MPT Myanmar | Moving Myanmar ForwardMobile Legend term&condition 2 - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT ၏ စည်းကမ်းသတ်မှတ်ချက်များ – Mobile Legends ကံစမ်းမဲ

ဤစာမျက်နှာသည် Mobile Legends ကံစမ်းမဲ “ Promotion” ) တွင်ပါဝင်ကံစမ်းသည့်အခါ သင့်အနေဖြင့်လိုက်နာ ရမည့်စည်းကမ်းချက်များအား ရှင်းလင်း ဖော်ပြထားပါသည်။ Promotion အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”, “ကျွနု်ပ်တို့”, “ကျွနု်ပ်တို့ကို”, “ကျွနု်ပ်တို့၏”) ၏ ဝန်ဆောင်မှုများ မှတဆင့် ရယူနိုင်ပါသည်။
Promotion တွင် ပါဝင်ကံစမ်းခြင်းဖြင့် သင်သည် ဤစည်းကမ်း သတ်မှတ်ချက်များနှင့် ၎င်းတို့နှင့် ဆက်စပ် သည့် အခြားသောသက်ဆိုင်ရာ စည်းမျဉ်းများ၊ မူဝါဒများ နှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက် များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှု၊ နားလည်ကြောင်း နှင့် ၎င်းတို့ကို လိုက်နာဆောင်ရွက်ရန် သဘောတူကြောင်း သဘောဆောင်ပါသည်။
စည်းကမ်းချက်များသည် အချိန်အခါမရွေးပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သောပြောင်းလဲမှုတစ်ခုခုပြုလုပ် ပြီးနောက် Promotion တွင် သင်၏ ဆက်လက်ပါဝင်ကံစမ်းမှုသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်းချက် များကို သင်က လက်ခံခြင်း ဖြစ်ပါသည်။

၁။ Promotion

၁.၁ စည်းကမ်းချက်များတွင် သင်အား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေးအားလုံးကိုကျွနု်ပ်တို့က သို့မဟုတ် ကျွနု်ပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်း သိမ်းထားပါသည်။ သင်အနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ Promotion တွင် ပါဝင်ကံစမ်းနိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ် ထားပါသည်။

၁.၂ MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အကြောင်း ပြချက်မရှိဘဲ သင်၏ Promotion သို့ ဝင်ရောက်မှု သို့မဟုတ် ပါဝင်ကံစမ်းမှုကို အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်းသော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့်ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင်ဖော်ပြထားသော ဆက်လက်တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အတိုင်းအတာအထိ သင်အပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။

၁.၃ Promotion တွင် သင်၏ ပါဝင်ကံစမ်းမှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ Promotion ၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲ ဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် MPT သည် သင့်အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို သင့်အနေဖြင့် သဘောတူပါသည်။

၁.၄ သင်၏ Promotion အသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ သင်၏ အခြားအသုံးပြုသူများနှင့် မည် သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် Promotion နှင့်စပ်လျဉ်း၍ သင်၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှုတစ်ခုခုအတွက် MPT တွင် တာဝန် မရှိစေရ

၂။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

Youngjoy နည်းပညာ လီမိတက် သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှ အခြားနည်းဖြင့် တရားသဖြင့်ဆောင်ရွက်ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ Promotion နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော အသိဉာဏပစ္စည်းအခွင့် အရေးများ အားလုံးမှာ MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများ၏ သီးသန့်ပစ္စည်းဖြစ် သည်။ ဤတွင်အတိအလင်း ဖော်ပြ ထားသည်မှလွဲ၍ Promotion ၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများတစ်ခုခု တွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံး ပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန် တီးသည်ဟု မမှတ်ယူရ။ Promotion တွင် ဝင်ရောက်အသုံးပြုနိုင်သော အချက်အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြု ခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော် သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ် ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ် ချက်အတွက်မဆို အကြောင်းအရာအားအသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

၃။ Promotion ကာလ

Promotion ကာလသည် (၃၀)ရက် ဇန်နဝါရီလ၊ ၂၀၁၉ခုနှစ် မှ စတင်၍ (၂၆)ရက် ဖေဖေါ်ဝါရီလ၊ ၂၀၁၉ခုနှစ် အထိ (“ Promotion ကာလ” ) ဖြစ်ပါ သည်။

