×

Lucky Bonus

၁။ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ပရိုမိုးရှင်းအစီအစဉ်ဆိုတာ ဘာပါလဲ။

– ဖုန်းငွေဖြည့်ပြီး ငွေဖြည့်လက်ဆောင်တွေ ကံစမ်းရယူနိုင်ပါပြီ။
– MPT သုံးစွဲသူများသည် *700#ကို ရိုက်နှိပ်ခေါ်ဆိုခြင်း (သို့) 700 သို့ lucky ဟု SMS ပေးပို့ခြင်း တို့အနက် ကြိုက်နှစ်သက်ရာနည်းကိုသုံးပြီး သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus အစီအစဉ်တွင်ပါဝင်ရမည်ဖြစ်သည်။
– အစီအစဉ်တွင်ပါဝင်ထားသူများသည် အနည်းဆုံး ၁၀၀၀ကျပ်နှင့်မှစပြီး E top-up(သို့) ခဲခြစ်ကတ်ကိုသုံးပြီး MPT4Uမှတစ်ဆင့်ဖုန်းငွေဖြည့်တိုင်း ၁၅၀% အထိ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus များရရှိနိုင်ပါမည်။
– ငွေဖြည့်လက်ဆောင်သည် random ပေးခြင်းဖြစ်ပါသည်။

၂။ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ကို ဘယ်သူတွေရရှိနိုင်မှာပါလဲ။

MPT GSM/WCDMA Prepaid စနစ်အသုံးပြုသူများသည် *700#ကို ရိုက်နှိပ်ခေါ်ဆိုခြင်း (သို့) 700 သို့ lucky ဟု SMS ပေးပို့ခြင်း တို့အနက် ကြိုက်နှစ်သက်ရာနည်းကိုသုံးပြီး အစီအစဉ်တွင်ပါဝင်ပြီး သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus များ ရရှိနိုင်မည်ဖြစ်သည်။

၃။ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

သုံးသလောက်ပေးအင်တာနက်အတွက် (၃)ရက်ကြာအသုံးပြုနိုင်ပါသည်။

၄။ *700# ကို အကြိမ်ကြိမ်ရိုက်နှိပ်ခေါ်ဆိုဖို့လိုအပ်ပါသလား။

မလိုအပ်ပါ။ *700# ကို တစ်ကြိမ်ခေါ်ဆိုရုံဖြင့် အစီအစဉ်တွင်ပါဝင်ပြီးဖြစ်ပါသည်။

၅။ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ရရှိကြောင်း ဘယ်လိုသိနိုင်ပါသလဲ။

မေးခွန်း(၁)ပါ သတ်မှတ်ချက်အတိုင်း ဖုန်းငွေဖြည့်လိုက်ပါက သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ကို ချက်ချင်းရရှိမည်ဖြစ်ပြီး ရရှိသော Bonus %ကို SMS ပေးပို့၍လည်းအသိပေးပါမည်။ *224# ကိုခေါ်ဆိုပြီးလည်းစစ်ဆေးကြည့်နိုင်ပါသည်။

၆။ Bonus % တွေက ဘယ်လိုကွာခြားနေပါသလဲ။

– ငွေဖြည့်လက်ဆောင် (Bonus %)သည် random ပေးခြင်းဖြစ်ပါသည်။
– အနည်းဆုံးမှာ ၁၀% ဖြစ်ပြီး အများဆုံးမှာ ၁၅၀% ဖြစ်ပါသည်။ သင်ငွေဖြည့်တိုင်း ငွေဖြည့်လက်ဆောင်(Bonus%) တစ်ခု ရရှိပါမည်။ ( ဥပမာ – ၁၀%(သို့) ၅၀% (သို့) ၇၅% (သို့) ၁၀၀% (သို့) ၁၅၀% အစရှိသဖြင့်)
– သင်ဘယ်လောက်ကံကောင်းသလဲဆိုသည်ကို ဖုန်းငွေ ပိုပိုဖြည့်ပြီး ကံစမ်းကြည့်နိုင်ပါသည်။

၇။ “Bonus မရပါ”ဆိုတဲ့ အခြေအနေမျိုးရှိနိုင်ပါသလား။

မရှိနိုင်ပါ။ မေးခွန်း(၁)ပါ သတ်မှတ်ချက်အတိုင်း ပရိုမိုးရှင်းကာလအတွင်း ဖုန်းငွေဖြည့်လိုက်တိုင်း ငွေဖြည့်လက်ဆောင်(Bonus%) တစ်ခု ရရှိပါမည်။

၈။ အကြိမ်ကြိမ်ဖုန်းငွေဖြည့်လျှင်ဘာဖြစ်မှာပါလဲ။

အကြိမ်ကြိမ်ဖုန်းငွေဖြည့်လျှင် ငွေဖြည့်လက်ဆောင်အကြိမ်ကြိမ်ရရှိပါမည်။ ငွေဖြည့်လက်ဆောင်၏ သက်တမ်းသည် နောက်ဆုံးရရှိသော ငွေဖြည့်လက်ဆောင်၏ သက်တမ်းအတိုင်းဖြစ်သည်။

၉။ *700# ကို နှိပ်ပြီး ခဲခြစ်ကတ်နဲ့ဖုန်းငွေဖြည့်ပါတယ်။ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ရရှိမှာပါလား။

မရရှိပါ။ အနည်းဆုံး ၁၀၀၀ကျပ်နှင့်မှစပြီး E top-up(သို့) ခဲခြစ်ကတ်ကိုသုံးပြီး MPT4Uမှတစ်ဆင့်ဖုန်းငွေဖြည့်မှသာ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ရရှိပါမည်။

၁၀။ ၅၀၀ကျပ်နှစ်ကြိမ် (စုစုပေါင်း ၁၀၀၀ကျပ်) E top-up ဖြင့်ဖုန်းငွေဖြည့်ပါတယ်။ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ရရှိမှာပါလား။

မရရှိပါ။ အနည်းဆုံး ၁၀၀၀ကျပ်ဖုန်းငွေဖြည့်မှသာ သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus ရရှိပါမည်။

၁၁။ သောကြာနေ့မှာ ဖုန်းငွေဖြည့်ပါတယ်။ ဘာဖြစ်မှာပါလဲ။

သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus အစီအစဉ်တွင်ပါဝင်ထားပြီး သောကြာနေ့တွင် E top-up ဖြင့်ဖုန်းငွေဖြည့်ပါက သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus နှင့် Happy Friday Bonus နှစ်မျိုးလုံးရရှိပါမည်။ Happy Friday Bonus ကို ဦးစွာအသုံးပြုစေမည်ဖြစ်ပါသည်။

၁၂။ ယခင် ၁၂၀% Lucky Bonus မှာ ပါဝင်ထားပါတယ်။ ထပ်ပြီး Opt-in လုပ်ဖို့လိုအပ်ပါသလား။

မလိုအပ်ပါ။ ပါဝင်ထားပြီးသားဖြစ်ပါသည်။

၁၃။ ထောဘီအစီအစဉ်ကိုလည်း ရယူထားတယ်ဆိုရင် ဒေတာအသုံးပြုမှုအတွက် ဘယ်လက်ကျန်ဒေတာကို အရင်အသုံးပြုမှာလဲ။

သုံးသလောက်ပေးအင်တာနက်အသုံးပြုနိုင်သော Lucky Bonus မှ အရင်ဖြတ်ပါမည်။