×

MPT က ဘောလုံးချစ်သူများအတွက် ပဟေဠိဉာဏ်စမ်းဂိမ်း အစီအစဉ်သစ်ကို စတင်မိတ်ဆက်

14 Aug 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က “Guess it” အမည်ရှိ ပဟေဠိဉာဏ်စမ်းဂိမ်းဝန်ဆောင်မှုအသစ်ကို ယနေ့စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ဂိုးလ်အဖြေခန့်မှန်းခြင်း မှန်ကန်တိုင်း ပွိုင့်များ ရရှိမည်ဖြစ်ပြီး အများဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်သူများက iPhone X ၊ MPT အမှတ်တံဆိပ် M50 ဖုန်း နှင့် ဖုန်းငွေဖြည့်ကတ် လက်ဆောင်များ ကံထူးနိုင်မည့် အခွင့်အရေးကို ရရှိမည့် ဂိမ်းအမျိုးအစား ဖြစ်ပါသည်။ ယခုဝန်ဆောင်မှုအသစ်ကို MPT သုံးစွဲသူများအနေဖြင့် www.guessitimm.com သို့မဟုတ် လိုတရ web portal http://gi.lotayamm.com/ မှ တစ်ဆင့် ဒေါင်းလုပ်ဆွဲ၍ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် နေ့စဉ်ဘောလုံးသုံးလုံး ကစားပွဲ (၃)ပွဲကို လုပ်ဆောင်ချက်အပြည့်ဖြင့် ကစားနိုင်မည် ဖြစ်သည်။ ဂိမ်းကစားသူများ၏ ကစားပွဲရလဒ်ကိုလည်း စာရင်းတွင် ဖော်ပြသွားမည်ဖြစ်ပြီး တစ်နေ့တာ လုံးအတွက် ကစားနိုင်မည် ဖြစ်သည်။ ဝန်ဆောင်မှုမှာ နေ့စဉ် ၁၅၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး စိတ်တိုင်းကျ ကစားနိုင်ရန် ဘောလုံးအပိုများကို ၁၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

ဘောလုံးပွဲကြိုက်သူများအတွက် Guess it ဂိမ်းအက်ပလီကေးရှင်း

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “နေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်း ဆုလက်ဆောင်တွေ ပေးအပ်နိုင်မယ့် ပဟေဠိဉာဏ်စမ်းဂိမ်း အစီအစဉ်ကို သုံးစွဲသူတွေဆီ မိတ်ဆက်ပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ဘောလုံးပွဲကြိုက်တဲ့ ကျွန်တော်တို့ သုံးစွဲသူတွေ ကလည်း ဆုလက်ဆောင်တွေပိုင်ဆိုင်ခွင့်ရမယ့် ဒီဝန်ဆောင်မှုသစ်ကို နှစ်သက်သဘောကျ ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒီကနေ့ပဲ ဂိမ်းအက်လီကေးရှင်းလေးကို ရယူပြီး စတင်လိုက်ကြပါစို့” ဟု ပြောကြားခဲ့သည်။

ဆုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အောက်တွင် ဖော်ပြထားသည်။

ပထမဆု ဒုတိယဆု တတိယဆု
နေ့စဉ် ကျပ် ၅,၀၀၀ တန် ဖုန်းငွေဖြည့်ကတ်
အပတ်စဉ် MPT အမှတ်တံဆိပ် ဟန်းဆက် (M50) ကျပ် ၁၅,၀၀၀ တန် ဖုန်းငွေဖြည့်ကတ် ကျပ် ၁၀,၀၀၀ တန် ဖုန်းငွေဖြည့်ကတ်
လစဉ် iPhone X 64GB MPT အမှတ်တံဆိပ် ဟန်းဆက် (M50) ကျပ် ၂၀,၀၀၀ တန် ဖုန်းငွေဖြည့်ကတ်

“Guess It” ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာသိရှိလိုပါက http://mpt.com.mm/mm/ သို့မဟုတ် 106 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။