
MPT ကမိုဘိုင်းလ်ဒေတာအမြန်နှုန်းကို LTE + ကွန်ရက်အသစ်ဖြင့်အရှိန်မြင့်တင်ဆောင်ရွက်သွားမည်
19 Jun 2017(ရန်ကုန်- ဇွန်၁၉၊ ၂၀၁၇ ခုနှစ်) – MPT သည် ပုံမှန် LTE ထက် ၂ ဆပိုမိုမြန်ဆန်သည့် ၎င်း၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုကို LTE+ အမည်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ခေတ်မီဆန်းသစ်သည့် နည်းပညာဖြင့်၂ ဆတိုးမြန်ဆန်သည့် မိုဘိုင်းလ်ဒေတာအမြန်နှုန်းကို မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် အရင်ဆုံးရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအနှံ့အပြားရှိအခြားသော မြို့များတွင်လည်းမကြာမီမိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
MPT သည် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်နှင့်အညီနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာကဏ္ဍတွင် သမိုင်းတစ်ခေတ်ဆန်းစေမည့် အခန်းကဏ္ဍကိုအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ခွင့်ပြုထားသော1.8GHz လှိုင်းနှုန်းစဉ်အသုံးပြုခွင့်နှင့်အတူ MPT သည် မြန်နှုန်းမြင့် LTE+ကွန်ရက်ကိုမိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ အဆိုပါ ကွန်ရက်သည်သာမန် 4G/LTE ထက်ပိုမိုမြန်ဆန်သည့် မိုဘိုင်းလ်အင်တာနက်ကိုပေးအပ်သွားမည်ဖြစ်ပါသည်။LTE+ သည် ဒေတာ download/upload ရယူမှုများကို ပိုမိုလျင်မြန်ဆန်စေပြီး တစ်ကိုယ်ရည်သုံးနှင့် လုပ်ငန်းသုံးဖုန်းများအတွက် ဆက်သွယ်ရေးနည်းပညာများကိုပါ တိုးတက်ပြောင်းလဲစေနိုင်မည်ဖြစ်ပါသည်။
MPT အနေဖြင့် နောက်ဆုံးပေါ်4×4 Multiple Input Multiple Output (MIMO) နည်းပညာကိုအသုံးပြုပြီး ဆောင်ရွက်ထားသဖြင့် 4G/LTE 2×2 MIMO ထက်ပိုမိုသာလွန်ကောင်းမွန်ကာ ဒေတာအမြန်နှုန်းကို ယခင်ကထက် ၂ ဆပိုမိုမြန်ဆန်စွာပေးစွမ်းနိုင်ပြီဖြစ်ပါသည်။ 4×4 MIMO ကိုအသုံးပြုထားခြင်းကြောင့် သုံးစွဲသူ၏ မိုဘိုင်းဆက်သွယ်ရေးပစ္စည်းနှင့် ဆက်သွယ်ရေးတာဝါတိုင်မှထုတ်လွှင့် ဖမ်းယူသည့် Cell ပမာဏမှာ ၂ ဆအထိ တိုးတက် ဖမ်းယူထုတ်လွှင့်နိုင်ခြင်း ဖြစ်သည်။ ယင်းသို့သော လမ်းကြောင်း ၄ ခုကိုအသုံးပြုခြင်းဖြင့် ကွန်ရက်အပေါ်မူတည်ပြီး စုပေါင်းကာ အလွန်ပင်လျင်မြန်သည့် အမြင့်ဆုံးသော ဒေတာစီးဆင်းမှုနှုန်းကို ရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။ LTE+အင်တာနက်အမြန်နှုန်းကို75 Mbpsမှ 