×

MPT က နာရီပေါင်းများစွာ အကန့်အသတ်မရှိ စိတ်ကြိုက်ဆော့ကစားနိုင်မည့် လိုတရဂိမ်း Portal အသစ်မိတ်ဆက်

25 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်) – မြန်မာ့ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မိုဘိုင်းလ်ဂိမ်းချစ်သူများအတွက် နာမည်ကြီး လူကြိုက်အများဆုံးဖြစ်သော Mobile Legends, Heroes Evolved, Last Empire – War Z: Strategy ကဲ့သို့ စိတ်ဝင်စားဖွယ်ရာ ဂိမ်းများအပြင် ပဟေဠိဂိမ်းများ၊ အက်ရှင်ဂိမ်းများ နှင့် ဗျူဟာသုံး၍ကစားရသောဂိမ်းများ၊ HTML5 ဂိမ်းများနှင့် မိုဘိုင်းလ်အက်ပလီကေးရှင်းဂိမ်းအသစ်များကို ဝန်ဆောင်ခပေးစရာမလိုဘဲ ကစားနိုင်မည့် လိုတရဂိမ်း Portal အသစ်ကို ယနေ့ စတင်မိတ်ဆက်လိုက်သည်။

လိုတရဂိမ်း Portal သို့ စတင်ဝင်ရောက်မည်ဆိုပါက ကစားသူများအနေဖြင့် မိုဘိုင်းလ်အင်တာနက် browsers မှတစ်ဆင့် http://games.lotayamm.com သို့ဝင်ရောက်၍ မိမိကြိုက်နှစ်သက်ရာ ဂိမ်းအမည်ကို ရွေးချယ်ရမည် ဖြစ်ပါသည်။ HTML5 ဂိမ်းများကို လိုတရဂိမ်း Portal တွင် တိုက်ရိုက်ကစားနိုင်မည်ဖြစ်ပြီး မိုဘိုင်းလ်အက်ပလီကေးရှင်းဂိမ်းများကိုလည်း Browser မှတစ်ဆင့် download ပြုလုပ်ပြီး မိမိ၏ မိုဘိုင်းလ်ဖုန်းပေါ်တွင် ကစားနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေကြားမှာ ဂိမ်းကစားတဲ့အလေ့အထဟာ တစ်ကယ့်ကို လျင်လျင်မြန်မြန်နဲ့ တိုးတက်လာနေပါတယ်။ ဒါကြောင့် MPT အနေနဲ့ လိုတရဂိမ်း Portal အသစ်ကနေတစ်ဆင့် လက်လှမ်းမီ အသုံးပြုနိုင်စေရန်အတွက် ပြုလုပ်ပေးခဲ့ဲခြင်းဖြစ်ပါတယ်။ ပဟေဠိဂိမ်းတွေကအစ ဂိမ်းကစားသူအများစု သဘောတွေ့တဲ့ အွန်လိုင်းမှာ အသင်းဖွဲ့ပြီး ကစားရတဲ့ အက်ရှင်ဂိမ်းတွေနဲ့ ဒါဇင်ပေါင်းများစွာသော HTML5 ဂိမ်းတွေကို ဝန်ဆောင်ခပေးသွင်းစရာမလိုဘဲ လိုတရဂိမ်း Portal မှာကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းအသစ်တွေကိုလည်း ထပ်မံထည့်သွင်းပေးသွားမှာပါ။ ဂိမ်းဝါသနာရှင်တွေအနေနဲ့ အခုပဲ လိုတရဂိမ်း Portal မှာ ကစားနိုင်ပါပြီ” ဟု ပြောကြားသည်။

MPT ၏ လိုတရဝက်ဘ် Portal တွင် ပြည်တွင်း၊ ပြည်ပမှ သတင်းများ နှင့် ဖျော်ဖြေရေးအစီအစဉ်များကို တစ်နေရာတည်းတွင် အစုံအလင်ရရှိနိုင်မည့် မြန်မာ့ပထမဆုံး ဝက်ဘ် Portal တစ်ခုဖြစ်ပြီး အထူးသဖြင့် မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအတွက် ကြည့်ရှုရာတွင် အဆင်ပြေပြေအသုံးပြုနိုင်ရန်မည့် ဒီဇိုင်းပုံစံကိုလည်း ဖန်တီးပေးထားပါသည်။ အသုံးပြုသူများအနေနှင့် ရာသီဥတုနှင့်ဆိုင်သော သတင်းအချက် အလက်များ၊ ဗေဒင်ဟောစာတမ်းများ အပါအဝင် MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များကိုလည်း ရယူနိုုင်မည် ဖြစ်သည်။

လိုတရဂိမ်း Portal အသစ်တွင် လက်ရှိရယူနိုင်သော ဂိမ်းများမှာ အောက်ပါအတိုင်းဖြစ်ပြီး ဂိမ်းအသစ်ပေါင်း များစွာကိုလည်း မကြာမီအချိန်အတွင်း ထပ်မံထည့်သွင်းပေးသွားမည် ဖြစ်သည်။
HTML5 ဂိမ်းအမည်များ

• The Pirate Match 3 Game
• Football – Game
• Egypt Stone War
• Jump Boy Jump
• Unlock Blox
• Go To Dot
• Super Box
• Shot Pong
• Jump Bottle Flip
• Mortar Watermelon
• Speedlust Driver
• Tomb Run
• Sultan Match – HTML5 Game
• You Break My Heart
• Math Game: Let’s Reach 1000

မိုဘိုင်းလ်အက်ပလီကေးရှင်းဂိမ်းအမည်များ
• Mobile Legends
• Heroes Evolved
• Last Empire – War Z: Strategy
• Age of Wushu Dynasty
• Taichi Panda
• ZingPlay Billiards Pro
• Chaos Age Zingplay
• My Fish
• Wushu King – ThineBayin
• Land Of Magic – PyinSalat Kabar
• My Hero Bo Lattae

MPT အသုံးပြုသူများအနေဖြင့် အဆိုပါ လိုတရဂိမ်း Portal သို့ ဝန်ဆောင်ခပေးသွင်းစရာမလိုဘဲ ဝင်ရောက်ကစားနိုင်မည်ဖြစ်သော်လည်း အချို့သော ဂိမ်းများ၏ ဂိမ်းအတွင်း အဆင့်မြှင့်တင်ရန် ဝယ်ယူခြင်း (in-game purchase) များနှင့် ဂိမ်းကစားနေချိန် အသုံုးပြုရမည့် ဒေတာများ၏ ကုန်ကျစရိတ်အတွက် ကစားသူ၏ အကောင့်မှနုတ်ယူသွားမည် ဖြစ်သည်။
ဝင်ရောက်ကစားရန်
• Lo Ta Ya Web Portal: http://lotayamm.com
• Lo Ta Ya Game Portal: http://games.lotayamm.com