MPT Myanmar | Moving Myanmar Forward Lucky Draw MM - MPT Myanmar | Moving Myanmar Forward
×

MPTရဲ့ “ပေါက်ပေါက်ပေါက်”Lucky Drawဆိုတာဘာလဲ?

MPTရဲ့ “ပေါက်ပေါက်ပေါက်”Lucky Drawဆိုတာ MPTသုံးစွဲသူများအတွက်ပြုလုပ်ပေးထားတဲ့Lucky Draw အစီအစဉ်တစ်ခုဖြစ်ပါတယ်။
MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည် LuckyDrawအစီအစဉ်ကာလအတွင်း အနည်းဆုံး၁၀၀၀ကျပ်ဖုန်းငွေဖြည့်လိုက်တိုင်း ကျပ်သိန်းပေါင်း (၄၀၀၀၀)တန်ဖိုးရှိတဲ့ Telecomဆုတွေအပြင် (၅)ကျပ်သားရွှေပြားဆု တွေနဲ့ Toyotaကားသစ်ကြီးတွေကို
ကံစမ်းခွင့်ရရှိမှာဖြစ်ပါတယ်။

Lucky Draw မှာ ပါဝင်ကံစမ်းဖို့ ဘယ်လိုလုပ်ရမလဲ။

အထူးဆုတွေနဲ့ အပတ်စဉ်ဖောက်ပေးမည့်ဆုတွေက ဘာတွေလဲ?။

အထူးဆုများ

Toyota Vios Brand New ကား – စုစုပေါင်း၂ဆု

အထူးဆုကံထူးရှင်များအား ဇွန်လ (၁၄)ရက် နှင့် ဇူလိုင်လ (၁၅)ရက် တွင်ကြေညာပေးသွားပါမည်။

အပတ်စဉ်ဆုများ

(၅)ကျပ်သားရွှေပြားဆုများ-၁ ပတ်လျှင်(၂) ဆုနှုန်း

ပထမအပတ် ကံထူးရှင်များ: ၂၀၁၉ခုနှစ်၊ မေလ (၃၁)ရက်
ဒုတိယအပတ် ကံထူးရှင်များ : ၂၀၁၉ခုနှစ်၊ ဇွန်လ (၇)ရက်
တတိယအပတ် ကံထူးရှင်များ : ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၄)ရက်
စတုတ္ထအပတ် ကံထူးရှင်များ : ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၁)ရက်
ပဉ္စမအပတ် ကံထူးရှင်များ : ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၈)ရက်
ဆဋ္ဌမအပတ် ကံထူးရှင်များ : ၂၀၁၉ခုနှစ်၊ဇူလိုင်လ(၅)ရက်
သတ္တမအပတ် ကံထူးရှင်များ :၂၀၁၉ခုနှစ်၊ဇူလိုင်လ(၁၅)ရက်

တွင်ကြေညာပေးသွားပါမည်၊၊

စည်းကမ်းသတ်မှတ်ချက်များ

Lucky Drawအစီအစဉ်ကာလ

  • MPT GSM/WCDMA prepaid စနစ် ဖုန်းအသုံးပြုသူများသည် Lucky Draw အစီအစဉ်ကာလအတွင်းအနည်းဆုံး၁၀၀၀ကျပ်ဖုန်းငွေဖြည့်တိုင်း အစီအစဉ်တွင်ပါဝင်ကံစမ်းခွင့်ရှိပါသည်။
  • အစီအစဉ်ကာလ – ၂၀၁၉ခုနှစ်၊ မေလ(၂၄)ရက်မှ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်အထိ

မေးခွန်းများ

၁။ ကံစမ်းမဲအစီအစဉ်က ဘာပါလဲ?

ကံစမ်းမဲအစီအစဉ်ဆိုတာ MPT ရဲ့အသုံးပြုသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ MPT မှ မိတ်ဆက်ပေးထားတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်လိုက်ရုံနဲ့ Telecom ဆုများ (ဖုန်းဘေလ်၊ MPT-MPT မိနစ်၊ Data၊ MPT-MPT SMS၊ New Htaw B Balance) ချက်ချင်းကံစမ်းနိုင်မည့်အပြင် အပတ်စဉ် (၅)ကျပ်သားရွှေ့ပြားဆုများနှင့် အထူးဆု TOYOTA Vios ကားသစ်ကြီးများကိုပါ ကံထူးရန် ကံစမ်းခွင့်များရရှိနိုင်မှာပါ။

၂။ ကံစမ်းမဲအစီအစဉ်မှာပါဖို့ ဘာလုပ်ရမလဲ?

၁၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်လိုက်ရုံပါပဲ။ Telecom ဆုများ (ဖုန်းဘေလ်၊ MPT-MPT မိနစ်၊ Data၊ MPT-MPT SMS၊ New Htaw B Balance) ချက်ချင်းကံစမ်းနိုင်မည့်အပြင် အပတ်စဉ် (၅)ကျပ်သားရွှေ့ပြားဆုများနှင့် အထူးဆု TOYOTA Vios ကားသစ်ကြီးများကိုပါ ကံထူးရန် ကံစမ်းခွင့်များရရှိနိုင်မှာပါ။

၃။ ကံစမ်းမဲအစီအစဉ်မှာ ဘယ်သူတွေပါဝင်ကံစမ်းနိုင်မှာလဲ?

MPT GSM/WCDMA Prepaid စနစ်အသုံးပြုသူများအားလုံးသည် ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်ပါက ကံစမ်းခွင့်များရရှိမှာပါ။

၄။ ၃၀၀၀ကျပ် ဖုန်းဘေလ်ဖြည့်ထားပါတယ်။ ကံစမ်းခွင့် (၁) ကြိမ်ပဲ ရမှာလား?

