×

MPT ကို ယုံကြည်စိတ်ချစွာဖြင့် အစဉ်တစိုက် သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ၂၀၂၁ နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်း

30 Dec 2020

(မြန်မာပြည်နှင့်အတူရှိနေပြီး သုံစွဲသူများလိုအပ်ချက်နှင့်ကိုက်ညီမှုရှိသည့် ကောင်းမွန် ဆန်းသစ်သောဝန်ဆောင်မှုများကို မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အစဥ်တစိုက် ဆက်လက်ပေးအပ်သွားမည်။)

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)-နှစ်သစ်သို့ မကြာမီရောက်ရှိတော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများအားလုံး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များနှင့်အတူ ကောင်းကျိုးလိုလားစိတ်၊ ပျော်ရွှင်မှု၊ ကြွယ်ဝချမ်းသာမှုများနှင့် ပြည့်စုံသည့်နှစ်သစ် ဖြစ်ပါစေကြောင်း MPT က ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။
နှစ်သစ်တိုင်းသည် အနာဂတ်တွင်မည်သို့ရှိမည်ကို စိတ်လှုပ်ရှားမှုနှင့်အတူ ဆောင်ယူလာသော်လည်း ယခင် နှစ်က အကြောင်းအရာ၊ အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ခြင်းမှာ အရေးတကြီးလုပ်ဆောင်ရမည့် အရာတစ်ခု ပင်ဖြစ်သည်။ ကြိုတင် ခန့်မှန်းမထားနိုင်သည့် အခြေအနေများ၊ မတွေ့ကြုံဖူးသည့် စိန်ခေါ်မှုအသစ်များနှင့် ၂၀၂၀ ခုနှစ်တွင် စိတ်လှုပ်ရှားစရာ အခိုက်အတန့်များရှိခဲ့သော်လည်း MPT အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ထောက်ပံ့ကူညီနိုင်ခဲ့ သည့်အပြင် ဆက်သွယ်ရေးကဏ္ဍ ၏ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများတွင်လည်း ဆက်လက်ဦးဆောင် လျက်ရှိပါသည်။
MPT သည် သုံးစွဲသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ထမ်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ထိုကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(MoHS) ၏ လမ်းညွှန်ချက်များကို စဉ်ဆက်မပြတ်လိုက်နာခဲ့ပြီး ဌာနအားလုံးတွင် လုံခြုံစိတ်ချရသောလုပ်ငန်းလည်ပတ်မှုများကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ရုံးများအားလုံးနှင့် အရောင်းဆိုင်များ အားလုံးတွင် ဘေးကင်းလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး ရှေ့တန်းမှတာဝန်ယူ ဆောင်ရွက်နေသော ဝန်ထမ်းများအတွက်လည်း သီးသန့်ဘေးကင်းလုံခြုံရေး အစီအမံများဖြင့် ဆောင်ရွက်လျက် ရှိသည်။
MPT အနေဖြင့် ကပ်ရောဂါကူးစက်ပြန့်နှံ့မှု စတင်ချိန်ကပင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ရောဂါ ကုသရေးနှင့် အသွားအလာကန့်သတ်ဆောင်ရွက်ထားရှိရာနေရာ ၆၀ ကျော်ကို FTTH နှင့် B2B မြန်နှုန်းမြင့်ဖိုင်ဘာ အင်တာနက်ဝန်ဆောင်များအပြင် Wi-Fi ချိတ်ဆက်မှုများကိုလည်း ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ အကူအညီ လိုအပ်နေသည့် လူမူအဖွဲ့အစည်းများအား ထောက်ပံ့သည့်အနေဖြင့် MPT မှ မြန်မာငွေကျပ် သန်း ၁၀၀ကျော် ကိုလှူဒါန်းမှုပြုခဲ့သည့်အပြင် အသွားအလာကန့်သတ် ဆောင်ရွက်ထားရှိသော နေရာများသို့ မြန်မာငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ ပါးစပ်နှင့်နှာခေါင်းစည်း များ၊ ငွေဖြည့်ကတ်များနှင့် မိဘမဲ့ကလေးဂေဟာများအတွက် အခြေခံ စားသောက်ကုန်များကိုလည်း လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်နှံ့နေသည့် ကာလတွင်းတွင်ပင် MPT