၄။ ပါဝင်ကံစမ်းနိုင်သူများ

၄.၁ ဤ Promotion ကို အနည်းဆုံး အသက် တစ်ဆယ့်သုံး (၁၃) နှစ် ပြည့်ပြီးသူဖြစ်၍ (MPT SIM အသုံးပြု နေသည့်) MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။
အကယ်၍သင်သည် အသက်ဆယ့်ခြောက်(၁၆) နှစ်အောက်ဖြစ်ပါက၊ မိဘအုပ်ထိန်းမှုမှ ကင်းလွတ် သော အရွယ်မရောက်သေးသူ သို့မဟုတ် ဥပဒေအရ မိဘအုပ်ထိန်းမှု သို့မဟုတ် အုပ်ထိန်းသူ ခွင့်ပြူချက်အားရရှိထားသူ နှင့် ဤစည်းကမ်းချက်ထဲတွင် ဖော်ပြထားသော စည်းကမ်းများ၊ သတ် မှတ်ချက်များ၊ တာဝန်ဝတ္တရားများ၊ ကတိသစ္စာပြုခြင်းများ၊ ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံ ခြင်းများကို ချုပ်ဆိုရန် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်၊ စွမ်းဆောင်ရည်နှင့် အရည်အ ချင်းအပြည့်အဝရှိခြင်းဖြစ်မှသာ Promotion တွင် ပါဝင်ကံစမ်းနိုင်ပါသည်။

၄.၂ Promotion တွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ကံစမ်းခွင့်မပြုပါ –
MPT ၏ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ အေးဂျင့်များ၊ အရာရှိများ သို့မဟုတ် ဒါရိုက်တာများ (ပတ် သက်သည်ဖြစ်စေ၊ မပတ်သက်သည်ဖြစ်စေ အဆိုပါပုဂ္ဂိုလ်များနှင့်အတူနေထိုင်သူများ) သို့မဟုတ် MPT နှင့် ဆက်စပ်သောအဖွဲ့အစည်းများ၊ ဖြန့်ချိသူများ၊ ကံထူးဆုအတွက် ထောက်ပံ့ပေးသူများ၊ ကြေငြာ/အရောင်းမြှင့်တင်ရေးကိုယ်စားလှယ်လုပ်ငန်း များနှင့် Promotion ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှု၊ အကောင်အထည် ဖော်ဆောင်ရွက်မှု၊ စီမံအုပ်ချုပ်မှု သို့မဟုတ် ပါဝင် အားဖြည့်မှုတွင်ပါဝင်သည့် အခြားသောပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်း သို့မဟုတ် အဖွဲ့အစည်းများ။

၅။ ပါဝင်ကံစမ်းရမည့်နည်းလမ်း

၅.၁ Promotion တွင်ပါဝင်ကံစမ်းရာတွင်၊ ပါဝင်ကံစမ်းသူများအနေဖြင့် သတ်မှတ်ထားသော Promotion ကာလအတွင်း၌ အနည်းဆုံး Mobile Legends Data Pack ကို ဝယ်ယူထားရမည်ဖြစ်ပါသည်။

၅.၂ ပါဝင်ကံစမ်းသူများသည် Promotion ကာလအတွင်း Mobile Legends Data Pack အကန့်သတ်မရှိ ဝယ်ယူပြီး ကံစမ်းနိုင်ပါသည်။

 

၆။ ချီးမြှင့်မည့်ကံထူးဆုများ

၆.၁ Promotion ကာလအတွင်း စုစုပေါင်း Game Voucher (၁၁၂)ခု တို့အား နေ့စဉ်ဆုများအဖြစ် MPT မှ ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။
Voucher တွင်ပါရှိသော အကြောင်းအရာများမှာ-
• Roger-Phantom Pirate skin (၈၄) ဆု
• Alucard-Child of the Fall skin ဆုများ
• Martis-God of war skin ဆုများ
• Alpha-Onimusha Commander skin ဆုများ
• Lesley-Stellaris Ghost skhin ဆုများ

၆.၂ နေ့စဉ်ဆုများအပြင် ကံစမ်းမဲကာ လအဆုံးသတ်အချိန်သို့ ရောက်ရှိသော အခါတွင် Grand Prizes ဆုကြီး (၂) ဆု အားလည်း MPT မှ ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။
• Mobile Legends စိန်ပွင့် (diamonds) တစ်သောင်း တစ်ဆု
• iPhone XS Max တစ်ဆု

