×

MPTက ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်စေရန် သတင်းအချက်အလက်စင်တာများကို တစ်နိုင်ငံလုံးတွင် ထပ်မံတိုးချဲ့သွားမည်

24 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၄ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အခြေခံ ဒီဂျစ်တယ်ပညာရေးဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်အတွက် ၎င်း၏ MPT telecenter များကို (၃) ဆတိုး ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ MPT telecenter သို့ လာရောက်၍ လေ့လာအသုံးပြုသူများ အနေဖြင့် အကျိုးကျေးဇူးများစေမည့် သတင်းအချက်အလက်များ အပြင် အခြားသော ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့်ဆိုင်သည့် အချက်အလက်များကိုလည်း အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT အနေဖြင့် ယခုနှစ် မတ်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MPT telecenter ပေါင်း ၄၀ ကို ဖွင့်လှစ်ခဲပြီး ၂၀၁၉ ခုနှစ် မတ်လတွင် MPT telecenter အရေအတွက် ၁၅၀ အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် မိုဘိုင်းလ်ဖုန်းများတွင် သုံးစွဲရန် အကန့်အသတ်မရှိ Wifi ကို အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး MPT telecenter တိုင်းတွင် လက်ပ်တော့ပ် ကွန်ပျူတာနှင့် တက်ဘလက်များကို အခမဲ့ အသုံးပြုနိုင်ရန် အတွက်လည်း ပံ့ပိုးပေးထားသည်။ MPT telecenter သို့ လာရောက်သူတိုင်းအား ကူညီနိုင်ရန်နှင့် လုံခြုံစိတ်ချရသည့် အင်တာနက်အသုံးပြုမှုကို ပြသပေးနိုင်ရန် အတွက် MPT အနေဖြင့် ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားပေးထားသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ယနေ့ ဒီဂျစ်တယ်ခေတ်က ကျွန်တော်တို့ လူနေမှုဘဝတွေထဲကိုပါ ဝင်ရောက်လာပါပြီ။ ဒီဂျစ်တယ်နည်းပညာတွေ ကျွမ်းကျင် တတ်မြောက်မှုနဲ့ သုံးစွဲမှု ပျံ့နှံ့လာတာက မြန်မာ့စီးပွားရေးကဏ္ဍ လက်တွေ့ မြင့်မားလာမယ့် အခွင့်အရေးကို ပေးနိုင်မှာဖြစ်ပါတယ်။ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုမှုနဲ့ ရင်းနှီးနေတဲ့ လူတစ်ယောက်က အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ MPT telecenter တွေကို လာရောက်တဲ့ သူတိုင်းက ဒီလိုဒီဂျစ်တယ်ကျွမ်းကျင်မှုတွေကို အလွယ်တကူပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနှစ်မှာ MPT အနေနဲ့ မြို့ပြနဲ့ ကျေးလက်အကြားက ဒီဂျစ်တယ်နည်းပညာတွေကိုကျွမ်းကျင်နိုင်မယ့် အရည်အချင်းတွေကို ဖြည့်ဆည်းပေးဖို့ နေရာအနှံ့မှာ MPT telecenter တွေကို ဖွင့်သွားဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

MPT telecenter အားလုံးကို ပညာရေးနှင့် ဖျော်ဖြေရေးအကြောင်းအရာ အမြောက်အများပါဝင်သည့် ခေတ်မီ စက်ပစ္စည်းများဖြင့် ဖြည့်တင်းထားပြီး လာရောက်သူများအနေဖြင့် Microsoft Office ကိုလည်း ကိုယ်တိုင် ထိတွေ့အသုံးပြုနိုင်မည်ဖြစ်သည်။ ဖျော်ဖြေရေးရုပ်ရှင်၊ ဂိမ်းအမျိုးအစား ၈၀၀ ကျော်၊ ရုပ်ပြ၊ ဝတ္တူများ နှင့် အင်္ဂလိပ်သင်ခန်းစာများ ၁ သောင်းကျော် နှင့် ကျန်းမာရေးအသိပညာပေး ဝန်ဆောင်မှုများ အပါအဝင် MPT ၏ များပြားလှသည့် ထပ်ဆောင်းဝန်ဆောင်မှုများကိုလည်း အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

