×

MPT က ပြန်လည်ဆန်းသစ်ထားသည့် နိုင်ငံတကာဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်ဖြင့် ပြည်ပနိုင်ငံပေါင်း (၁၂) နိုင်ငံသို့ အသက်သာဆုံးနှုန်းထားဖြင့် ဖုန်းခေါ်ဆိုနိုင်ပြီ

28 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်) – မြန်မာ့ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ၎င်း၏သုံးစွဲသူများအပေါ် တန်ဖိုးထားခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများအား ပေးအပ်ရန် အစဉ်အမြဲ အလေးအနက်ထား လျက်ရှိသည်ကို ပြသသည့်အနေဖြင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုနှုန်းထားများကို ပြန်လည်ဆန်းသစ် သတ်မှတ်လိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် ပြည်ပရှိ မိမိတို့ချစ်ခင်နှစ်သက်ရသူများ၊ မိသားစုများ၊ မိတ်ဆွေများဆီသို့ အသစ်ပြောင်းလဲသတ်မှတ်လိုက်သော နိုင်ငံတကာဖုန်းခေါ်ဆိုမှုပက်ကေ့ချ်ဖြင့် ဈေးနှုန်းသက်သာစွာ ဖုန်းခေါ်ဆိုနိုင်တော့မည်ဖြစ်သည်။ အသစ်ပြောင်း လဲလိုက်သည့် နှုန်းထားသည် မူလနှုန်းထားထက် ၅၀ ရာခိုင်နှုန်း လျော့ကျသွားကာ ဆက်သွယ်နိုင်သည့် နိုင်ငံအရေအတွက်မှာလည်း ၂ နိုင်ငံမှ ၁၂ နိုင်ငံအထိ တိုးလာခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံအများစုကို အဆိုပါနှုန်းထား အသစ်ဖြင့် ဆက်သွယ်နိုင်တော့မည် ဖြစ်သည်။

MPT ၏ နိုင်ငံတကာဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်ကို ၄၉၉ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ၁၂ နိုင်ငံသို့ ဆက်သွယ်မည်ဆိုပါက တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုက ၅၀ ကျပ်သာ ကျသင့်မည်ဖြစ်၍ ပြည်ပရှိ မိသားစုဝင်များ နှင့် ပိုမိုအချိန်ပေးဆက်သွယ်နိုင်တော့မည် ဖြစ်သည်။ အဆိုပါ IDD ပက်ကေ့ချ်သည် ရက်ပေါင်း ၃၀ သက်တမ်း ရှိပြီး MPT ၏ GSM နှင့် WCDMA အသုံးပြုသူများအားလုံး အသုံးပြုနိုင်မည် ဖြစ်သည်။ အောက်ပါနှုန်းထားများ အားလုံးမှာ ကုန်သွယ်ခွန် ပါဝင်ပြီးသော နှုန်းထားများ ဖြစ်သည်။

 အမည် နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး) သတ်မှတ်ချက်များ အသုံးပြုနိုင်သည့်နိုင်ငံများ ဝယ်ယူရန်သက်တမ်း
 All in One IDD Promo Pack၄၉၉ ကျပ်တစ်မိနစ်လျှင် ၅၀ ကျပ် ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ *2050#
 *106#

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ အနေနဲ့ ပြည်တွင်း၊ပြည်ပက သုံးစွဲသူတွေကို သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ် ပြောဆိုတဲ့အခါ သက်သာစွာ အသုံးပြုနိုင်ဖို့ နိုင်ငံတကာဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်ကို ပြန်လည်ဆန်းသစ်ပြီး မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ 3G နဲ့ 4G LTE+ ကွန်ရက်ကြောင့် အရည်အသွေးကောင်းမွန်တဲ့ ဆက်သွယ်မှု မျိုး ရရှိနိုင်မယ့်အပြင် တစ်မိနစ်ကို ၅၀ ကျပ်တည်းနဲ့ နိုင်ငံပေါင်းများစွာကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်တော်ကိုယ်တိုင်လည်း ဂျပန်မှာရှိတဲ့ကျွန်တော့်ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေဆီကို ဈေးနှုန်းသက်သက် သာသာနဲ့ ဖုန်းခေါ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အခုအစီအစဉ်ကနေ အဆင်ပြေပြေနဲ့ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

IDD ပက်ကေ့ချ် ကို အသုံးပြုလိုပါက *2050# (သို့မဟုတ်) *106# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) Android နှင့် iOS အသုံးပြုသူများအနေဖြင့် ပြန်လည်ဆန်းသစ်ထားသည့် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့်လည်း ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၁၀၆ သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါသည်။