×

Missed Call Alert ဝန်ဆောင်မှု

လက်ခံရရှိသူအနေဖြင့်မည်သို့ပေါ်မည်နည်း။

အသုံးပြုသူအနေဖြင့် ခေါ်ဆိုသူထံမှအောက်ပါ။ MCA message အားလက်ခံရရှိရမည်ဖြစ်ပါသည်။
“You have a missed call from 09XXXXXXXX at xx:xxdd-mm-yyyy.”

MCA ၀န်ဆောင်မှုအတွက် ဘယ်သူတွေက အကျုံးဝင်မှာလဲ။

MPT GSM/WCDMA ဆင်းကတ်အသစ်စတင် အသုံးပြုသူတွေ ဟာ MCA ၀န်ဆောင်မှုကို အလိုလျှောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ပါသော်လည်း Voice Mail ၀န်ဆောင်မှု နှင့်Call Forwarding ၀န်ဆောင်မှုလည်းအသုံးပြုများမှာ MCA ၀န်ဆောင်မှုကို အလိုအလျောက်ရရှိမည်မဟုတ်ပါ။

MCA SMS အားမြန်မာဘာသာဖြင့်လက်ခံရရှိနိုင်ပါသလား။

လတ်တလောမှာတော့ ဤဝန်ဆောင်မှုအားEnglish ဘာသာဖြင့်သာလျှင် SMS လက်ခံနိုင်ပါသည်။ သို့သော်လည်းMPT မှ မြန်မာဘာသာဖြင့်ပေးပို့/လက်ခံရရှိရန် ဆောင်ရွက်နေလျှက်ရှိရာ မကြာသေးတော့ခင် အချိန်များတွင် ပေးပို့/လက်ခံရရှိတော့မည့်ဖြစ်ပါသည်။

Missed call များကို စစ်ဆေးရန် ဖုန်းခေါ်ဆိုဖို့ လိုပါသလား။

Missed call များလက်ခံရရှိထားပါက system မှ နေ၍ အလိုအလျှောက် SMS ပေးပို့မှာဖြစ်ပါသည်။

Voice Mail ဝန်ဆောင်မှု နှင့် Missed Call Alert ဝန်ဆောင်မှုတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါသလား။

ထိုဝန်ဆောင်မှုများကို တစ်ပြိုင်နက်တည်း အသုံးပြု၍ မရပါ။

MCA ၀န်ဆောင်မှုအတွက်ဝန်ဆောင်ခပေးရန်လိုအပ်ပါသလား။

MPT သုံးစွဲသူများအတွက်MCA ၀န်ဆောင်မှုသည် အခမဲ့ဝန်ဆောင်မှု ဖြစ်သောကြောင့် မည်သည့်ဝန်ဆောင်ခမှပေးရန်မလိုအပ်ပါ။

Missed Call Alert ဝန်ဆောင်မှုကို မည်သို့ ရယူရမည်နည်း။

Missed Call Alert ဝန်ဆောင်မှုစတင်အသုံးပြုရန် “MCA” ဟုရိုက်ကာ 1331 သို့ SMS ပေးပို့ပါ။ ဝန်ဆောင်မှုမှာ အခမဲ့ဖြစ်ပါသည်။ လစဉ်ကြေးပေးရန်မလိုပါ။

Missed Call Alert ဝန်ဆောင်မှုအား ဘယ်လိုအသုံးပြုရပါသလဲ။

သုံးစွဲသူမှာ လတ်တလော ဆက်သွယ်၍ မရနိုင်လျှင်ဖြစ်စေ၊ ဖုန်းပိတ်ထားသည့် အချိန်အတွင်း ဆက်သွယ်ထား
သည့် ဖုန်းနံပါတ်များကို စာတိုစနစ်ဖြင့် ပြန်လည် အသိပေးသည့် ဝန်ဆောင်မှုဖြစ်ပါသည်။ လက်ခံရရှိသည့်စာတိုအတွက် ဝန်ဆောင်ခပေးရန်မလိုပါ။

Missed Call Alert ဝန်ဆောင်မှုအား အသုံးမပြုလိုတော့ပါက မည်သို့ပြုလုပ်ရမည်နည်း။

“MCA OFF” ဟုရိုက်ကာ 1331 သို့ မက်ဆေ့ ပေးပို့ရမှာဖြစ်ပါသည်။