Telecenter ဖွင့်လှစ်ထားသည့် နေရာများ

စဉ် တိုင်းနှင့်ပြည်နယ် မြို့နယ် လိပ်စာ ဖုန်းနံပါတ်
မန္တလေးတိုင်း အောင် မြေသာစံ (၂၅) လမ်း၊ (၈၀ နှင့် ၈၁ လမ်းကြား)၊ အောင်မြေသာစံ၊ မန္တလေးမြို့ ၀၉ – ၂၅၃၁၂၂၆၀၈
မန္တလေးတိုင်း ညောင်ဦး အမှတ် (၄)၊ သီရိပစ္စယာ ရပ်ကွက်၊ အနော်ရထာလမ်း၊ ညောင်ဦးမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၃၀
မန္တလေးတိုင်း မိတ္ထီလာ မိတ္ထီလာစာတိုက်ရုံး၊ ရန်ကုန် – မန္တလေး ကားလမ်း၊ မြို့မ (၄) ရပ်ကွက်၊ မိတ္ထီလာမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၃၃
မန္တလေးတိုင်း မြင်းခြံ မြင်းခြံဆက်သွယ်ရေးရုံး၊ (၂ ) ရပ်ကွက်၊ မြင်းခြံမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၃၆
ရခိုင်ပြည်နယ် စစ်တွေ ရူပစာတိုက်ရုံး ၊ ရူပမြောက် ရပ်ကွက်၊ စစ်တွေမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၄၂
ရခိုင်ပြည်နယ် သံတွဲ သံတွဲဆက်သွယ်ရေးရုံး၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (၂) ရပ်ကွက်၊ သံတွဲမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၄၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ လေဆိပ်လမ်းထောင့် နှင့် ဈေးစုလမ်း၊ စာတိုက်ကြီး၊ အမှတ် (၃) ရပ်ကွက်၊ ကျိုင်းတုံမြို့နယ်။ ၀၉ – ၂၅၅၀၀၀၁၆၇
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး ပြည်နယ်တာဝန်ခံရုံး၊ ဗိုလ်ချုပ်လမ်း၊ သစ်တော ရပ်ကွက်၊ တောင်ကြီးမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၆၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ ညောင်ရွှေ ဆက်သွယ်ရေးရုံး၊ ပြတိုက်လမ်း၊ နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၆၃၊ ၀၈၁- ၂၀၉၄၄၄
၁၀ ရှမ်းပြည်နယ် (တောင်ပိုင်း) အေးသာယာ အေးသာယာ ဆက်သွယ်ရေးရုံး၊ (၄၈) ရပ်ကွက်ကြီး၊ အမှတ် (၅) ရပ်ကွက်၊ အေးသာယာမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၆၇၊ ၀၈၁-၂၀၅၁၁
၁၁ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်ဆမ် မိုးနန့်လမ်း၊ အမှတ် (၅) ရပ်ကွက်၊ နမ့်ဆမ်မြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၇၀
၁၂ ရှမ်းပြည်နယ် (မြာက်ပိုင်း) လာရှိုး ပြည်နယ်တာဝန်ခံရုံး၊ သာသနာ ၂၅၀၀ ဘုရားလမ်း၊ အမှတ် (၁) ရပ်ကွက်၊ လားရှိုးမြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၇၃
၁၃ မွန်ပြည်နယ် မော်လမြိုင် MPT ပြည်နယ်မန်နေဂျာရုံး၊ သစ်ကယ်ကုန်းရပ်ကွက်၊ မော်လမြိုင်မြို့နယ်။ ၀၉ – ၂၅၃၁၂၂၆၈၈
၁၄ ပဲခူးတိုင်း ပဲခူး ရန်ကုန် – မန္တလေးလမ်း၊ နာရီစင်အနီး၊ တိုင်းမန်နေဂျာ ရုံး၊ ပဲခူးမြို့နယ်။ ၀၉ – ၂၅၃၁၂၂၇၀၀
၁၅ ပဲခူးတိုင်း ပြည် ရန်ကုန်-ပြည်လမ်း၊ ဆင်စုအလုပ်ရုံဝင်း၊ ပြည်မြို့နယ်။ ၀၉ – ၂၅၃၁၂၂၇၀၃
၁၆ ပဲခူးတိုင်း မင်းလှ အမှတ် (၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ မင်းလှ ဆက်သွယ်ရေးရုံး၊ မင်းလှမြို့နယ်။ ၀၉ – ၂၅၃၁၂၂၇၀၆, ၀၅၃-၃၀၃၃၃
၁၇ ပဲခူးတိုင်း လက်ပံတန်း အမှတ် (၂) လမ်း၊ မင်း ရပ်ကွက်၊ လက်ပံတန်း အော်တိုအိတ်ချိန်း၊ လက်ပံတန်းမြို့။ ၀၉ ၂၅၃၁၂၂၇၀၉
၁၈ ပဲခူးတိုင်း ပေါက်ခေါင်း ပြည်-တောင်ငူလမ်း၊ အမှတ် (၅) ရပ်ကွက်၊ ပေါက်ခေါင်းမြို့။ ၀၉ ၂၅၃၁၂၂၇၁၂
၁၉ ပဲခူးတိုင်း တောင်ငူ လမ်းမကြီး၊ တောင်ငူမြို့။ ၀၉ ၄၂၄၀၀၀၈၇၅
၂၀  