၇။ ကံထူးရှင်ရွေးချယ်ခြင်း

၇.၁ ထည့်သွင်းရေတွက်ထားသော တစ်နေ့ချင်းစီ၏ ကံစမ်းမဲများကို ၂၄နာနီအတွင်း (မြန်မာစံတော်ချိန် 00: 00: 00 AM မှစ၍ 00: 00: 00 PM အထိ) နေ့စဉ် ဖော်ပြဆောင်ရွက်ချက်အပေါ်မူတည်၍ နေ့စဉ်ဆုမဲများအား ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ပါသည်။

၇.၂ ဖုန်းနံပါတ်တစ်ခုသည် တစ်နေ့လျှင် ဆုမဲတစ်ခုသာ ကံထူးနိုင်ပါသည်။

၈။ ကံထူးရှင်အား အကြောင်းကြားခြင်း

၈.၁ ဆုမဲကံထူးရှင်အားလုံးအား စာတိုပို့စနစ် (SMS) များမှတစ်ဆင့် ရုံးဖွင့်သည့်ရက် နောက်နေ့များ တွင် MPTမှ ဆက်သွယ်၍အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ ဥပမာ- ဖေဖေါ်ဝါရီလ (၆)ရက် (ဗုဒ္ဓဟူးနေ့) (00: 00: 00 AM အချိန်မှစ၍ ၂၃: ၅၉: ၅၉ အချိန်တွင် ပေါက်သော ကံထူးရှင်အား ဖေဖေါ်ဝါရီလ (၇)ရက် (ကြာသပတေးနေ့) တွင် အကြောင်းကြားပေးသွားမည်ဖြစ်သည်။
ကံစမ်းမဲကာလအတွင်း၌ ကံစမ်းမဲရွေးချယ်ပြီး နောက်တစ်နေ့သည် အလုပ်ဖွင့်ရက် မဟုတ်သည့် နေ့ရက် (စနေနေ့၊ တနင်္ဂနွေနေ့ နှင့် အများပြည်သူ အလုပ်ပိတ်ရက်နေ့)ဖြစ်ပါက ကံထူးရှင်ထံသို့ အကြောင်းကြားမှုသည် MPT ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၈.၂ iphone XS Max ဆုမဲကံထူးရှင်အား ၎င်း၏ data pack ဝယ်ယူ အသုံးပြုထားသော MPT ဖုန်းနံပါတ်မှတစ်ဆင့် ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်သည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် ဆုမဲပေါက်သူများ၏ အသေးစိတ်အချက်အလက်များကို တောင်းခံရယူသွားမည်ဖြစ်ပါသည်။ အကယ်၍ ကံထူးရှင်က MPT ၏ ဖုန်းခေါ်ဆိုမှုကို ၃ ရက်အတွင်း လက်ခံဖြေကြားခြင်း မရှိပါက ကံထူးဆုကိုငြင်းပယ်ပြီး ၎င်းနှင့်ပတ်သက်သော အခွင့်အရေးများ အားလုံးကို ခြွင်းချက်မရှိ၊ ယတိပြတ် စွန့်လွှတ်သည်ဟု မှတ်ယူပါမည်။ MPTမှ ကံထူးဆုအတွက် အခြားကံထူးရှင် ရွှေးချယ်သွားမည်ဖြစ်သည်။

၉။ ကံထူးဆုများအသုံံးပြုခံစားခြင်း/ ဘောင်ချာများဖြင့် ဆုမဲထုတ်ယူခြင်း

၉.၁ ကံထူးရှင်များသည် Mobile Legends Application တွင်သာ ဆုများကို လဲလှယ်နိုင်ပါသည်။

၉.၂ ကံထူးရှင်များသည် ဆုမဲဘောက်ချာများကို (၁၈)ရက် ဇူလိုင်လ၊ ၂၀၁၉ခုနှစ် မတိုင်မှီတွင် လဲလှယ်ရန် လိုအပ်ပါသည်။ သတ်မှတ်ရက်ကျော်လွန်သွားပါက အဆိုပါ ဆုမဲများ လဲလှယ်/ထုတ်ယူခွင့်မရှိတော့ပေ။