သည် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများတွင် အကျိုးသက်ရောက်မှုရှိသည့် လူမှုအကျိုးပြု အစီအစဉ်များဖြစ်သော စက်ရေတွင်းများတည်ဆောက်ပေးခြင်း၊ အခြေခံပညာကျောင်းများတွင် လက်ဆေးကန်များ တည်ဆောက်လှူဒါန်းခြင်းနှင့် သူနာပြုသိပ္ပံဘွဲ(ပေါင်းကူး) အစီအစဥ်တွင်လည်း နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် အင်တာနက် လိုင်းများပံ့ပိုးပေးခြင်းအစရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများကို အနာဂတ်မျိုးဆက်သစ်များအား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အပံ့ပြုဆောင်ရွက်ပေးခဲ့ပါသည်။
MPT ၏ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော FTTH နှင့် B2B ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံ တစ်ဝန်းရှိ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝန်းများအတွက် စာသင်ကြားခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ဆောင်ချက်များအပြင် ၎င်းတို့ချစ်ခင်မြတ်နိုးသူများနှင့် ဆက်သွယ်မှုရရှိစေရန်၊ နောက်ဆုံးပေါ်သတင်းများကြည့်ရှုနိုင်ရန်၊ ဂိမ်းနှင့်ဖျော်ဖြေရေး အစီအစဉ်များ ခံစားရယူ နိုင်ရန်အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
“ကျွန်တော်တို့ရဲ့ လုပ်ငန်းက ခိုင်မာသေချာမှုရှိတဲ့အပြင် ‘မြန်မာပြည်နှင့်အတူရှိနေမည်’ ဆိုတဲ့ ဆောင်ပုဒ် အတိုင်းကျွန်တော်တို့ မြဲမြဲမြံမြံ ရပ်တည်ဆောင်ရွက်သွားမှာပါ။ သုံးစွဲသူတွေအဖို့ အတွေအကြုံကောင်းတွေ တိုးတက်လာနိုင်ဖို့ အတွက် လုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ကိုင်နေသလို ကျွန်တော်တို့ရဲ့ B2B စီးပွားရေးဟာလည်း နိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ အခြေခံအုတ်မြစ်တွေဖြစ်စေဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဆက်သွယ်ရေးဝန်ဆောင်မှုဟာ ကျွန်တော်တို့ဝန်းကျင်ကို လျင်မြန်စွာ ပြောင်းလဲဖော်ဆောင်နိုင်စေပြီး အနာဂတ်မှာ နည်းပညာပုံစံသစ်ပြောင်းလဲမှုကနေ ရရှိလာမယ့် အကျိုးကျေးဇူးကို အားလုံးပါဝင် ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်တာတွေ၊ ဝန်ဆောင်မှုတွေကို တိုးချဲ့ကမ်းလှမ်းတာတွေအပြင် သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေ တိုးမြှင့်ရရှိပြီး ကိုဗစ်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်မယ့် လုပ်ငန်းစဉ်တွေမှာ ဦးဆောင်သွားဖို့ ရည်မှန်း ထားပါတယ်” ဟု MPT-KSGM JO ဌာန၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဖြစ်သူ Dr. Noboru EDAGAWA မှ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ကူးစက်ရောဂါဖြစ်ပွားမှု ဆက်လက်ရှိနေဆဲဖြစ်ပေမယ့် ကျွန်တော်တို့ နယ်ပယ်မှာသာမက တီထွင်ဖန်တီးမှုများစွာနဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုအတွက် အခွင့်အလမ်းကောင်းတွေ ရှာဖွေတွေ့ရှိမယ်ဆိုတာကို ကျွန်တော်တကယ်ပဲယုံကြည်ပါတယ်။ ခုလို နှစ်တစ်နှစ်ရဲ့ကူးပြောင်းမှုအစမှာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ယုံယုံကြည်ကြည်နဲ့ ထောက်ပံ့ပေးမှုတွေအတွက် အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျန်းမာပျော်ရွှင်ပြီး ချမ်းသာကြွယ်ဝတဲ့ နှစ်သစ်ဖြစ်ပါစေလို့ MPT ကိုယ်စား ကျွန်တော်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

