံးပြုရပါမလဲ။

1. LTE+ အသုံးပြုရန် ရှယ်ပြော (သို့မဟုတ်) ဆွေသဟာအစီအစဉ်ကိုရယူထားဖို့ လိုအပ်ပါသည်။
2. သင်၏ လက်ကိုင်ဖုန်းမှာ LTE(4G) အသုံးပြု၍ရသည့်ဖုန်းဖြစ်ရန်လိုအပ်ပြီး လှိုင်းနှုန်းစဉ် ၁၈၀၀ MHz အသုံးပြု၍ ရသော ဖုန်းဖြစ်ရပါမည်။
3. သင်၏ SIM card သည်လည်း USIM ဖြစ်ရန်လိုပါသည်။ သင်၏ SIM card USIM ဖြစ်မဖြစ်ကိုသိရှိရန် *106*5# သို့ဖုန်းခေါ်ဆိုပြီးစစ်ဆေးကြည့်ပါ။

၉။ USIM ဆိုသည်မှာဘာပါလဲ။ ရိုးရိုး SIM card နှင့် USIM card ဘာကွာခြားပါသလဲ။

USIM ဖြင့် ပိုမိုမြန်ဆန်သော LTE+(4G) အင်တာနက်ကွန်ရက်ကို အသုံးပြုနိုင်သည့်အပြင် ပုံမှန် 2G နှင့် 3G ကွန်ရက်များကိုလည်း အသုံးပြုနိုင်ပါသည်။ SIM card အဟောင်းတွေဖြစ်သည့် ရိုးရိုး SIM တွေကတော့2G နှင့် 3G ပဲ အသုံးပြု၍ ရနိုင်ပါမည်။

၁၁။ USIM လဲလှယ်ရန် ငွေပေးသွင်းရန်လိုအပ်ပါသလား။

မလိုအပ်ပါ။ USIM ကိုငွေပေးရန်မလိုအပ်ဘဲ MPT branded ဆိုင်များတွင် အခမဲ့လဲလှယ်ရယူနိုင်ပါပြီ။

၁၃။ MPT ၏ဆိုင်များတွင် မိမိ၏ SIM အား USIM ဖြင့်သွားရောက်လဲလှယ်ရန် SMS ရရှိပါသည်။ မိမိအတွက် ဘယ်လိုအကျိုးကျေးဇူးများရှိမှာပါလဲ။

သင့်၏ handset သည် LTE(4G) အသုံးပြု၍ရပါက သင်၏ SIM အား USIM ဖြင့်သွားရောက်လဲ လှယ်ခြင်းဖြင့် MPT ၏ LTE+ ကွန်ရက်ကို အသုံးပြုနိုင်မှာဖြစ်ပါသည်။ ရှယ်ပြောနှင့် ဆွေသဟာ အစီအစဉ်ကိုယူထားဖို့လဲလိုအပ်ပါသည်။ USIM မရှိလျှင်တော့ မြန်နှုန်းမြင့်သော LTE+ ကွန်ရက်အား အသုံးပြုနိုင်မည်မဟုတ်ပါ။

၁၅။ ငွေဖြည့်ကဒ်ပေါ်တွင် “GSM/WCDMA” အသုံးပြုသူများအတွက်ဟုပါရှိပါသည်။ LTE(4G) လက် ကိုင်ဖုန်းများအတွက်အသုံးပြု၍ ရနိုင်ပါသလား။

ငွေဖြည့်ကဒ်များအား LTE(4G) လက်ကိုင်ဖုန်းများအတွက််လည်းအသုံးပြု၍ ရပါသည်။

၁၇။ ယခုသုံးနေသည့် လက်ကိုင်ဖုန်းက LTE(4G) သုံးလို့မရပါဘူး။ အဲဒီအတွက် MPT တွင် LTE(4G) ဟန်းဆက်များ ဝယ်ယူရရှိနိုင်ပါသလား။

MPT ၏ပထမဦးဆုံး 4G(LTE) handset အဖြစ် M50A ကို ချိုသာသောဈေးနှုန်း 89,000 Ks ဖြင့်ရောင်းချပေးနေပါပြီ။ handset ၏ အသေးစိတ်အချက် အလက်များကို ဤနေရာ တွင်ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။ (http://mpt.com.mm/en/m50a-4g-5-quad-core-sim/)

၂။ MPT ၏ LTE+ ကဘာတွေအားသာချက်ရှိပါသလဲ။

LTE+ က လက်ရှိ 3G ထက် အလွန်မြန်ဆန်သည့်အတွက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းမှတဆင့် ဝက်ဘ်ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှုသည့်အခါ၊ video ဖုန်းခေါ်ဆိုသည့်အခါ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗွီ၊ video နှင့် youtube များကြည့်သည့်အခါ၊ အွန်လိုင်းဂိမ်းအကြီး စားများဆော့ကစားသည့်အခါ၊ နှင့် အခြားအခြားသော အွန်လိုင်းမှ ဝန်ဆောင်မှုတွေရ ယူတဲ့အခါမှာ အထစ်အငေါ့မရှိ၊ အပြတ်အတောက်မရှိ ချောမွေ့သောအွန်လိုင်းအတွေ့အကြုံကိုခံစားနိုင်ပါလိမ့်မည်။