150 Mbps အထိတိုးမြှင့်ရယူနိုင်စေမည်ဖြစ်သည့်အတွက် အခြားဝန်ဆောင်မှုများထက်သာလွန်ကောင်းမွန်သော မိုဘိုင်းလ်အင်တာနက်သုံးစွဲမှုအတွေ့အကြုံကိုMPT ၏ LTE+ ကွန်ရက် မှတစ်ဆင့်အကောင်းဆုံးရရှိခံစားအသုံးပြုနိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations မှ CEO ဖြစ်သူ Mr. ToshitakeAmamiyaက “MPT ရဲ့ LTE+ ကွန်ရက်ကိုအားဖြည့်ပေးနေတဲ့နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာကအရင်ကရှိတဲ့ကွန်ရက်နဲ့မတူဘဲအလွန်လျင်မြန်တဲ့ မိုဘိုင်းလ်ဒေတာအမြန်နှုန်းကိုရယူအသုံးပြုနိုင်မှာဖြစ်ပြီးရှိပြီးသား Data Packs တွေ၊ Pay-As-You-Go အစီအစဉ်တွေကိုလည်းအရင်နှုန်းထားအတိုင်းပဲကျသင့်မှာဖြစ်ပါတယ်။ဒါ့အပြင်MPT ကအသစ်ထပ်မံမိတ်ဆက်မယ့်Happy Data Combo Pack ပရိုမိုးရှင်းအစီအစဉ်သစ်ကို LTE+ ကွန်ရက်ပေါ်မှာပိုမိုသက်သာတဲ့နှုန်းထားနဲ့ အသုံးပြုနိုင်အောင်စီစဉ်ဆောင်ရွက်ပေးထားပြီးဒေတာအပိုဆုတွေကိုလည်းSocial Media နဲ့့ အွန်လိုင်း Video နှစ်သက်သူများအတွက် ပေးအပ်သွားမှာဖြစ်ပါတယ်။ LTE+ ရဲ့ပုံမှန်ထက်၂ဆမြန်တဲ့အမြန်ဆုံးအင်တာနက်နဲ့ဆိုဒေတာအသုံးပြုသူတွေအနေနဲ့ဖိုင်ဆိုဒ်ကြီးတာတွေကိုdownload ရယူတဲ့အခါနဲ့ပို့တဲ့အခါတွေ၊ဒေတာများများသုံးစွဲရတဲ့ဂိမ်းတွေကစားတဲ့အခါနဲ့ HD ဗီဒီယိုတွေကြည့်တဲ့အခါတွေမှာအရမ်းကွာခြားနေတာကိုခံစားရမှာပါ”ဟုပြောကြားပါသည်။
“ဒါဟာအမှန်တကယ်တော့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် ခေတ်သစ်တစ်ခုကိုဆောင်ယူလာတာဖြစ်သလို ကြီးမားကျယ်ပြန့်တဲ့ အွန်လိုင်းပေါ်ကအကြောင်းအရာတွေနဲ့ဝန်ဆောင်မှုတွေကိုမိိမိတို့ရဲ့ မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက်ကပေးတဲ့ ၀န်ဆောင်မှုတွေကနေတစ်ဆင့်တွေ့ကြံုခံစားရစေမှာဖြစ်ပါတယ်” ဟုဆက်လက်ပြောကြားပါသည်။
MPT အနေဖြင့် LTE+ ကွန်ရက်ကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များရှိ မြိူ့နယ်ပေါင်း (၄၇) မြို့တွင် မေလအတွင်းက မိတ်ဆက်ခဲ့ပေးပြီးဖြစ်ကာ LTE + ကွန်ရက်များချဲ့ထွင်ခြင်းကို ဇူလိုင်လတွင် ပဲခူး၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ နှင့် ပုသိမ်မြို့ကြီးများတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး၊ သြဂုတ်လတွင်မြို့ကြီး ၂၀ ကျော် နှင့် စက်တင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိိ မြို့ကြီး ၃၀ ကျော်တို့တွင်စတင် အသုံးပြု နိုင်တော့မည်ဖြစ်ကာ မကြာခင်အချိန်အတွင်း နောက်ထပ်နေရာများတွင် LTE+ ကိုရရှိအသုံးပြုနိုင်တော့မည်ဖြစ် ပါသည်။