မကွေးတိုင်း

မကွေး တိုင်း မန်နေဂျာရုံး၊ အမှတ် ၁ အထက်တန်း ကျောင်းလမ်းနှင့် ဆေးရုံလမ်းထောင့်၊ အမှတ် ၅ လမ်းဆုံ အနီး၊ စိုးကျော်မင်း ရပ်ကွက်၊ မကွေးမြို့။ ၀၉ ၂၅၃၁၂၂၇၁၅၊ ၀၉ ၄၅၀၀၀၀၃၃၉
၂၁ မကွေးတိုင်း တောင်တွင်းကြီး ရောင်ခြည်လမ်း၊ တောင်ပြင် (၂) ရပ်ကွက်၊ တောင်တွင်းကြီးမြို့။ ၀၉ ၂၅၃၁၂၂၇၁၈
၂၂ မကွေးတိုင်း မင်းဘူး ဗိုလ်ချုပ်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ မင်းဘူးမြို့။ ၀၉ ၄၂၄၀၀၀၈၉၀
၂၃ မကွေးတိုင်း ဂန့်ဂေါ မြစ်ရှောင်လမ်း၊ အမှတ် (၂) ရပ်ကွက်၊ ဂန့်ဂေါမြို့။ ၀၉ ၄၂၄၀၀၀၈၉၁
၂၄ မကွေးတိုင်း အောင်လံ (၁၁) လမ်း၊ တာရာကုန်းရပ်ကွက်၊ အောင်လံမြို့။ ၀၉ ၄၂၄၀၀၀၈၉၂
၂၅ ဧရာဝတီတိုင်း ပုသိမ် ပြည်နယ် မန်နေဂျာရုံး၊ မဟာဗန္ဓုလလမ်း၊ ပုသိမ်မြို့။ ၀၉ ၂၅၃၁၂၂၇၂၇၊ ၀၄၂ ၂၅၂၃၆
၂၆ ဧရာဝတီတိုင်း ဟင်္သာတ အော်တိုအိတ်ချိန်းရုံး၊ ဗိုလ်ချုပ်လမ်း၊ ဟင်္သာတမြို့။ ၀၉ ၂၅၃၁၂၂၇၃၀
၂၇ ဧရာဝတီတိုင်း ဘိုကလေး အော်တိုအိတ်ချိန်းရုံး၊ ဘိုကလေးလမ်း၊ အမှတ် (၄) ရပ်ကွက်၊ ဘိုကလေးမြို့။ ၀၉ ၂၅၃၁၂၂၇၃၆
၂၈ ဧရာဝတီတိုင်း မြောင်းမြ အော်တိုအိတ်ချိန်းရုံး၊ တောက်ရောင်နေလမ်း၊ မြောင်းမြမြို့။ ၀၉ ၄၂၄၀၀၀၈၇၇
၂၉ ဧရာဝတီတိုင်း မြန်အောင် အော်တို အိတ်ချိန်းရုံး၊ စာတိုက် တဲကုန်း လမ်း၊ မြန်အောင်မြို့။ ၀၉ ၄၂၄၀၀၀၈၇၉
၃၀ ဧရာဝတီတိုင်း မအူပင် မိုဘိုင်းနှင့် မိုက်ခရို အဆောက်အဦ၊ အမှတ် ၁ ရပ်ကွက်၊ မအူပင်မြို့။ ၀၉ ၄၂၄၀၀၀၈၈၀
