×

MPT က ချစ်ခြင်းမေတ္တာ နှင့် ခင်မင်ရင်းနှီးမှုများကို ချစ်သူခင်သူများ၊ မိသားစုများ ကြားတွင် ၁ နှစ်လျှင် ၃၆၅ ရက်အမြဲမပြတ် ဖော်ကြူးပေးနိုင်မည့် ကြည်နူးစရာ ဝန်ဆောင်မှုများပါဝင်သည့် “ အချစ်ကမ္ဘာ” ဝန်ဆောင်မှုအသစ် ကို မိတ်ဆက်

27 May 2019

( ရန်ကုန် ၊ ၂၀၁၉ ခုနှစ် ၊ မေလ ၂၇ ရက် )-မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော် ပရေတာ ဖြစ်သည့် MPT သည် ချစ်ခင်မြတ်နိုးသူ၊ မိသားစုဝင်များ၊ ခင်မင်သူမိတ်ဆွေများအကြားရှိ အချစ်အမျိုုးမျိုး၏ ချစ်ခြင်းမေတ္တာကိုဖော်ကြူးသော အကြောင်းအရာ များကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ရယူအသုံးပြုနိုင်မည့် “အချစ်ကမ္ဘာ” ဝက်ဘ်ပေါ်တယ် ဝန်ဆောင်မှုကို CSS ကုမ္ပဏီ နှင့် ပူးပေါင်း၍ သုံးစွဲသူများအတွက် မိတ်ဆက်လိုက်ပြီဖြစ်သည်။ “အချစ်ကမ္ဘာ” ဝန်ဆောင်မှုတွင် MPT သုံးစွဲသူများသည် ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဆောင်းပါးများ ၊ အချစ်သီချင်းများ ၊ ဂိမ်းများ ၊ အချစ်နှင့်ပတ်သတ်သော ပဟေဠိများ ၊ ဗေဒင်များ၊ ဓါတ်ပုံများ၊ ဗွီဒီယိုများ နှင့် ချစ်ခြင်းမေတ္တာ နှင့်ပတ်သက်သည့် အချစ်မှတ်စုများစသည့် ကဏ္ဍ(၈)မျိုးပါဝင်သည့် ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ပြီဖြစ်သည်။ MPT သုံးစွဲသူများ အနေဖြင့်နေ့စဉ်ကြေးပေးသွင်း၍ အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်နေ့တာအတွက် အဆိုပါဝန်ဆောင်မှုကို တစ်နေ့လျှင် ဝန်ဆောင်ခ ၉၉ ကျပ်ဖြင့် တစ်နေ့လုံး/ ၂၄ နာရီ ဝင်ရောက်ရယူနိုင်မည်ဖြစ်သည်။