၄။ LTE+ ကိုမည်သည့် နေရာများတွင် အသုံးပြုနိုင်ပါသလဲ။

၂၀၁၇ ခုနှစ်အတွင်း LTE+ ကွန်ရက်တိုးချဲ့ဖြန့်ကျက်မှုဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် LTE+ ကိုချိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ မြို့ကြီး (၃၂)မြို့၊ မြို့နယ်ပေါင်း (၈၂)မြို့နယ်တွင် LTE+ ဝန်ဆောင်မှုကိုတိုးချဲ့ပေးထားပါတယ်။

၆။ LTE+(4G) ကိုဖွင့်ထားပြီး LTE+ အသုံးပြု၍မရသော နေရာများသို့သွားလျှင် ဒေတာအသုံးပြုရန်အတွက် 3G ပြန်ဖွင့်ရန်လိုပါသလား။

မလိုအပ်ပါ။ LTE+ network coverage မရှိသော နေရာများသို့ရောက်လျှင် အလိုအ လျောက် 3G Network သို့ချိတ်ဆက်ပေးမှာဖြစ်ပါသည်။ LTE+ သုံးနိုင်သော နေရာများသို့ ပြန်ရောက်လျှင် အလိုအလျာက် LTE+ အသုံးပြုနိုင်မှာဖြစ်ပါသည်။

၈။ base-tariff အသုံးပြုသူများ LTE+ ဝန်ဆောင်မှု အသုံးပြုနိုင်ပါသလား။

Base-tariff အသုံးပြုသူများသည် LTE+ ဝန်ဆောင်မှုကို အသုံးပြု၍ မရပါ။ base-tariff ၏ ဒေတာအား 256kbps (4ks/min) 128kbps (2ks/min) ဟု အမြန်နှုန်းအား ကန့်သတ် သတ်မှတ်ထားသည်ဖြစ်၍ LTE+ ဝန်ဆောင်မှုအားအသုံးပြု၍မရနိုင်ပါ။ MPT ၏ မြန်နှုန်းမြင့် LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် ရှယ်ပြော (dial*234*3#) သို့ ဆွေသဟာ (dial *234*2#) အစီအစဉ်ကိုရယူရမှာဖြစ်ပါသည်။

၁၀။ ယခုအသုံးပြုနေသော SIM က USIM ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ။

*106*5# သို့ လွယ်ကူစွာ ဖုန်းခေါ်ဆိုပြီး သင့် SIM card USIM ဟုတ်မဟုတ်သိနိုင်ပါပြီ။ အကယ်၍ မဟုတ်ခဲ့လျှင် နီးစပ်ရာ MPT branded ဆိုင်များသို့သွား၍ USIM ဖြင့်အခမဲ့လဲလှယ်နိုင်ပြီး သင်၏နံပါတ်လည်းပြောင်းလဲမည်မဟုတ်ပါ။ ဆိုင်နေရာများကို ဤလင့်တွင်ကြည့်ရှုနိုင်ပါသည်။ (http://bit.ly/2juQZ3O).

၁၂။ USIM ဖြင့် 3G အသုံးပြုနိုင်ပါသလား။ LTE+ ကို အသုံးပြုပြီး 3G အားပြန်လည်အသုံးပြု နိုင်ပါသလား။

LTE+ ကို အသုံးပြုပြီး 3G အားပြန်လည်အသုံးပြု နိုင်ပါသည်။သင်၏ဖုန်းဟန်းဆက် setting မှတဆင့် 3G (သို့) 4G အား ရွေးချယ်အသုံးပြုနိုင်ပါသည်။

၁၄။ USIM ဖြင့် roaming သုံးလို့ရနိုင်ပါသလား။

သုံးစွဲသူအနေဖြင့် USIM သို့ပြောင်းပြီးလျှင်လည်း ယခင်ကဲ့သို့ပင် roaming အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၁၆။ မိမိ၏ ဟန်းဆက်သည် LTE+ အသုံးပြု၍ရ မရ ဘယ်လိုသိနိုင်မလဲ။

settings သို့သွားပြီး Cellular Data Options သို့မဟုတ် Mobile network ၏အောက် တွင် 4G/LTE ဟုပါရှိပါက LTE(4G) အသုံးပြု၍ရသော ဟန်းဆက်ဖြစ်ပါသည်။

၁၈။ LTE+ အားမိမိဟန်းဆက်တွင် ဘယ်လိုဖွင့်ပြီးသုံးရပါမလဲ။

[For iPhone:]
Settings သို့သွားပါ။ cellular ကိုရွေးပါ။ ပြီးလျှင် cellular data options သို့သွား၍ “voice & data” ကိုရွေးပြီး LTE (4G), 3G, 2G ကိုရွေးချယ်နိုင်ပါသည်။

[For Samsung:]
Settings သို့သွားပါ။ mobile network ကိုရွေးပါ။ ပြီးလျှင် network mode သို့သွား၍ LTE/3G/2G ကိုရွေးချယ်နိုင်ပါသည်။

[For Huawei: ]
Settings သို့သွားပါ။ ပြီးလျှင် more သို့သွားပါ။ ထိုနေရာတွင် 4G ကိုရွေးချယ်နိုင်မည်ဖြစ်ပါ သည်။

[For Vivo: ]
Settings သို့သွားပါ။ Mobile Network ကိုရွေးပါ။ ပြီးလျှင် Network mode သို့သွား၍ 4G/3G/2G ကိုရွေးချယ်နိုင်ပါမည်။