၉.၃ ကံထူးရှင်တစ်ယောက်စီတိုင်းသည် skin ဆုမဲတစ်မျိုးစီသာ လဲလှယ်/ထုတ်ယူခွင့်ရရှိမည်ဖြစ်ပါသည်။
၉.၄ ကံထူးဆုများအားလုံးကို ဖော်ပြထားသည့်အတိုင်း အသုံးပြုခံစားရမည် ဖြစ်ပြီး ကံထူးရှင်အနေဖြင့် ကံထူးဆုကို ဖော်ပြထားသည့်အတိုင်းအသုံးပြုခံစားနိုင်ခြင်းမရှိပါက မည်သည့်အစားထိုးပေးလျော်မှု ကိုမျှ ထုတ်ပေးမည်မဟုတ်ပါ။

၉.၅ ကံထူးဆုများအားလုံးအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်၍မရပါ။

၉.၆ အပိုဒ် ၆ (ချီးမြှင့်မည့်ကံထူးဆုများ) တွင် ရှင်းလင်းဖော်ပြထားသည့် ကုန်ကျစရိတ်များမှလွဲ၍ အခြား သောကုန်ကျစရိတ်များအတွက် ကံထူးရှင်တစ်ဦးချင်းစီနှင့် သူ/သူမနှင့်အတူလိုက်ပါမည့် ဧည့်သည် များသည် သီးသန့် အပြည့်အဝ တာဝန်ရှိသည်။

၉.၇ ကံထူးဆုအမျိုးအစားနှင့် ကံထူးရှင်ရွေးချယ်မှုအပါအဝင် ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့် သတ်မထားသော ကံစမ်းမဲအစီအစဉ်၏ ကိစ္စရပ်တိုင်းနှင့်စပ်လျဉ်း၍ MPT ၏ ဆုံးဖြတ်ချက်သည် မည်သည့်အခြေအနေမျိုးတွင်မဆို နောက်ဆုံးနှင့် အပြီးသတ်ဖြစ်ရမည်။ ထပ်မံ၍ မေတ္တာရပ်ခံခြင်း၊ စုံစမ်းမေးမြန်းခြင်း နှင့်/သို့မဟုတ် ဆက်သွယ်ခြင်းတို့အား လက်ခံဖြေရှင်းပေးမည် မဟုတ်ပါ။

၁၀။ ကံထူးရှင်အား စည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ဆုံးဖြတ်ခြင်း

MPT သည် ပါဝင်ကံစမ်းသူတစ်ဦးအား ကြိုတင်အကြောင်းမကြားဘဲ သို့မဟုတ် အကြောင်းပြချက် တစ်ခုခု ပေးရန်မလိုအပ်ဘဲ ပုံမှန်မဟုတ်သော သို့မဟုတ် သံသယဖြစ်ဖွယ်ဆောင်ရွက်မှုတစ်ခုခု ဆောင်ရွက်နေကြောင်း သို့မဟုတ် ၎င်းနှင့်ဆက်စပ်မှုရှိကြောင်းသံသယရှိပါက ထိုပါဝင်ကံစမ်းသူ အား စည်းကမ်းသတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

၁၁။ ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း

MPT အနေဖြင့် ကံစမ်းမဲအစီအစဉ်အတွက်လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း၊ လူသိများစေရန်ရည်ရွယ်ချက်များအတွက် သော်လည်းကောင်း နောက်ထပ်အစားထိုးပေးလျော်မှုတို့ ပါဝင်ခြင်းမရှိဘဲ ပါဝင် ကံစမ်းသူများ၏ ဗီဒီယိုများ နှင့်/သို့မဟုတ် ရုပ်ပုံများအသုံးပြုခြင်းအပါအဝင် ဖြစ်သော်လည်းယင်းတို့ ချည်းသာဟု ကန့်သတ်မထားသော MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန်အလို့ငှာ ပါဝင်ကံစမ်းသူများ၏ ကိုယ်ရေးအချက် အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်း တို့ပြုလုပ်ခြင်းနှင့် MPT၏တရားဝင်ခွင့်ပြုထားသောဝန်ဆောင်မှုပေးသူများနှင့်သက်ဆိုင်ရာ တတိယ ပုဂ္ဂိုလ်များထံ ထိုကဲ့သို့သောကိုယ်ရေးအချက်အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို ပါဝင်ကံစမ်း သူများက သဘောတူညီပြီး ခွင့်ပြုပါသည်။

