×

MPT က တေးသီချင်းချစ်သူများအတွက် အမိုက်စားသီချင်းများကို တစ်ရက်လျှင် ၉၀ ကျပ်ဖြင့် နားဆင်နိုင်မည့် mJams အက်ပလီကေးရှင်းကို မိတ်ဆက်

21 Sep 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်) – တေးသီချင်းချစ်သူများအနေဖြင့် မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT ၏ အထူးအစီအစဉ်ဖြစ်သည့် mJams မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် ပြည်တွင်း မှ နာမည်ကျော်ကြားသော တေးသီချင်းပေါင်းများကို နားဆင်ခံစားနိုင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်း မှ MPT ဆင်းမ်ကတ်သုံးစွဲသူများအနေဖြင့် မိမိဖုန်းတွင် mJams အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူ၍ စာရင်းသွင်းပြီးပါက ပြည်တွင်းမှနာမည်ကျော်ကြားသော သီချင်းများကို ၇ ရက်တာအတွက် ကုန်ကျမှုမရှိပဲ နားဆင်ခံစားနိုင်မည် ဖြစ်သည်။ ၇ ရက် ကျော်လွန်ပြီးသည်နှင့် သုံးစွဲသူများက မိမိကြိုက်နှစ်သက်သည့် သီချင်းများကို တစ်ရက်လျှင် ၉၀ ကျပ် (ကုန်သွယ်ခွန်ပါဝင်ပြီး) အသက်သာဆုံး နှုန်းထားဖြင့် ဆက်လက် နားဆင်ခံစားနိုင်မည် ဖြစ်သည်။

စမတ်ဖုန်းများအတွက် ရည်ရွယ်ဖန်တီးထားသော mJams တွင် သုံးစွဲသူများကြိုက်နှစ်သက်သည့် အဆိုတော်များ၊ တေးသီချင်းများ၊ တေးသီချင်းအယ်လ်ဘမ်များ နှင့် ကိုယ်ပိုင် Playlist များကို ချိတ်ဆက်ပေးထားပြီး မိမိတို့အိမ်တွင်ဖြစ်စေ၊ လမ်းခရီးများတွင် ဖြစ်စေ ၂၄ နာရီ၊ ၇ ရက် ပတ်လုံး နားဆင်နိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် သီချင်းများကို ဒေါင်းလုတ်ရယူထား နိုင်ပြီး အင်တာနက် အသုံးပြန်ရန်မလိုအပ်ဘဲ ပြန်လည်နားဆင်နိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို ထပ်တိုးပြီး ယူဆောင်လာဖို့ ရည်ရွယ် ထားတဲ့အတွက် ပြည်တွင်းမှ ဂီတအမျိုးအစားအားလုံးကို နှစ်သက်ကြတဲ့ တေးသီချင်းချစ်သူတွေက အခုဆိုရင် mJams ကနေ တစ်ဆင့် စီးမျောခံစားနိုင်ပါပြီ။ အကောင်းဆုံး အရည်အသွေးနဲ့ အတွေ့အကြုံတွေလိုချင်တဲ့ တေးသီချင်းချစ်သူတွေအတွက် ဂီတကဏ္ဍရဲ့ ထိပ်ဆုံးမှာရှိတဲ့ သီချင်းတွေပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့သီချင်း တွေပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို MPT ရဲ့ မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်ပေါ်ကနေ နားဆင်ခံစားနိုင်ပါပြီ” ဟု ပြောကြားခဲ့သည်။

မိမိတို့ စိတ်ခံစားမှုအလိုက် နှစ်သက်ရာ တေးဂီတအမျိုးအစားများကို ရွေးချယ်နိုင်စေရန် စီစဉ်ထားပြီး များပြားလှသော တေးသီချင်းစုစည်းမှုများအပြင် မိမိတု့ိဖုန်းမှ တိုက်ရိုက်ရှာဖွေနားဆင်နိုင်မည်ဖြစ်ပြီး အကောင်းဆုံး ပြည်တွင်းအဆိုတော်များ၏ တေးသီချင်းများကို မိမိတို့ကိုယ်ပိုင်ရေဒီယိုကမ္ဘာ တစ်ခုကဲ့သို့ နားထောင်နိုင်မည့် mJams အက်ပလီကေးရှင်းကို တစ်ပတ်တာလုံးလုံး ကုန်ကျမှုမရှိဘဲ စမ်းသပ် အသုံးပြုနိုင်ရန် MPT က အထူးစီစဉ်ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။ mJams အက်ပလီကေးရှင်းကို Android ဗားရှင်း 4.4.4 နှင့် အထက်၊ iOS 9 နှင့် အထက်ရှိသော ဖုန်းများတွင် ရယူသုံးစွဲနိုင်ပြီ ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် mJams ဝန်ဆောင်မှုကို ၇ ရက်တာအခမဲ့ အသုံးပြုနိုင်ရန် Google Playstore (http://bit.ly/1otDMq7) နှင့် Apple app stores (http://bit.ly/mjamsiosmmr) လင့်ခ်များမှ တစ်ဆင့် ရယူခြင်း (သို့မဟုတ်) MPT ၏ လိုတရ portal ဖြစ်သည့် http://mj.lotayamm.com မှတစ်ဆင့် ဒေါင်းလုတ် ရယူနိုင်ပါသည်။ ဒေါင်းလုပ်ရယူပြီးပါက သုံးစွဲသူများသည် MPT ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ဒေါင်းလုတ် သို့မဟုတ် တိုက်ရိုက် နားထောင်ပါက သုံးသလောက်ပေး (PAYG) သို့မဟုတ် သတ်မှတ် ဒေတာနှုန်းထားများ အတိုင်း ကျသင့်မည်ဖြစ်ပါသည်။

mJams နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက http://www.facebook.com/mjamsmyanmar/ သို့ Hotline နံပါတ် 106 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။