×

MPT က မြန်မာနိုင်ငံအတွင်း အသက်သာဆုံး ဖုန်းခေါ်ဆိုခနှုန်းထားဖြစ်သော “ရွှေစကား” အစီအစဉ်သစ်ကို စတင်မိတ်ဆက်

11 Oct 2017

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်မှစတင်၍ သုံးစွဲသူများအတွက် ပိုမိုသက်သာသည့် နှုန်းထား အစီအစဉ်အသစ်ဖြစ်သော “ရွှေစကား” ကို ကြိုတင်ငွေပေးချေစနစ် (Prepaid) အသုံးပြုသူများအနေဖြင့် *234*4# ဟု ရိုက်နှိပ်ခေါ်ဆိုရယူနိုင်မည်ဖြစ်ပြီး၊ အသုံးပြုပြီးမှငွေပေးချေစနစ်(Postpaid) အသုံးပြုသူများ အနေဖြင့် *235*4# ဟုရိုက်နှိပ်ခေါ်ဆို ရယူနိုင်မည်ဖြစ်ပါသည်။ ယခုနှုန်းထားအစီအစဉ်သစ်မှာ MPTမှ ပြုလုပ်ပေးလေ့ရှိသော ပရိုးမိုးရှင်းပုံစံများကဲ့သို့ သတ်မှတ်ကာလ အတွင်းအသုံးပြုရမည့် အစီအစဉ်မျိုးမဟုတ်ဘဲ ဆွေသဟာ၊ ရှယ်ပြောအစီအစဉ်များကဲ့သို့ တစ်ကြိမ်ရယူပြီး သည်နှင့် တောက်လျှောက် ဆက်လက်အသုံးပြု နိုင်မည့် အစီအစဉ်တစ်ရပ်လည်းဖြစ်ပါသည်။

“ရွှေစကား” အစီအစဉ်သစ်၏ အသေးစိတ်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဝန်ဆောင်မှုအမျိုးအစားစျေးနှုန်း (ကျပ်)
MPT ဖုန်းအချင်းချင်းခေါ်ဆိုမှု၁ မိနစ်လျှင် ၁၀ ကျပ်
အခြားအော်ပရေတာများသို့ ခေါ်ဆိုမှု၁ မိနစ်လျှင် ၂၄ ကျပ်
စာတိုပေးပို့မှုတစ်စောင်လျှင် ၁၅ ကျပ်
အင်တာနက်ဒေတာတစ်မီဂါဘိုက်လျှင် ၈ ကျပ်

* ဖော်ပြပါနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% မပါဝင်ပါ။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “မြန်မာနို်င်ငံရဲ့ အသက်သာဆုံး ဖုန်းခေါ်ဆိုခအဖြစ် တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် ရွှေစကား အစီအစဉ်သစ်ကို အခုလို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် MPT အဖွဲ့သားအားလုံး အထူးပဲစိတ်လှုပ်ရှားမိပါတယ်။ သုံးစွဲသူတွေအနေနဲ့ အခုလိုထူးခြားတဲ့ အစီအစဉ်သစ်ကြောင့် သူငယ်ချင်းတွေနဲ့ မိသားစုတွေကြားမှာ ဖုန်းဆက်သွယ်မှုတွေ ပိုပြီး လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် အကျယ်ပြန့်ဆုံးနဲ့ အမြန်ဆုံးကွန်ရက်ပေါ်ကနေ သူတို့နှစ်သက်တဲ့ဝန်ဆောင်မှုတွေကို အကောင်းဆုံး ပေးစွမ်းနိုင်ဖို့အတွက် အရေးကြီးတယ်ဆိုတာကို MPTအနေနဲ့ နားလည်သိရှိထားပြီးဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

MPT ၏ အခြားသောစိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များနှင့် ပရိုမိုးရှင်းများအကြောင်းကို အသေးစိတ် ပိုမိုသိရှိလိုပါက www.mpt.com.mm နှင့် www.facebook.com/mptofficialpage သို့မဟုတ် 106 သို့ ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါသည်။