သုံးစွဲသူ၏ မိုဘိုင်းလ်ဖုန်းအမျိုးအစားပေါ်မူတည်၍ LTE+ ကွန်ရက်လွှမ်းခြုံထားသည့် နေရာများတွင် LTE+ ကွန်ရက်ကိုအလိုအလျောက်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မြန်မာနို်င်ငံတွင် အမြန်ဆုံး နှင့် အကြီးမားဆုံး ကွန်ရက်အဖြစ် တရားဝင်အသိအမှတ်ပြုခံထားရသောMPTသည်3G ကွန်ရက် မှ LTE+ ကွန်ရက်သို့ ပြောင်းလဲချိတ်ဆက်အသုံးပြုရာတွင် လွယ်ကူအဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ရန်အတွက် ကွန်ရက်များကိုတိကျသေချာစွာဖြင့် ဆောင်ရွက်ပေးထားပါသည်။
4G စနစ်ကိုအသုံးပြုနိုင်သည့်ဖုန်းများနှင့် ဆင်းမ်ကတ်များကိုင်ဆောင်ထားသည့် MPT သုံးစွဲသူအားလုံးမှာLTE+ ဝန်ဆောင်မှုကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် GSMဆင်းမ်ကတ် အဟောင်းများကိုသုံးစွဲသူဖြစ်ပါကမိမိတို့၏ ဆင်းမ်ကတ်အဟောင်းများကိုမူရင်းဖုန်းနံပါတ်နှင့် အတူတူပင်ဖြစ်သည့် 4G အသင့်အသုံးပြုနိုင်သောဆင်းမ်ကတ်အသစ်များဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့ရှိ MPT အမှတ်တံဆိပ်ဆိုင်တိုင်းတွင် ဝန်ဆောင်ခပေးရန်မလိုဘဲအခမဲ့လဲလှယ်နိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် ယခုဝန်ဆောင်မှုကိုအသုံးပြုနိုင်ရန်အတွက် မိမိတို့၏ ဖုန်း setting တွင် LTE+ကွန်ရက်အသုံးပြုနိုင်မှုကိုရွေးချယ်ထားရန်လိုအပ်မည်ဖြစ်ပါသည်။
LTE+ ကွန်ရက်ဖြန်ကျက်ထားသည့်မြို့နယ်စာရင်းများ
ရန်ကုန် | |||
အလုံ | လှိုင် | လသာ | ဆိပ်ကမ်း |
ဗဟန်း | လှိုင်သာယာ | မြေနီကုန်း | ရွှေပြည်သာ |
ဗိုလ်တစ်ထောင် | ထန်းတပင် | မင်္ဂလာဒုံ | တောင်ဥက္ကလာပ |
ဒဂုံ | အင်းစိန် | မင်္ဂလာတောင်ညွှန့် | တာမွေ |
ဒဂုံမြို့သစ်(မြောက်ပိုင်း) | ကမာရွတ် | မြောက်ဥက္ကလာ | သာကေတ |
ဒဂုံမြို့သစ် (ဆိပ်ကမ်း) | ကျောက်တံတား | ပန်းဘဲတန်း | သင်္ဃန်းကျွန်း |
ဒဂုံမြို့သစ်(တောင်ပိုင်း) | ကြည့်မြင်တိုင် | ပုဇွန်တောင် | တွံတေး |
ဒေါပုံဆိပ်ကမ်း | လမ်းမတော် | စမ်းချောင်း | ရန်ကင်း |
မန္တလေး |
အမရပူရ |
အောင်မြေသာစံ |
ချမ်းအေးသာစံ |
ချမ်းမြသာစည် |
မဟာအောင်မြေ |
ပုသိမ်ကြီး |
ပြည်ကြီးတံခွန် |
တံတာဦး |
နေပြည်တော် |
ဒက္ခိဏသီရိ |
လယ်ဝေး |
ဥတ္တရသီရိ |
ပုပ္ပသီရိ |
ပျဉ်းမနား |
ဇမ္ဗူသီရိ |
ဇေယျာသီရိ |