၃၁ တနင်္သာရီတိုင်း ထားဝယ် MPT ပြည်နယ်မန်နေဂျာရုံး၊ ထားဝယ်မြို့။ ၀၉ ၂၅၃၁၂၂၇၄၂
၃၂ တနင်္သာရီတိုင်း မြိတ် ပုလဲလမ်း၊ အမှတ် (၃) အထက်တန်းကျောင်းဘေး၊ ဈေးတန်းရပ်ကွက်၊ မြိတ်မြို့။ ၀၉ ၂၅၃၁၂၂၇၄၅
၃၃ တနင်္သာရီ ပုလော ပုလော ဟိုင်းဝေးလမ်း၊ ပုလောစာတိုက်ရုံးဝန်း၊ ပုလောမြို့။ ၀၉ ၂၅၃၁၂၂၇၅၁
၃၄ စစ်ကိုင်းတိုင်း မုံရွာ မုံရွာ စာတိုက်ရုံးဝန်း (တိုင်းမန်နေဂျာရုံး)၊ ရုံးကြီး လမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။ ၀၉ ၂၅၁၁၂၂၆၉ ၁
၃၅ စစ်ကိုင်းတိုင်း ကလေး ဗိုလ်ချုပ်လမ်း၊ ပင်လုံ ရပ်ကွက်၊ ကလေးမြို့။ ၀၉ – ၄၂၄၀၀၀၈၈၇
၃၆ ကချင်ပြည်နယ် မြစ်ကြီးနား မြစ်ကြီးနား MPT ဆက်သွယ်ရေးရုံး၊ သစ်တောရုံးရှေ့၊ စာမလမ်းနှင့် ဇော်ကုန်းလမ်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့။ ၀၉ ၂၅၃၁၂၂၇၇၂
၃၇ ကယားပြည်နယ် လွိုင်ကော် ဦးသီရိလမ်းနှင့် ၅ လမ်း ထောင့်၊ ဒေါ်ဟုခု ရပ်ကွက်၊ လွိုင်ကော် အိတ်ချိန်းရုံး၊ လွိုင်ကော်မြို့။ ၀၉ ၂၅၃၁၂၂၇၆၆
၃၈ ချင်းပြည်နယ် ဟားခါး MPT ပြည်နယ် မန်နေဂျာရုံး၊ ဈေး (၁) ရပ်ကွက်၊ မတူပီလမ်း၊ ဟားခါးမြို့။ ၀၉ ၂၅၃၁၂၂၇၆၉
၃၉ ရန်ကုန်တိုင်း လမ်း ၄၀ အမှတ် (၁၀၃)၊ လမ်း ၄၀၊ ကျောက်တံတားမြို့နယ်။ ၀၉ – ၂၅၃၁၂၂၇၈၂
၄၀ ရန်ကုန်တိုင်း ဆူးလေ ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရား အနီး၊ ပန်းဘဲတန်းမြို့နယ်။ ၀၁ ၃၇၀၇၀၆၊

၀၁ ၇၀၀၀၅၃