အချစ်ကမ္ဘာ ၏ ပင်မစာမျက်နှာ နှင့် ဝန်ဆောင်မှုများကဏ္ဍ
MPT သုံးစွဲသူများသည် အချစ်ကမ္ဘာ ဝန်ဆောင်မှုတွင် ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်သူစုံတွဲပုံများ ၊ နာမည်ကျော် အနုပညာရှင်များ၏ စုံတွဲပုံများ နှင့် အံ့သြဖွယ်ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းပုံများ၊ Relationship နှင့်ပတ်သက်သော အကြံပြု video များ ၊ နာမည်ကျော်ကြားသူများနှင့် တွေ့ဆုံမေးမြန်းခန်းများ ၊ ဟာသများနှင့် အချစ်နှင့်ပတ်သက်သော ဂိမ်းများ ၊ နိုင်ငံတကာမှ အချစ်သီချင်းကောင်းများ ၊ အချစ်ဆောင်းပါးဝတ္ထုတိုများ ၊ ဇာတ်လမ်းများ အပါအဝင် ပျော်ရွှင်ဖွယ်ဉာဏ်စမ်းပဟေဠိများ၊ အချစ်ရေးနှင့်ပတ်သက်သော တားရော့ ဗေဒင်ဟောကိန်းများ နှင့် နေ့စဉ်နှလုံးသားရေးရာဗေဒင်ဟောစာတမ်းများကို ရယူနိုင်မည်ဖြစ်သည်။
အချစ်ကမ္ဘာဝန်ဆောင်မှုကို ရယူလိုသူများသည် 8274 သို့ ON ဟု စာတိုပေးပို့ရယူနိုင်သလို www.achitkabar.com နှင့် http://love.lotayamm.com တွင် MPT ၏ မိုဘိုင်းလ်အင်တာနက် ကို အသုံးပြု၍ ဝင်ရောက်ရယူနိုင်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ လည်း MPT ၏ ထူးထူးခြားခြားတင်ဆက်မှုတစ်ခုဖြစ်သော အချစ်ကမ္ဘာ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ “MPT ဟာသုံးစွဲသူတွေနဲ့ အမြဲတစေထိတွေ့နေစေဖို့ ဝန်ဆောင်မှုတွေ ၊ အစီအစဉ်တွေ ကို ဖန်တီးပေးလျက်ရှိပြီး အခုတင်ဆက်လိုက်တဲ့ အချစ်ကမ္ဘာ ဝန်ဆောင်မှုကတော့ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေအတွက် ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရယူနိုင်မှာဖြစ်ပါတယ် ။ ဒီ ဝန်ဆောင်မှုကနေ တစ်ဆင့် သူတို့ ဘဝမှာ ချစ်ခြင်းမေတ္တာ ဆိုင်ရာ ကိစ္စတွေအတွက် အထောက်အကူပြုစေဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းတွေ ၊ ဂိမ်းတွေ နဲ့ video တွေ အပါအဝင် ချစ်ခြင်းမေတ္တာ နဲ့ သက်ဆိုင်တဲ့ တင်ဆက်မှုတွေလည်းပါဝင်တဲ့အတွက် သုံးစွဲသူတွေအားလုံးကို ပျော်ရွင်စရာတွေဖန်တီးပေးနိုင်တဲ့ ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွင်စေနိုင်မယ့် ဝန်ဆောင်မှုတစ်ခု ဖြစ်လာစေဖို့အတွက် ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်းတကယ့်ကို ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့အတွက် ရည်ရွယ်ထားပြီး ဒီပေါ်တယ်ဝန်ဆောင်မှုကနေတစ်ဆင့် သုံးစွဲသူတွေအနေနဲ့ ဘဝအတွက်ပျော်ရွှင်မှုတွေကို ခံစားနိုင်မှာပါ“ ဟုပြောကြားခဲ့ပါသည်။
အချစ်ကမ္ဘာ ဝန်ဆောင်မှုအပါအဝင် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ ဖြစ်စေ ၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် website ဖြစ်သော www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည်ဖြစ်ပါသည်။
CSS Company အကြောင်း
CSS သည် မိုဘိုင်းလ်နှင့် website များအတွက် တီထွင်ဆန်းသစ်မှုရှိသော ထပ်ဆောင်းဝန်ဆောင်မှုများ (Value Added Services) များကို ၂၀၀၅ ခုနှစ်ကတည်းက ဝန်ဆောင်မှုပေးလျက်ရှိသော ဦးဆောင် နည်းပညာ နှင့် တယ်လီကွန်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ ဒူဘိုင်းနိုင်ငံအခြေစိုက် လုပ်ငန်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းအတွေ့အကြုံများစွာကိုအသုံးချကာ ဝန်ဆောင်မှုကောင်းများပေးလျက်ရှိပါသည်။
လုပ်ငန်း၏ ထူးခြားသော စွမ်းဆောင်ချက်များမှာ
• လိုက်ရောညီထွေဖြစ်ကာ အသုံးချနိုင်သော GSM အသိပညာများ ကြွယ်ဝခြင်း
• အဇာဘိုင်ဂျန်နိုင်ငံ ၊ ကာဇက်စတန် နိုင်ငံ ၊ စင်္ကာပူနိုင်ငံ နှင့် UAE တို့တွင် IT လုပ်ငန်းများကို ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးခဲ့ခြင်း
• အမြတ်အစွန်းများစွာရရှိခဲ့သော ဈေးကွက်ဆိုင်ရာ တီထွင်ဆန်းသစ်မှုများ
• အရည်အသွေးမြင့် အင်ဂျင်နီယာများ နှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူများ၏ လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ အသိအမြင်များ
• ခိုင်မာသော လုပ်ငန်းအောင်မြင်မှုမှတ်တမ်းများ
• မဟာဗျူဟာမြောက်ချဉ်းကပ်မှုများ ၊ လိုက်လျောညီထွေစွာ စီမံမှုများ ၊ ခေတ်နှင့်အညီပြောင်းလဲမှုများ