MPT Myanmar | Moving Myanmar Forward Mobile Services မိုဘိုင်းဝန်ဆောင်မှုများ - MPT Myanmar | Moving Myanmar Forward
×

MPT ဆင်းကဒ် စတင်အသုံးပြုခြင်း

MPT ဆင်းကဒ်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဖုန်းဟန်းဆက် အရောင်းဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များ အစရှိသည့်နေရာများတွင်လွယ်ကူစွာဝယ်ယူ ရရှိ နိုင်မည်ဖြစ်သည်။ ဆင်းကဒ်ဝယ်ယူအသုံးပြုမည်ဆိုပါက သုံးစွဲမည့်သူ၏ ကိုယ်ရေးအချက် အလက်ပုံစံကိုအသေးစိတ်ဖြည့်ပေးရန်နှင့် အောက်ပါကဒ်တစ်မျိုးမျိုး၏ မိတ္တူတစ်စုံကို မှတ်ပုံတင် ရန်လိုအပ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

• နိုင်ငံသား မှတ်ပုံတင် (နှစ်ဘက်လုံး မိတ္တူ)
• ပတ်စ်စပို့ (ကိုယ်ရေးအချက်အလက် စာမျက်နှာ၊ နိုင်ငံခြားသားများအတွက်သာ)
• ယာဉ်မောင်းလိုင်စင်
• ကျောင်းသားကဒ် (မြန်မာကောလိပ် (သို့) တက္ကသိုလ်)
• သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ (အမည်၊ အဘအမည်နှင့်လိပ်စာပါဝင်ရမည်)

ဆင်းကဒ်အသုံးပြုနည်း
ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ ကွန်ရက်ကို အသုံးပြုနိုင်ရန်အတွက်
သင့်ရဲ့ MPT ဆင်းကဒ်ကို SIM Slot 1 မှာ ထည့်သွင်း
အသုံးပြုလိုက်ပါ။

ဆင်းကဒ် စတင်အသုံးပြုခြင်း
ဆင်းကဒ် စတင်အလုပ်လုပ်ရန်အတွက်SIM Slot 1
တွင်ထည့်သွင်းပြီးပါကဖုန်းအားပါဝါဖွင့်ပြီး
ခေါ်ဆိုမှုတစ်ခုပြုလုပ်ရပါမည်။

ဖုန်းငွေဖြည့်အပိုလက်ဆောင်
MPTဆင်းကဒ်(GSM/WCDMA_Prepaid စနစ်)ကို စတင်အသုံးပြုခြင်းဖြင့် သုံးစွဲသူအနေနှင့် အဖွင့်လက်ဆောင် ၁ဝဝ ကျပ်ကို ရရှိမည်ဖြစ်သည်။ MPT SIM Card အဖွင့်လက်ဆောင်ကို MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ Pay-As-You-Go စနစ်ဖြင့် အင်တာနက်အသုံးပြုခြင်းတို့ အတွက် ရက်(၃၀)အတွင်း အသုံးပြုနိုင်ပါသည်။

ငွေဖြည့်သွင်းခြင်း
SIM Card စတင်အသုံးပြုသည့် အချိန်မှစ၍ (၇)ရက်အတွင်း ငွေဖြည့်ရန်လိုအပ်ပါသည်။ ငွေဖြည့်ကဒ်၊E-topup နှစ်မျိုးဖြင့် ဖုန်းငွေဖြည့်နိုင်ပါသည်။

MPT ၏ LTE+ ကွန်ရက်ကို မြို့ ကြီး ၃၂ မြို့နှင့် မြို့နယ်ပေါင်း၈၂တွင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

MPT ၏ LTE+ ကွန်ရက်ကို မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
အသေးစိတ်သိရှိလိုပါက MPT ၏ official website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
www.mpt.com.mm

LTE+ ကိုမည်သို့ အသုံးပြုမည်နည်း

  • LTE+ အသုံးပြုနိုင်သောနေရာ ဟုတ်၊ မဟုတ်စစ်ဆေးပါ။
  • LTE+ အသုံးပြုနိုင်သော ဆင်းကဒ် (USIM) ဟုတ်၊ မဟုတ်စစ်ဆေးပါ။
  • LTE+ အသုံးပြုနိုင်ရန် Handset Setting ပြောင်းထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
  • အထက်ပါအချက်များအားလုံးစစ်ဆေးပြီး အသင့်အနေအထားတွင် ရှိနေသော်လည်းLTE+ အသုံးမပြုနိုင်သေးပါက LTE+ အသုံးပြုနိုင်သော Handset ဟုတ်၊ မဟုတ်စစ်ဆေးပါ။
  • အထက်ပါအချက်(၄)ချက်နှင့် ကိုက်ညီပြီးဖြစ်ပါက သုံးစွဲသူသည် ွှူန+ ဝန်ဆောင်မှုကိုအသုံးပြုနိုင်ပါပြီ။

