×

MPT က မြန်မာနိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်းဂိမ်းပြိုင်ပွဲအတွက် အဓိက ကူညီပံ့ပိုး

25 Jun 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇွန်လ ၂၅ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မကြာမီစတင်တော့မည့် e-game ပြိုင်ပွဲဖြစ်သည့် “MOBILE LEGENDS: BANG BANG SOUTH EAST ASIA CUP 2018 MYANMAR MPT QUALIFIER” တွင် မိတ်ဖက်အဖြစ် ဂုဏ်ယူစွာပါဝင်လိုက်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ လူကြိုက်များပြီး လူအများစုပေါင်း ကစားနိုင်သည့် အခမဲ့ ရယူနိုင်သော အွန်လိုင်းတိုက်ပွဲ (MOBA) ဂိမ်းကို မြန်မာနိုင်ငံမှ ကစားသမား တစ်သန်းကျော်က နေ့စဉ်နှင့်အမျှ ယှဉ်ပြိုင်ဆော့ကစားနေကြခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းအား ရွေးချယ်မည့် ပွဲစဉ်ကို ၇ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပထမအဆင့် အွန်လိုင်း ပွစဲ ဉ်များမှာ ဇူလိုင်လ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ဒေသတွင်းချန်ပီယံပွဲစဉ်များကို ရန်ကုန်မြို့ Junction Square ရှော့ပင်းမောလ်၌ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး MPT သုံးစွဲသူများအတွက် သီးသန့်အထူးကံစမ်းမဲအစီအစဉ်ကို ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အတွင်း ကျင်းပသွားမည်ဖြစ်သည်။ ကံစမ်းမဲအစီအစဉ်တွင် လူကြိုက်များသည့် Hero & Skin Bundle နှင့် အခြားသော အမိုက်စား Bundle များအပါအဝင် ