×

MPT က တစ်မိနစ်လျှင် ၆ ကျပ်သာ ကျသင့်မည့် “ပြောသာပြော” Voice Pack အသစ် ကိုမိတ်ဆက်

31 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၁)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က သုံးစွဲသူများအတွက် အသက်သာဆုံးနှုန်းထားများဖြင့် ချစ်ခင်ရသူများထံသို့ ဖုန်းခေါ်ဆိုနိုင်မည့် “ပြောသာပြော” Voice Pack အသစ်ကို ယနေ့တွင် စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ MPT ၏ GSM/ WCDMA သုံးစွဲသူများအနေဖြင့် အဆိုပါ Voice Pack ကို ယနေ့မှစတင်၍ ရယူနိုင်မည်ဖြစ်သည်။

စာတိုပေးပို့ခြင်းထက် ဖုန်းခေါ်ဆိုခြင်းကို ပိုမိုနှစ်ခြိုက်သည့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ “ပြောသာပြော” Voice Pack ကို သုံးစွဲသူများထံ အရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် MPT ဖုန်းအချင်းချင်း (ကြိုးဖုန်းအပါအဝင်) ခေါ်ဆိုနိုင်မည့် “ပြောသာပြော” Voice Pack ကို ၇ ရက်၊ ရက် ၃၀၊ ရက် ၉၀ ဟူ၍ နှစ်သက်ရာ ရွေးချယ်ပြီး *600# သို့ခေါ်ဆိုခြင်းဖြင့် ဈေးနှုန်းသက်သာ၍ ပိုမိုကောင်းမွန်သော ပက်ကေ့ချ်များ ကို သုံးစွဲသူများက စိတ်တိုင်းကျ ရွေးချယ်သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “သုံးစွဲသူတွေ ဖုန်းခေါ်ဆိုတဲ့နေရာမှာ ပိုမိုအဆင်ပြေပြီး အသက်သာဆုံးနှုန်းထားနဲ့ “ပြောသာပြော” Voice Pack ကို လုပ်ဆောင်ပေးနိုင်ခဲ့လို့ အရမ်းဝမ်းမြောက်မိပါတယ်။ ဒီ Voice Pack အသစ်ဟာဆိုရင် ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေ ပေါ်မှာလုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ဖုန်းပြောဆိုခြင်းဟာဆိုရင် နေ့စဉ်ဘဝတွေမှာ မရှိမဖြစ် အရေး ပါတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒီ “ပြောသာပြော” Voice Pack အသစ်ကနေတစ်ဆင့် ချစ်ခင်သူတွေအကြား၊ မိသားစုတွေအကြား၊ စီးပွားရေးလုပ်ငန်းတွေကြားမှာ ဆက်ဆံရေးတွေ ပိုမိုကောင်း မွန်လာအောင်၊ အပြန်အလှန် စကားပြောဆိုရာမှာ ပိုပြီးအဆင်ပြေချောမွေ့လာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်” ဟု ပြောကြားခဲ့သည်။

“ပြောသာပြော” Voice Pack အသစ် နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

Package အမျိုးအစား နှုန်းထား

(ကုန်သွယ်ခွန်ပါ)

အသုံးပြုနိုင်မည့် ပမာဏ သက်တမ်း ဝယ်ယူရန်
(၇ ) ရက်သုံး Voice Pack ၉၄၅ ကျပ် မိနစ် ၁၅၀ ၇ ရက် * 600#
ရက် (၃၀) သုံး Voice Pack ၁,၈၉ ၀ ကျပ် မိနစ် ၃၀၀ ရက် ၃၀
ရက် (၉၀) သုံး Voice Pack ၄,၇၂၅ ကျပ် မိနစ် ၇၅၀ ရက် ၉၀

“ပြောသာပြော” Voice Pack သို့မဟုတ် ဒေတာ နှင့် ဖုန်းခေါ်ဆိုခြင်းအတွက် အခြားသောသက်သာသည့် Package များအကြောင်းကို ထပ်မံသိရှိလိုပါက ၁၀၆ သို့မဟုတ် MPT ၏ တရားဝင် Facebook Page https://www.facebook.com/mptofficialpage/ နှင့် MPT ၏ website www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။