×

MPT က ပုံမှန်ဖုန်းဘေလ်ကို ၅ ဆ ပွားပေးမည့် “ထောဘီ” ပရိုမိုးရှင်းကို စတင်

05 Nov 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၅ ရက်) – MPT သုံးစွဲသူများအနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် “ထောဘီ” ပရိုမိုးရှင်းဖြင့် ၎င်းတို့၏ ပုံမှန်ဖုန်းဘေလ်များကို ၅ ဆ ဆပွားရယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ယခုလို အထူးအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများမှာ ၎င်းတို့၏ မူလဖုန်းလက်ကျန်ငွေ (ပုံမှန်ဖုန်းဘေလ်)ကို ထောဘီ ဖုန်းဘေလ်တွင် ၅ ဆ အထိတိုးမြှင့်ပြီး MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှုများ၊ စာတိုပေးပို့ခြင်းများနှင့် သုံးသလောက်ပေး အင်တာနက် (PAYG) များအတွက် အသုံးပြုနိုင်ပြီဖြစ်သည်။

သုံးစွဲသူများသည် ၎င်းတို့၏ မူလဖုန်းလက်ကျန်ငွေ(ပုံမှန်ဖုန်းဘေလ်) သုံးမျိုးဖြစ်သည့် ၁,၀၀၀ ကျပ်၊ ၂,၀၀၀ ကျပ် နှင့် ၅,၀၀၀ ကျပ် တို့ကို ထောဘီဖုန်းဘေလ်အဖြစ် လဲလှယ်နိုင်မည်ဖြစ်သည်။ ဥပမာ – ပုံမှန်ဖုန်းဘေလ် ၁,၀၀၀ ကျပ် ကို လဲလှယ်ပါက “ထောဘီ” ဖုန်းဘေလ် ၅,၀၀၀ ကျပ်ရရှိမည်ဖြစ်ကာ ၇ ရက်ကြာ အသုံးပြုနိုင်မည်။ ရရှိသော ထောဘီဖုန်းဘေလ် ၅,၀၀၀ ကျပ်သည် ဝန်ဆောင်မှု တစ်မျိုးချင်းစီအတွက်သုံးပါက MPT အချင်းချင်း မိနစ် ၂၀၀ ဖုန်းခေါ်ဆိုခြင်း (သို့) အင်တာနက်ဒေတာ 1 GB သုံးခြင်း (သို့) စာတို ၃၃၃ စောင် ပို့ခြင်းတို့ကို ဆောင်ရွက် နိုင်မည် ဖြစ်သည်။ ထောဘီဖုန်းဘေလ်ကို သုံးသလောက်ပေးအင်တာနက် အတွက် 1MB လျှင် ၅ ကျပ် ၊ MPTဖုန်းများသို့ ဖုန်းခေါ်ဆိုမှုအတွက် ၁ မိနစ်လျှင် ၂၅ကျပ် နှင့် MPT ဖုန်းများသို့ စာတိုပေးပို့ခြင်းအတွက် ၁ စောင်လျှင် ၁၅ကျပ် နှုန်းထားများဖြင့် သုံးနိုင်မည်ဖြစ်သည်။

ရှိရင်းဖုန်းဘေလ် (ကျပ်)ထောဘီ ဖုန်းဘေလ် (ကျပ်)ထောဘီဖုန်း ဘေလ်အသုံး

ပြုနိုင်သည့်ကာလ

ထောဘီဖုန်းဘေလ်ရယူရန်လက်ကျန်ငွေ စစ်ဆေးရန်
တိုက်ရိုက် USSDSMS စာတိုအသုံးပြု ရမည့် USSD
၁,၀၀၀၅,၀၀၀၇ ရက်*5001#1332 သို့ 1000 ဟု ပေးပို့ရန်*500#*224#
၂,၀၀၀၁၀,၀၀၀၁၅ ရက်*5002#1332 သို့ 2000 ဟု ပေးပို့ရန်
၅,၀၀၀၂၅,၀၀၀၃၀ ရက်*5005#1332 သို့ 5000 ဟု ပေးပို့ရန်

MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် Mr. Reizo Umeda က “MPT ကိုပဲ စွဲမြဲ သုံးစွဲပေးကြတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူတို့အတွက် မိုဘိုင်းလ်ဖုန်းသုံးစွဲတဲ့ အခါမှာ လိုအပ်မယ်ထင်တယ့် အရာတွေအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ အမြဲပေးအပ်နိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ရာ ထောဘီပရိုမိုးရှင်း အစီအစဉ်မှာ ဆိုရင် ကျွန်တော်တို့ သုံးစွဲသူတွေအနေနဲ့ ဖုန်းဘေလ်ကို ၅ဆ ပြောင်းနိုင်ပြီး MPT အချင်းချင်း ဖုန်းခေါ်ဆိုမှုတွေ၊ စာပေးပို့တာတွေနဲ့ သုံးသလောက်ပေးအင်တာနက်တွေ အတွက် သုံးနိုင်ပါပြီ။ လွယ်ကူပြီး သုံးသူတွေ အကြိုက်တွေ့မယ့် ဒီအစီအစဉ်ဟာ ပုံမှန်ဖုန်းဘေလ် ၁,၀၀၀ ကျပ်တည်းနဲ့ MPT အချင်းချင်း မိနစ် ၂၀၀ ဖုန်းခေါ်ဆိုခွင့် ဒါမှမဟုတ် SMS စောင်ရေ ၃၃၃ စောင် ပေးပို့ခွင့် ဒါမှမဟုတ် အင်တာနက်ဒေတာ 1000 MB အသုံးပြုနိုင်မှာပါ။ အခုလိုအကျိုးများပြီး အံ့အားသင့်လောက်အောင် ဈေးတန်လွန်းတဲ့ အစီအစဉ်ကိုအသုံးပြုပြီး MPT အသုံးပြုသူတွေက သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ရာမှာဖြစ်စေ၊ လူမှုကွန်ရက်အသုံးပြုတာ၊ ဖျော်ဖြေရေးဝန်ဆောင်မှုတွေ ရယူတာ၊ အလုပ်ကိစ္စတွေလုပ်ကိုင်ရာမှာနဲ့ သူတို့ကြိုက်နှစ်သက်တဲ့ မိုဘိုင်းလ် ဝန်ဆောင်မှုတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ရယူတဲ့အခါမှာ စိတ်ကျေနပ်မှုအပြည့်အဝရလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု ပြောကြားသည်။

MPT သုံးစွဲသူများသည် ပရိုမိုးရှင်းအစီအစဉ်ကာလအတွင်း ထောဘီဖုန်းဘေလ်များကို အကန့်အသတ်မရှိ စိတ်ကြိုက် လဲလှယ်နိုင်မည်ဖြစ်သည်။ ထောဘီဖုန်းဘေလ်များကို ဒေတာပက်ကေ့ချ်များ၊ ဖုန်းခေါ်ဆိုမှု အစီအစဉ် ပက်ကေ့ချ်များနှင့် ထပ်ဆောင်း ဝန်ဆောင်မှုအစီအစဉ်များ ဝယ်ယူခြင်းတို့အတွက်မူ အသုံးပြုနိုင်မည် မဟုတ်ပါ။ ထောဘီဖုန်းဘေလ်များကို တစ်ခြားသူထံသို့လည်း လွှဲပြောင်းပေးနိုင်မည် မဟုတ်ပါ။ “ထောဘီ” ဖုန်းဘေလ်၏ လက်ကျန်ငွေကို *224# သို့ခေါ်ဆို၍ စစ်ဆေးနိုင်မည်ဖြစ်သည်။

“ထောဘီ” ဖုန်းဘေလ်အစီအစဉ် နှင့် MPT ၏ အခြားသောရင်ခုန်စိတ်လှုပ်ရှားဖွယ် ပရိုမိုးရှင်းအစီအစဉ်များအား သိရှိလိုပါက 106 သို့ ခေါ်ဆိုခြင်း (သို့) MPT ၏ ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာ ကြည့် ရှုနိုင်ပါသည်။