×

MPT က မြန်မာနိုင်ငံတစ်ဝှမ်းမှ စေတီတော် ၉ ဆူတွင် ဆီမီးများကပ်လှူပူဇော် ခြင်းဖြင့် တန်ဆောင်တိုင်ပွဲတော်ကို အလေးအမြတ်ထား ဆင်နွှဲသွားမည်ဖြစ်

19 Nov 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၉)- MPT မှ လာမည့် နိုဝင်ဘာလ ၂၂ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းနှင့် မွန်ပြည်နယ်ရှိ တန်ခိုးကြီးစေတီများ၌ တန်ဆောင်တိုင်လပြည့် အထိမ်းအမှတ်အဖြစ် ဆီမီးများထွန်းညှိပူဇော်ခြင်းအပြင် ဖယောင်းတိုင်နှင့် ယောဂီတဘက်များကိုလည်း ဘုရားဖူးလာပြည်သူများကို ပေးအပ်လှူဒါန်း သွားမည်ဖြစ်သည်။ တန်ဆောင်တိုင်ပွဲတော်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ ထူးမြတ်လှသည့် နေရက်တစ်ခုဖြစ်ပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ် လှူဒါန်းကြခြင်း၊ မသိုးသင်္ကန်းကို တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီညမှ မနက်အာရုံတက်ချိန်အထိ နှစ်ရက်တိုင်တိုင် ကြိုးစားရက်လုပ်၍ လှူဒါန်းကြခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

MPT အနေဖြင့် အများပြည်သူများပူးပေါင်းပါဝင်နိုင်မည့် ဆီမီးထွန်းညှိပူဇော်ပွဲအခမ်းအနားများကို ယခုနှစ်တွင် နေရာ ၉ နေရာအထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်နှစ်ကထက်ပိုမိုများပြားသည့် တိုင်းနှင့်ပြည်နယ် တို့တွင် ဆောင်ရွက်လိုက်ခြင်းဖြစ်ကာ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး၊ ပြည်ရွှေဆံတော်၊ ဖိုလ်ဝင်တောင်၊ ရွှေစည်းခုံ၊ ကောင်းမှုတော်၊ မဟာအံ့ထူး ကံသာ၊ ရွှေမုဋ္ဌော၊ ရွှေမော်ဓော နှင့် ကျိုက်သလ္လံစေတီတော် စသည့် စေတီတော် ၉ ဆူ တွင် ကျင်းပသွားမည်ဖြစ်သည်။

စဉ်ပွဲတော်ကျင်းပမည့် စေတီများတိုင်းနှင့်ပြည်နယ်မြို့နယ်များပွဲတော်အစီအစဉ်များ

(လှူဒါန်းမှုများကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြလုပ်မည်)

ရွှေဆံတော်ပဲခူးပြည်နိုဝင်ဘာ ၁၈ မှ ၂၂ အထိ
ဖိုလ်ဝင်တောင်စစ်ကိုင်းယင်းမာပင်နိုဝင်ဘာ ၂၀ မှ ၂၂ အထိ
ရွှေစည်းခုံမန္တလေးညောင်ဦးနိုဝင်ဘာ ၂၀ မှ ၂၄ အထိ
ကောင်းမှုတော်စစ်ကိုင်းစစ်ကိုင်းနိုဝင်ဘာ ၂၁ မှ ၂၃ အထိ
မဟာအံ့ထူးကံသာမန္တလေးပြင်ဦးလွင်နိုဝင်ဘာ ၂၁ မှ ၂၃ အထိ
ကျိုက်ထီးရိုးမွန်ကျိုက်ထိုနိုဝင်ဘာ ၂၁ မှ ၂၃ အထိ
ဇလွန်ပြည်တော်ပြန်ဘုရားဧရာဝတီပုသိမ်နိုဝင်ဘာ ၂၂
ရွှေမော်ဓောပဲခူးပဲခူးနိုဝင်ဘာ ၂၂
ဗိုလ်တထောင်ရန်ကုန်ရန်ကုန်နိုဝင်ဘာ ၂၂

ဇယား – တိုင်းနှင့်ပြည်နယ်များရှိ စေတီပုထိုးများတွင် MPT မှ ဆီမီးထွန်းပူဇော်ပွဲနှင့် အများပြည်သူများပူးပေါင်းပါဝင်နိုင်မည့် တိုင်ဆောင်တိုင်ပွဲတော်များ ကျင်းပပြုလုပ်သွားမည့်နေရာများ

MPT မှ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ဖယောင်းတိုင်များနှင့် ယောဂီတဘက်များကို ပွဲတော်ကျင်းပမည့် နေရာများတွင် အများပြည်သူများသို့ လှူဒါန်းခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး MPT ဝန်ထမ်းများသာမက အများပြည်သူအားလုံး အတူတကွပူးပေါင်းပါဝင်၍ လပြည့်နေ့ ညနေခင်းအချိန်တွင် စေတီပုထိုးများ၌ကျင်းပမည့် ဆီမီးပူဇော်ပွဲတွင် ဆီမီးများ အတူတကွဝင်ရောက်ပူဇော်နိုင်ရန်လည်း ဖိတ်ခေါ်အပ်ပါသည်။ အဆိုပါပွဲတော်နေ့ရက်တွင် မြန်မာနိုင်ငံ၏အနုပညာရှင်များကလည်း အတူပါဝင် ဆင်နွှဲကြမည်ဖြစ်ရာ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတွင် ပိုးမမီသာ၊ မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီတွင် ငြိမ်းသော်နှင့် ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်တွင် သဇင်နွယ်ဝင်းတို့မှ ပူးပေါင်းပါဝင်သွားမည်ဖြစ်ပါသည်။ အဆိုပါ အနုပညာရှင်များမှာ ပွဲတော်ကျင်းပမည့်နေရာအသီးသီးသို့ ညနေ ၄ နာရီမှ ၇ နာရီအတွင်း လာရောက် ၍ ပူးပေါင်းမည်ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာစေတီများရှိ ပွဲတော်များတွင်လည်း MPT မှ အရောင်းကောင်တာများ ဖွင့်လှစ်ထားရှိ ပေးမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “ စစ်မှန်တဲ့ ပြည်တွင်းအော်ပရေတာဖြစ်တာနဲ့အညီ ကျွန်တော်တို့ MPT ဟာ မြန်မာနိုင်ငံသားတွေနဲ့ထပ်တူ အခုလိုမျိုး ကျက် သရေမင်္ဂလာရှိလှတဲ့ အထိမ်းအမှတ်ပွဲတော်တစ်ခုကို ထပ်မံကျင်းပခွင့်ရတဲ့အတွက် များစွာပဲဝမ်းမြောက်မိသလို ဒီလိုမျိုးပွဲတော်ကို ဆက်တိုက်ကျင်းပလာခဲ့တာဟာ ၂၀၁၅ခုနှစ် ကတည်းကပဲ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာကို ကိုးကွယ်ဆည်းကပ်ကြသူတိုင်းအတွက် အထွဋ်အမြတ်ထားရာ ဘာသာဓလေ့ထုံးထမ်းပွဲတော်များထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီတန်ဆောင်တိုင်ပွဲတော်ကို ဒီနှစ်မှာတော့ တိုင်းနဲ့ပြည်နယ်တွေက နေရာ ၉ နေရာမှာ ဂုဏ်ယူစွာကျင်းပသွားမှာဖြစ်ပါတယ်။ အခုလို စေတီတော် ၉ ဆူမှာဆိုရင်တော့ ကျွန်တော်တို့က ဆီမီးခွက်တွေ ထွန်းညှိပူဇော်ပြီး ဖယောင်းတိုင်နဲ့ ယောဂီတဘက်တွေကို လှူဒါန်းသွားမှာပါ။ အခုလို တန်ဆောင်တိုင် အထိမ်းအမှတ်ပွဲတော်မှာ ကျွန်တော်တို့နဲ့အတူ ထောင်ပေါင်းများစွာသောပြည်သူတွေ အတူတကွပါဝင် ဆင်နွှဲကြမယ်လို့ မျှော်လင့်ရင်း ဒီပွဲမှာပါဝင်ဆင်နွှဲမယ့် လူတစ်ဦးတိုင်းတစ်ယောက်တိုင်း ပျော်ရွှင်ဖွယ် မီးထွန်းပွဲတော် အခါသမယလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။” ဟု ပြောကြားသည်။

MPT မှ မကြာမီရောက်ရှိလာတော့မည့် တန်ဆောင်တိုင်ပွဲတော်တွင် စေတီ ၉ ဆူ၌ ဆီမီးများ၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ခြင်းနှင့် ယောဂီတဘက်များလှူဒါန်းမည့် အစီအစဉ်တွင် ပါဝင်နိုင်ကြစေရန်နှင့် မင်္ဂလာရှိလှသော အချိန်အခါသမယအတွင် ကောင်းမှုကုသိုလ်များအတူတကွ စုပေါင်းလုပ်ဆောင်နိုင်ကြစေရန် အများပြည်သူ များအား ဖိတ်ခေါ်လိုက်ရပါသည်။

အသေးစိတ် အချက်အလက်များသိရှိလိုပါက နံပါတ် ၁၀၆ ကို ဖုန်းခေါ်၍ သို့မဟုတ် www.mpt.com.mmနှင့် MPT တရားဝင် ဖေ့ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါ သည်။