×

MPT က ပျော်ရွှင်ကြည်နူးစရာ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို တန်ခိုးကြီးဘုရား ၆ ဆူတွင် ကျင်းပသွားမည်

05 Nov 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) မြန်မာနိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ  အထွဋ်အမြတ်ထားရာ အချိန်အခါသမယဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် MPT က ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ပဲခူးတိုင်း ဒေသ ကြီး (အရှေ့) ၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့ရှိ တန်ခိုးကြီးစေတီပုထိုး ၆ ဆူ၌ ဆီမီး များ ထွန်းညှိဆက်ကပ်ပူဇော်ခြင်း နှင့် ယောဂီတဘက်များကို ဘုရားဖူးလာ ပြည်သူများသို့ ပေးအပ်လှူဒါန်းခြင်းကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ MPT အနေဖြင့် အများပြည်သူများ ပူးပေါင်းပါဝင်နိုင်မည့် ဆီမီးထွန်းညှိဆက်ကပ်ပူဇော်ပွဲအခမ်းအနားဖြစ်သည့်  “MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်”  အစီအစဉ်ကို မိဘပြည်သူများ အားလုံး အတူတကွ ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

“MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်”  အစီအစဉ်ကို ၂၀၁၅ ခုနှစ်ကပင် စတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီး စေတီပုထိုးများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီး  ယခုနှစ်တွင်လည်း တန်ဆောင်မုန်းလပြည့်နေ့တွင် နေရာ ၆ နေရာ၌ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ ဆီမီးထွန်းညှိဆက်ကပ်ပူဇော်ခြင်းကို တန်ဆောင်မုန်း လပြည့် နေ့၏ ညနေ ၆ နာရီတိတိတွင် စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မီးထွန်းပွဲတော်ပြုလုပ်မည့် နေရာများကို အောက်ပါဇယားတွင် ဖော်ပြပေးထားပါသည်။

စဉ်ပွဲတော်ကျင်းပမည့် စေတီများတိုင်းဒေသကြီး

နှင့်ပြည်နယ်

မြို့နယ်များဆီမီးထွန်းညှိပူဇော်မည့် အချိန်
၁။ဗိုလ်တထောင်ဘုရားရန်ကုန်ဗိုလ်တထောင်မြို့နယ်ညနေ (၆ ) နာရီ
၂။အိမ်တော်ရာဘုရားမန္တလေးချမ်းအေးသာစံ မြို့နယ်ညနေ (၆ ) နာရီ
၃။ကောင်းမှုတော်ဘုရားစစ်ကိုင်းစစ်ကိုင်းမြို့ညနေ (၆ ) နာရီ
၄။ရွှေမောဓောဘုရားပဲခူး (အရှေ့)ပဲခူးညနေ (၆ ) နာရီ
၅။ကျိုက်သလ္လံဘုရားမွန်ပြည်နယ်မော်လမြိုင်မြို့ညနေ (၆ ) နာရီ
၆။ဦးပါရဲ စေတီတော်ဧရာဝတီတိုင်းဟင်္သာတမြို့ညနေ (၆ ) နာရီ

ထို့အပြင် MPT အနေဖြင့် နိုဝင်ဘာလ ၉ ရက်မှ မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ စစ်ကိုင်းမြို့ ကောင်းမှုတော်  ဘုရားဝင်း နှင့် နို၀င်ဘာလ ၁၀ ရက် မှ နို၀င်ဘာလ ၁၂ ရက်နေ့အထိ မော်လမြိုင်မြို့ ကျိုက်သလ္လံဘုရား၀င်း တို့တွင် ဒေသခံများအတွက် MPT ၏ ပျော်ရွှင်ဖွယ်ရာ အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများကိုလည်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှု ဌာနမှ ဒုတိယ အရာရှိချုပ်ဖြစ်သူ  ဦးမြင့်သိန်းထွန်း က MPT အနေနဲ့ တန်ဆောင်တိုင်ရဲ့ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို အများပြည်သူတွေနဲ့အတူဝေမျှဖို့ ဆန္ဒရှိပါတယ်။ တန်ဆောင်မုန်း လပြည့်နေ့ အားလပ်ရက် မှာ MPT က နိုင်ငံတစ်ဝန်းမှာရှိတဲ့ အထင်ကရ စေတီပုထိုးတွေမှာ ဆီမီးများ ထွန်းညှိ ဆက်ကပ်ပူဇော်ခြင်း နှင့် ယောဂီတဘက်များကို ဘုရားဖူးလာပြည်သူများသို့ ပေးအပ်လှူဒါန်းခြင်းကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခုလို မင်္ဂလာရှိတဲ့ အခါသမယမှာ မြန်မာနိုင်ငံက ဘာသာရေးကိုင်းရှိုင်းသူ ဗုဒ္ဓဘာသာဝင်တွေကို လှူဒါန်းမှုပြုလုပ်ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်သာ ကျင်းပတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆီးမီးထွန်းညှိပူဇော်တဲ့ မြန်မာ့ရိုးရာဓလေ့ကို စောင့်ထိန်းဖို့အတွက် တန်ဆောင်တိုင်မီးထွန်းပွဲတော် အစီအစဉ်မှာ MPT နဲ့ အတူတကွ ပါဝင်ကုသိုလ် ယူနိုင်ကြစေရန် လေးစားစွာဖိတ်ခေါ်လိုက်ရပါတယ်” ဟု ပြောကြားသည်။

အသေးစိတ် အချက်အလက်များသိရှိလိုပါက နံပါတ် ၁၀၆ ကို ဖုန်းခေါ်၍ သို့မဟုတ် www.mpt.com.mmနှင့် MPT တရားဝင် လူမှုကွန်ရက်စာမျက်နှာ https:// www. facebook. com/mptofficialpage နှင့် “MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/events/601814923687947 သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။