×

MPT က ပျော်ရွှင်စိတ်လှုပ်ရှားစရာ နေ့ရက်များကို ဖန်တီးပေးမည့် “မျက်လှည့်” ဝန်ဆောင်မှုကို မိတ်ဆက်

10 Jul 2019

(ရန်ကုန် – ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်) MPT သည် သုံးစွဲသူများ ဒီဂျစ်တယ် အတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားဖွယ်ရာ ဝန်ဆောင်မှုများကို အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆာင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မိုဘိုင်းလ်ဆိုင်ရာ ထပ်ဆောင်းဝန်ဆောင်မှုများ၊ မိုဘိုင်းလ်အသုံးပြုမှုဆိုင်ရာ ဖြေရှင်းနည်းဝန်ဆောင်မှုနှင့် အခြားသောဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ သော ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သည့် Myanmar Teleapex Group Co., Ltd နှင့် ပူးပေါင်း၍ မျက်လှည့်ပညာကို လေ့လာသင်ယူလိုသူများအတွက် “မျက်လှည့်” ဝန်ဆောင်မှုကို ယနေ့မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။
မျက်လှည့်ပညာစိတ်ဝင်စားသည့် သုံးစွဲသူများအနေဖြင့် “မျက်လှည့်” ဝန်ဆောင်မှု မိုဘိုင်းလ် အက်ပလီကေးရှင်းနှင့် ပေါ်တယ် www.myanmagic.com မှတစ်ဆင့် အကြောင်းအရာ စုံလင်စွာဖြင့် စိတ်ဝင်စားဖွယ်ကောင်းသောမျက်လှည့်ပညာရပ်မျိုးစုံပါဝင်သည့် ကဏ္ဍ (၄) မျိုးအား သက်သာသည့် နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် ရယူနိုင်မည် ဖြစ်သည်။ မျက်လှည့်ဝန်ဆောင်မှုတွင် ပါဝင်သည့် အကြောင်းအရာများမှာ_
၁) မျက်လှည့် ပြကွက်နဲ့ သင်ခန်းစာများ – ကောင်းမွန်ဆန်းကြယ် သော မျက်လှည့်ပညာရပ်များဖြစ်သည့် အထွေထွေပြကွက်၊ ဦးထုပ် မျက်လှည့်၊ ဖဲချပ် မျက်လှည့်၊ စိတ်ညှို့ခြင်း မျက်လှည့်၊ အကြွေစေ့ မျက်လှည့်၊ အံစာတုန်း မျက်လှည့်၊ ကြိုး မျက်လှည့်၊ စက္ကူ မျက်လှည့်၊ သားရေကွင်း မျက်လှည့် စသည့် ကျော်ကြားသောမျက်လှည့်ပညာများကို ပျော်ရွှင်စရာ နည်းလမ်းအမျိုးမျိုးဖြင့် သင်ယူလေ့လာနိုင်သည်။
၂) စင်တင်ပြကွက်များ – နာမည်ကျော်ကြားသော မျက်လှည့်ပညာရှင်များ၏ စင်တင်မျက်လှည့် ဗွီဒီယို နှင့် ပြကွက်များကို ကြည့်ရှုနိုင်သည်။
၃) Mr. Top Live Chat – နာမည်ကျော်မျက်လှည့်ပညာရှင် Mr. Top ၏ ပျော်စရာ ဆန်းကြယ်သော မျက်လှည့်ပြကွက်များကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။
၄) မျက်လှည့် ပစ္စည်းအရောင်းဆိုင် – တန်ဖိုးရှိ မျက်လှည့်ပစ္စည်းများနဲ့ မျက်လှည့် ပြကွက်များတွင် အသုံးပြုထားသော မျက်လှည့်ပစ္စည်းများကို ဝယ်ယူနိုင်မည် ဖြစ်သည်။
“မျက်လှည့်” ဝန်ဆောင်မှုကို ရယူလိုသည့် MPT သုံးစွဲသူများအနေဖြင့် 8435 သို့ “ON” ဟု စာတို (SMS) ပေးပို့၍ သော်လည်းကောင်း www.myanmagic.com မှသော်လည်းကောင်း ရယူနိုင်မည် ဖြစ်သည်။
ထို့အပြင် MPT ၏ ဒေတာ သို့မဟုတ် Wifi ကိုအသုံးပြု၍ Google Play Store (သို့မဟုတ်) လိုတရ ပေါ်တယ် ဖြစ်သည့် https://lotaya.mpt.com.mm/event/233 မှ တစ်ဆင့် မိုဘိုင်းလ်အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်မည် ဖြစ်သည်။ ထို့နောက် “မျက်လှည့်” ဝန်ဆောင်မှုကို စာရင်းသွင်း ရယူနိုင်ရန် မိမိတို့ ဖုန်းများ (သို့မဟုတ်) ကွန်ပျူတာများကို အသုံးပြု၍ သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “ကျွန်တော်တို့ MPT ကို သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်လူမှုဘဝအတွက် စိတ်ဝင်စားပြီး ပျော်ရွှင်စိတ်လှုပ်ရှား စရာကောင်းတဲ့၊ ဖျော်ဖြေမှုနဲ့ အသိပညာပေးနိုင်တဲ့ အစီအစဉ်တွေကို အမြဲဖန်တီးပေးနေပါတယ်။ MPT သုံးစွဲသူတွေအတွက် နိုင်ငံရဲ့ အမြန်ဆုံး 4G/LTE ကွန်ရက်ကို ဆောင်ရွက်ပေးနေတဲ့အပြင် သုံးစွဲသူတွေ အမြဲတမ်း ပြုံးပျော်စေနိုင်မယ့် အက်ပလီကေးရှင်းတွေ၊ ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ယခု “မျက်လှည့်” ဝန်ဆောင်မှု (အက်ပလီကေးရှင်း နှင့်ပေါ်တယ်) ဟာဆိုရင် မျက်လှည့် ဝါသနာပါတဲ့ သူတိုင်းအား သူတို့ရဲ့ဗီဇဝါသနာကို ဖော်ထုတ်ပြသခွင့်၊ လေ့လာသင်ယူခွင့် ရလာအောင် အလွယ်ကူဆုံးနည်းလမ်းနဲ့ ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေထဲက မျက်လှည့်ဝါသနာပါတဲ့ လူငယ်တွေအဖို့ ဒီဝန်ဆောင်မှုဟာ တကယ့်ကို အကျိုးရှိမယ့်၊ ပျော်စရာကောင်းမယ့်၊ ဖျော်ဖြေရေးဝန်ဆောင်မှုတစ်ခု ဖြစ်လာပြီး မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ ရင်းနှီးမှုတွေ ပိုပြီးတိုးလာမယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပြောခဲ့ပါသည်။
“မျက်လှည့်” ဝန်ဆောင်မှုအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် Hotline နံပါတ် ၀၉-၄၅၀၅၇၇၁၁၁ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက်ကြည့် ရှုလေ့လာနိုင်ပါသည်။

မျက်လှည့် ဝန်ဆောင်မှု ပင်မ စာမျက်နှာ နှင့် ဝန်ဆောင်မှုများ