MPT က ၂၀၂၀ ပြည့်နှစ်အတွင်း သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ ပြည့်စုံကောင်းမွန်စေရန်အတွက် ထူးခြားဆန်းသစ်ပြီး စျေးနှုန်းသက်သာသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့သည်။ “စုံစုံ လင်လင်”နှင့် “ကြိုက်ရာခေါ်” ကဲ့သို့ တစ်မျိုးတည်းဖြင့်အလုံးစုံအသုံးပြုနိုင်မည့် အံ့သြဖွယ်ရာ package အချို့ကိုလည်း MPT မှ ပေးအပ်ခဲ့ပြီး Facebook, Viber, Instagram, JOOX, Food Panda အစရှိသည့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ကာ အထူးပရိုမိုးရှင်းအစီအစဉ်ကောင်းများ၊နှင့် MPT U-Life ဟုခေါ်သည့် ဒီဂျစ်တယ် အာမခံ ဝန်ဆောင်မှုကိုလည်း စတင်မိတ်ဆက်နိုင်ခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမိတ်ဖက်အဖွဲ့အစည်း KDDI Summit Global Myanmar (KSGM) ပူးပေါင်းဆောင်ရွက်ခြင်း ၇ နှစ်မြောက် အထိမ်းအမှတ်နှင့် MPT Club သုံးစွဲသူ ၁၃ သန်းသို့ ရောက်ရှိခြင်းဟူသည့် အရေးကြီးသော အထူးမှတ်တိုင် နှစ်ခုကို MPT မှ ၂၀၂၀ ပြည့်နှစ်အတွင်း စိုက်ထူနိုင်ခဲ့သည်။ ထို့ပြင် ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်သည့် မျိုးဆက်သစ် မြန်မာလူငယ်လူရွယ်များအား ထောက်ပံ့အားပေးသည့်အနေဖြင့် MPT မှ e-Sports အားကစားနှင့် တေးဂီတ ပြိုင်ပွဲများ အပါအဝင် တစ်မူထူးခြားသည့် အိပ်မက်များအမှန် တကယ် ဖြစ်လာစေမည့် “ရွှေအိပ်မက်” အစီအစဉ်ကြီးကိုလည်း စတင်မိတ်ဆက်နိုင်ခဲ့သည်။

MPT သုံးစွဲသူများကို ၎င်းတို့၏ ဒီဂျစ်တယ်လူမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့်အတူ အပြောင်းအလဲများတွင် တစ်ပြေးညီလိုက်ပါနိုင်ရန် MPT အနေဖြင့် မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူလက်တွဲပြီး ဆန်းသစ်တီထွင် ထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးစွဲသူ ပြည်သူများသို့ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။၊ လာမည့်နှစ်သစ်တွင် MPT အနေနှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးဆောင်ရပ်တည် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး တချိန်တည်းတွင် “မြန်မာပြည်နှင့် အတူရှိနေမည်” ဆိုသည့် ကတိကဝတ်အတိုင်း လုပ်နိုင်စွမ်းများ၊ ဝန်ဆောင်မှုများ တိုးမြှင့်ခြင်းနှင့်အတူ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများဖန်တီးပေးရန်အတွက် ကျယ်ပြန့်သော ကွန်ရက်ဖြင့် ဝန်ဆောင်မှုများ ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။