မဟုတ်ပါဘူး။ ဖုန်းဘေလ်ဖြည့်သွင်းတဲ့ပမာဏအပေါ်မူတည်ပြီး အပတ်စဉ်ဆုများနှင့် အထူးဆုများ ကံစမ်းခွင့်အကြိမ်များ ရရှိမှာပါ။


ဖုန်းဘေလ်များများဖြည့်တိုင်း နေ့စဉ် Telecom ဆုများချက်ချင်းကံထူးခွင့်ရှိပြီး၊ အပတ်စဉ်နှင့် အထူးဆု Non-Telecom ဆုကြီးများကို ကံထူးခွင့်များ ပိုပြီးရရှိနိုင်မှာပါ။

၅။ E-Top up ဖြင့် ၁၀၀၀ကျပ်ဖြည့်ထားပါတယ်။ ကံစမ်းခွင့်ရရှိမှာလား?

ကံစမ်းခွင့်ရှိပါတယ်။ မည်သည့်နည်းလမ်းဖြင့်မဆို ၁၀၀၀ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်တိုင်း ကံစမ်းခွင့်များ ရရှိနိုင်မှာပါ။

၆။ ကံစမ်းခွင့်ကာလအတွင်း ဖုန်းဘေလ်ဖြည့်လိုက်ပါတယ်။ ဘာတွေ ကံထူးနိုင်မှာလဲ?

ဖုန်းဘေလ်ဖြည့်သွင်းတဲ့ပမာဏအပေါ်မူတည်ပြီး ကံစမ်းခွင့်များရရှိနိုင်မှာပါ။ Telecom ဆုများကို ကံထူးပြီးနောက် ချက်ချင်းရရှိအသုံးပြုနိုင်မှာပါ။

၇။ အရင်အပတ်က ဖုန်းဘေလ်ဖြည့်လိုက်ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာ မဖြည့်မိပါဘူး။ ကံစမ်းခွင့်ရနိုင်ပါသလား?

ကံစမ်းခွင့်ကာလအတွင်းမှာ ဖုန်းဘေလ်ဖြည့်တာနဲ့ ကံစမ်းခွင့်ကာလမကုန်ခင်အထိ TOYOTA Vios ကားသစ်ကြီးအပြင် ရွှေပြားများပါ ကံစမ်းခွင့်ရရှိနိုင်ပါတယ်။ Telecom ဆုများကို ဖုန်းဘေလ်ဖြည့်တိုင်း ချက်ချင်းကံစမ်းခွင့်ရရှိမှာပါ။ ဖုန်းဘေလ်များများဖြည့်တိုင်း ကံစမ်းခွင့်များများရရှိနိုင်ပါတယ်။

၈။ ကံထူးကြောင်း ဘယ်လိုသိနိုင်မှာလဲ?

Telecom ဆုများ (ဖုန်းဘေလ်၊ MPT-MPT မိနစ်၊ Data၊ MPT-MPT SMS၊ New Htaw B Balance) ကံထူးသည်နှင့်တစ်ပြိုင်နက် စာတိုရရှိမှာပါ။ အပတ်စဉ်ဆုများနှင့် အထူးဆုကြီးများအတွက် MPT မှ ကံထူးရှင်များကို ဆက်သွယ်အကြောင်းကြားပေးမည့်အပြင် MPT ၏ တရားဝင် Facebook စာမျက်နှာမှာပါ ကြေညာပေးသွားမှာဖြစ်ပါတယ်။

Week-1 ကံထူးရှင်များကို မေလ(၃၁)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-2 ကံထူးရှင်များကို ဇွန်လ(၇)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-3 ကံထူးရှင်များကို ဇွန်လ(၁၄)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု
  • အထူးဆု – TOYOTA Vios ကားသစ်ကြီး (၁) စီး

Week-4 ကံထူးရှင်များကို ဇွန်လ(၂၁)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-5 ကံထူးရှင်များကို ဇွန်လ(၂၈)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-6 ကံထူးရှင်များကို ဇူလိုင်လ(၅)ရက်တွင် ကြေညာပါမည်။.

    အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-7 ကံထူးရှင်များကို ဇူလိုင်လ(၁၅)ရက်တွင် ကြေညာပါမည်။

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု
  • အထူးဆု – TOYOTA Vios ကားသစ်ကြီး (၁) စီး

 

၉။ Telecom ဆုတွေရဲ့ သက်တမ်းကဘယ်လောက်လဲ

Telecom ဆုများကို ဆုအမျိုးအစားအလိုက် သက်တမ်း(၃)ရက်၊ (၅)ရက်၊ (၇)ရက် စသဖြင့် အသီးသီး အသုံးပြုနိုင်ပါသည်။ အမျိုးအစားတူ Telecom ဆုများကံထူးပါက ပမာဏများပေါင်းသွားမည်ဖြစ်ပြီး သက်တမ်းမှာ နောက်ဆုံးဆု၏ သက်တမ်းအတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၁၀။ ဖုန်းဘေလ်ဆုကို လွှဲပြောင်းလို့ရနိုင်ပါသလား?

မရပါ။ ဖုန်းဘေလ်ဆုကို လွှဲပြောင်းလို့မရပါ။ ကံထူးသည့် ဖုန်းဘေလ်ကို MPT- MPT မိနစ်၊ စာတိုနှင့် ဒေတာ အသုံးပြုနိုင်ပါတယ်။

၁၁။ ကံစမ်းမဲကာလက ဘယ်အထိလဲ?

၂၀၁၉ခုနှစ် မေလ (၂၄)ရက်မှ ၂၀၁၉ခုနှစ် ဇူလိုင်လ (၁၄)ရက်အထိ။