MPT Myanmar | Moving Myanmar Forward Lucky Draw Terms & Conditions mm - MPT Myanmar | Moving Myanmar Forward
×

စည်းကမ်းသတ်မှတ်ချက်များ

Lucky Drawအစီအစဉ်ကာလ

  • MPT GSM/WCDMA prepaid စနစ် ဖုန်းအသုံးပြုသူများသည် Lucky Draw အစီအစဉ်ကာလအတွင်း အနည်းဆုံး၁၀၀၀ကျပ်ဖုန်းငွေဖြည့်တိုင်း အစီအစဉ်တွင်ပါဝင်ကံစမ်းခွင့်ရှိပါသည်။
  • အစီအစဉ်ကာလ – ၂၀၁၉ခုနှစ်၊ မေလ(၂၄)ရက်မှ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်အထိ

အသေးစိတ်အချက်အလက်များ

  • ၁၀၀၀ကျပ် မှ ၁၉၉၉ကျပ်အထိ ဖုန်းငွေဖြည့်တိုင်း Weekly Prize နှင့် Special Prize များကံထူးရန် အခွင့်အရေး Chance(၁) ခု နှင့် နေ့စဉ်ဆုများ ကံထူးခွင့်ရရှိမည်။
  • ၂၀၀၀ကျပ် မှ ၂၉၉၉ကျပ်အထိ ဖုန်းငွေဖြည့်တိုင်း Weekly Prize နှင့် Special Prize များကံထူးရန် အခွင့်အရေး Chance(၂) ခု နှင့် နေ့စဉ်ဆုများ ကံထူးခွင့်ရရှိမည်။
  • ၃၀၀၀ကျပ် မှ ၄၉၉၉ကျပ်အထိ ဖုန်းငွေဖြည့်တိုင်း Weekly Prize နှင့် Special Prize များကံထူးရန် အခွင့်အရေး Chance(၅) ခု နှင့် နေ့စဉ်ဆုများ ကံထူးခွင့်ရရှိမည်။
  • ၅၀၀၀ကျပ် မှ ၉၉၉၉ကျပ်အထိ ဖုန်းငွေဖြည့်တိုင်း Weekly Prize နှင့် Special Prize များကံထူးရန် အခွင့်အရေး Chance(၁၀) ခု နှင့် နေ့စဉ်ဆုများ ကံထူးခွင့်ရရှိမည်။
  • ၁၀၀၀၀ကျပ်နှင့် အထက် ဖုန်းငွေဖြည့်တိုင်း Weekly Prize နှင့် Special Prize များကံထူးရန် အခွင့်အရေး Chance(၂၀) ခု နှင့် နေ့စဉ်ဆုများ ကံထူးခွင့်ရရှိမည်။

ဆုများ
နေ့စဉ်ကံစမ်းပေးမည့် ဆုမဲများ (Telecom Prize)

  • ဖုန်းဘေလ်များ
  • MPT-MPT မိနစ်
  • Data၊ MPT-MPT SMS
  • New Htaw B ဖုန်းဘေလ်

မှတ်ချက် : Telecom Prize ဆုများကို ဖုန်းငွေဖြည့်ပြီးလျှင်ပြီးချင်းကံထူးနိုင်ပါသည်။

 

အပတ်စဉ်ဆုများ

  • (၅)ကျပ်သားရွှေ့ပြားဆုများ – တစ်ပတ်လျှင် (၂) ဆု

အထူးဆုများ

  • TOYOTA Vios ကားသစ်ကြီး စုစုပေါင်း (၂)စီး

ကံထူးရှင်ကြေညာခြင်း

Week-1 ကံထူးရှင်များကို မေလ(၃၁)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-2 ကံထူးရှင်များကို ဇွန်လ(၇)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-3 ကံထူးရှင်များကို ဇွန်လ(၁၄)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု
  • အထူးဆု – TOYOTA Vios ကားသစ်ကြီး (၁) စီး

Week-4 ကံထူးရှင်များကို ဇွန်လ(၂၁)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-5 ကံထူးရှင်များကို ဇွန်လ(၂၈)ရက်တွင် ကြေညာပါမည်။.

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-6 ကံထူးရှင်များကို ဇူလိုင်လ(၅)ရက်တွင် ကြေညာပါမည်။.

    အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု

Week-7 ကံထူးရှင်များကို ဇူလိုင်လ(၁၅)ရက်တွင် ကြေညာပါမည်။

  • အပတ်စဉ်ဆုများ – (၅)ကျပ်သားရွှေပြားဆု (၂)ဆု
  • အထူးဆု – TOYOTA Vios ကားသစ်ကြီး (၁) စီး

ဆုဆက်သွယ်ကြေညာခြင်း

  • အပတ်စဉ်ကံထူးရှင်များနှင့် အထူးဆုကံထူးရှင်များကို အထက်ဖော်ပြပါရက်များတွင် ဆက်သွယ်အကြောင်းကြား ကြေညာပါမည်။
  • ဆက်သွယ်၍မရသော ကံထူးရှင်များကို အနီးစပ်ဆုံး ဗုဒ္ဓဟူးနေ့အထိ(နောက်ထပ် ၅ရက်အထိ) ဆက်လက် ဆက်သွယ်ပါမည်။ ဆက်သွယ်၍မရပါက ကံထူးရှင်အသစ်ကို ထပ်မံရွေးချယ်ပါမည်။
  • week-7 အတွက် ကံထူးရှင်များကို ဇူလိုင်လ(၁၅)ရက်တွင် ဆက်သွယ်အကြောင်းကြားပါမည်။ (၅)ကြိမ်တိတိဆက်သွယ်မည်ဖြစ်ပြီး ဆက်သွယ်၍မရပါက ဇူလိုင်လ(၁၅)ရက်တွင် ကံထူးရှင်အသစ်ကို ထပ်မံရွေးချယ်ပါမည်။

မှန်/မမှန်စစ်ဆေးခြင်း

  • ကံထူးရှင်များသည် မှတ်ပုံတင်မူရင်းနှင့် ကံစမ်းမဲပေါက်သည့် ဖုန်းနံပါတ်ကို ဆုထုတ်ယူချိန်တွင်တင်ပြရပါမည်။

စည်းမျဉ်းစည်းကမ်းများ

  •  ကံထူးရှင်များအားလုံးသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။ ( မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူဖြစ်ရမည်။)
  • အမ်ပီတီဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုဝင်များ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
  • Toyota Vios ကံထူးရှင်များသည် တရားဝင်ဖြစ်စေရန်နှင့် သတ်မှတ်လုပ်ထုံးလုပ်နည်းအရ လိုအပ်သော စာရွက်စာတမ်းများကို ဖြည့်စွက်ရမည်။
  • Toyota Vios ကံထူးရှင်သည် ကားလိုင်စင်ကို ရန်ကုန်လိုင်စင်မှလွဲ၍ နယ်လိုင်စင်အဖြစ် လျှောက်ထားနိုင်သည်။
  • ကံထူးရှင်များသည် ဆုကြေညာပြီးနောက် ရက်၉၀အတွင်း မည်သည့်အကြောင်းကြောင့်မဆို ဆုလာရောက်ထုတ်ယူခြင်းမရှိပါက အဆိုပါကံထူးရှင်၏ ကံထူးရှင်ဖြစ်ခွင့်ကိုပြန်လည်ရုပ်သိမ်းမည်ဖြစ်ပါသည်။
  • ကံစမ်းမဲအစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများအရ မည်ကဲ့သို့ပင် ဖော်ပြထားစေကာမူ အမ်ပီတီသည် ယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ ကံစမ်းမဲအစီအစဉ်ကို ရပ်ဆိုင်းခြင်း (သို့) စည်းမျဉ်းစည်းကမ်းများအား ကြိုတင်အသိပေးခြင်း (သို့) တာဝန်ခံခြင်း မရှိဘဲ ပြင်ဆင်ခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်ခွင့်ရှိသည်။
  • ဆုပစ္စည်းတစ်ခုခုကို လက်ခံရာတွင် ကံထူးရှင်၏ အမည်၊ ဓာတ်ပုံ၊ အသံ နှင့် ၊ သို့မဟုတ် အလားတူအခြားဖြစ်ရပ်တို့ကို ဥပဒေအရ တားမြစ်ထားသည့် ဖြစ်ရပ်များမှအပ အမ်ပီတီက ပြုလုပ်သည့် သတင်း၊ကြော်ငြာ၊အရောင်းမြှင့်တင်ရေး၊ ဈေးကွက်ရှာဖွေရေး နှင့် ၊သို့မဟုတ် အခြားရည်ရွယ်ချက်များအတွက် အခကြေးငွေမပေးဘဲ အသုံးပြုရန် သဘောတူကြောင်းလည်း ပါဝင်သည်။
  • ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရာနှင့် ဆုပစ္စည်းလက်ခံယူရာတွင် သုံးစွဲသူများသည် ယင်းနှင့်စပ်ဆက်ပြီးဖြစ်ပေါ်သည့် ဆုံးရှုံးမှု (သို့) ထိခိုက်မှု ( ထူးခြားသော၊ သွယ်ဝိုက်သော ဆုံးရှုံးမှု နှင့် နောက်ဆက်တွဲ ဆုံးရှုံးမှုများအပါအဝင်)များနှင့်ပတ်သက်ပြီး တောင်းဆိုမည်မဟုတ်ကြောင်း သဘောတူရမည်။