၁၂။ တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း

သင်သည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများ နှင့် အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေး ဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) သင်ထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် သင်၏ Promotion အား အသုံးပြုခြင်းနှင့် ဝင် ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များတစ်ခုခုကို ချိုး ဖောက်ခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ်ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအား အလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့်အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများအပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို သင့်အနေဖြင့် ချိုးဖောက်ခြင်း၊ (၄) သင်၏ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) Promotion မှတစ်ဆင့် သင်တင်ပြသော သို့မဟုတ် သင် ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှုတစ်စုံ တစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) သင်၏ ဖုန်းနံပါတ် (စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်းထား သည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ် အခြားသော ကိရိယာမှတစ်ဆင့် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ Promotion သို့ဝင်ရောက်မှုနှင့် အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ် များ(ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာမက)တစ်ခုခုနှင့် အားလုံးထံမှနှင့် ၎င်း တို့ကိုဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်းလွတ် စေရန်သဘောတူပါသည်။

 

၁၃။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

၁၃.၁ Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့် အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင် မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် Promotion လည်ပတ်ခြင်း သို့မ ဟုတ် Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့် အခြားနည်းဖြင့်သင်အသုံး ပြု နိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှုအပါအဝင်သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက် အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည် သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြု တင်ပြခြင်းများ သို့မဟုတ် အာမခံချက်များမပြုလုပ်ပါ။ သင်၏ Promotion အသုံးပြုမှုသည် ဖြစ်ပေါ် လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာတာဝန်ယူသည်ဟု အတိအလင်း သဘောတူပါသည်။

၁၃.၂ MPT သည် Promotion အသုံးပြုခြင်း သို့မဟုတ် Promotion တွင် ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ် အကျိုးဆက် အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော နစ်နာမှုတစ်စုံ တစ်ရာအတွက် တာဝန်ခံမည်မဟုတ်ပါ။

၁၃.၃ သင်အနေဖြင့် Promotion သို့ ဝင်ရောက်ကံစမ်းရာတွင်မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ၊ Promotion နှင့်ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့် သဘောသဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များ တစ်ခုခုနှင့်အားလုံးမှ သော်လည်းကောင်း၊ MPT ကိုထိုသို့ဖြစ်နိုင်ခြေအား အသိပေးပြီးသည့်တိုင် Promotion တွင် ပါဝင်ကံစမ်းစဉ်အတွင်း သို့မဟုတ် ကံထူးဆုအား အသုံးပြုခံစားခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ် ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ်အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု မကန့်သတ်လျက် ၎င်းတို့မှသော်လည်းကောင်း ပေါ်ပေါက်လာသောနှင့် ၎င်းတို့ကိုအကြောင်းပြုသော တောင်းခံမှု များ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အားကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။

၁၃.၄ သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ် ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ အပါအဝင်ဖြစ်သော်လည်းယင်းတို့ချည်းသာဟုကန့်သတ်မထားသောအတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက် မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။

၁၃.၅ Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သောအီလက်ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။

၁၄။ တတိယပုဂ္ဂိုလ်၏သဘောတူညီချက်

Promotion တွင် Youngjoy နည်းပညာ လီမိတက် အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေး ထားသောအကြောင်းအရာ(တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ)တို့ ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါတတိယပုဂ္ဂိုလ်၏အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏ အကြောင်းအရာနှင့်ဆက်စပ် သော ချိတ်ဆက်ထားသည့်ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည် ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်းမဟုတ်ပါ။

၁၅။ အထွေထွေ

၁၅.၁ တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ကံထူးဆုများ အပေါ် သက်ရောက်မှုရှိပါမည်။

၁၅.၂ စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှုနိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်း ကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။

၁၅.၃ စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မ ဟုတ် စီရင်ပိုင် ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။

၁၅.၄ အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်း ချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုခု သို့မဟုတ် ထို အကြောင်းအရာနှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသော အပိုင်း သို့မဟုတ် အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ် အာဏာသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။
Lucky draw တွင် ပါဝင်သူအားလုံးတို့သည် ( Link ) တွင် တွေ့မြင်နိုင်သော Lucky draw စည်းမျဉ်းစည်းကမ်းအပြည့်အစုံနှင့် စည်းနှောင်ပြီးဖြစ်ပါသည်။