အသုံးပြုနေသော MPT ဆင်းကဒ်သည် LTE+ အသုံးပြုနိုင်သော ဆင်းကဒ် (USIM) ဟုတ်၊ မဟုတ်မည်သို့စစ်ဆေးမလဲ။

စည်းကမ်းသတ်မှတ်ချက်များ
– USIM sim card ပြောင်းလဲပြီးနောက် အနည်းဆုံး ၁၀၀၀ကျပ်မှ စတင်၍ (၇)ရက်အတွင်း ငွေဖြည့်ရန်လိုအပ်ပါသည်။
– USIM sim card မှ နောက်ထပ် USIM sim card သို့ ပြောင်းလဲပါက အထက်ပါ ဒေတာလက်ဆောင်ကို ရရှိနိုင်မည်မဟုတ်ပါ။
– ဒေတာလက်ဆောင်၏ သက်တမ်းကာလ မှာ (၃၀) ရက်ဖြစ်ပါသည်။

ဒေတာလက်ဆောင် ရရှိနိုင်သူများ
– USIM မဟုတ်သော MPT သုံးစွဲသူများအားလုံး

LTE+ ချိန်ညှိနည်း

  • မိမိဖုန်း၏ ချိန်ညှိရန်နေရာသို့သွားပါ။
  • Cellular/Mobile Network ကိုရွေးချယ်ပါ။.
  • ထို့နောက် Cellular Data Option ကိုရွေးချယ်ပါ။
  •  ပြီးလျှင် 4G/LTE ကိုရွေးချယ်ပါ။
  •  Home သို့ပြန်သွားပါ။LTE+ ကိုအသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။

LTE+ နှင့်အတူ သွက်လက်သော အောက်ပါ မြန်နှုန်းမြင့်လုပ်ဆောင်ချက်များကို အဆင်ပြေချောမွေ့ စွာလုပ်ဆောင်နိုင်ပြီဖြစ်သည်။

    • HD Videoများကိုအထစ်မငေါ့မရှိ ကြည့်ရှုနိုင်ခြင်း
    • အဆင်ပြေချောမွေ့စွာVideo Call များခေါ်ဆိုနိုင်ခြင်း
    • ကန့်ကြာမှုမရှိဘဲ Online Game များ ကစားနိုင်ခြင်း
  • မြန်ဆန်သောနှုန်းဖြ Download ပုလုပ်နိုင်ခြင်း

 

LTE+ ချိန်ညှိရန် အကူအညီလိုအပ်ပါက

(1) Call Center 106 ကို ခေါ်ဆိုပါ။
(2) MPT Website www.mpt.com.mm ကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
(3) နီးစပ်ရာ MPTဆိုင်များတွင် အကူညီတောင်းခံနိုင်ပါသည်။

အင်တာနက် အသုံးပြုရန် APN ချိန်ညှိခြင်းရွှေစကား၊ ရှယ်ပြော(သို့) ဆွေသဟာကို ရယူခြင်းဖြင့် မြန်ဆန်သော အင်တာနက်ကို အလိုအလျှောက်ရရှိမည် ဖြစ်ပါသည်။

  • အလိုအလျှောက် APN Setting ဝန်ဆောင်မှုသည် GSM/WCDMAဖုန်းများအတွက်သာဖြစ်ပြီးCDMA
    ဖုန်းများတွင်အသုံးပြုနိုင်မည်မဟုတ်ပါ။
  • အချို့သော Handset များတွင် Auto APN settingအား အလိုအလျောက်အသုံးပြုနိုင်ခြင်းမရှိပါ။ ထို့ကြောင့် APN setting ကို ကိုယ်တိုင်ရိုက်နှိပ်ရယူရမှာဖြစ်ပါတယ်။
  • Andriod ဖုန်းအသုံးပြုသူများ : Mobile Network > Access Point Name>Name – mptnet, APN – mptnet
  • iOS ဖုန်းအသုံးပြုသူများ : Setting > Cellular > Cellular Data Network > Name – mptnet, APN  mptnet
  • အင်တာနက်အားအသုံးပြုလိုခြင်းမရှိပါက mptnet အားပယ်ဖျက်ခြင်းဖြင့် APN settingအား ရပ်တန့်နိုင်ပါသည်။
  • အသုံးပြုသူအနေဖြင့် မည်ကဲ့သို့ပြုလုပ်ရမည် ကိုမသိရှိပါက “ Call Center 106” အားခေါ်ဆို မေးမြန်းနိုင်ပါသည်။