×

MPT က မိနစ်များများဖုန်းခေါ်ဆိုနိုင်မည့် အကြိုက်ပြော Voice Pack ကို မိတ်ဆက်။

06 May 2019

သုံးစွဲသူများအတွက် ၁ မိနစ်လျှင် ၆ ကျပ်နှုန်းသာ ကျသင့်မည့် “အကြိုက်ပြော” Voice Pack ဝန်ဆောင်မှုကို မေလ (၆) ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

MPT ၏ GSM/ WCDMA သုံးစွဲသူများအနေဖြင့် အဆိုပါ Voice Pack ကိုမိမိတို့နှစ်သက်ရာ ၇ ရက်၊ ရက် ၃၀၊ ရက် ၉၀ ဟူ၍ နှစ်သက်ရာ ရွေးချယ်ပြီး *600# သို့ခေါ်ဆိုခြင်းဖြင့် ဈေးနှုန်းသက်သာ၍ ပိုမိုကောင်းမွန်သော Voice ပက်ကေ့ချ်များကို သုံးစွဲသူများက စိတ်တိုင်းကျ ရွေးချယ်သုံးစွဲနိုင်မည်ဖြစ်ပြီး MPT အချင်းချင်း (ကြိုးဖုန်းအပါအဝင်) ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်ပြီဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Reizo Umeda က “ ဖုန်းပြောဆိုခြင်းဟာဆိုရင် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ မရှိမဖြစ် အရေးပါတဲ့ ကိစ္စဖြစ်နေပါတယ် ။ ဒီ Voice Pack အသစ်ဟာဆိုရင် ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေ ပေါ်မှာလုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ မြန်မာနှစ်သစ်ရဲ့ပထမဦးဆုံး လက်ဆောင်အနေနဲ့ “အကြိုက်ပြော” Voice Pack ဝန်ဆောင်မှုကနေ တစ်ဆင့် ပြည်သူတွေရဲ့ ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့် နေပါ တယ်“ ဟု ပြောကြားခဲ့သည်။
အကြိုက်ပြော Voice Pack ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT ၏ Call Centre နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm၊ သို့မဟုတ် တရားဝင် facebook စာမျက်နှာ https://www.facebook.com/mptofficialpage ကိုဆက်သွယ်၍မေးမြန်းနိုင်ပါသည်။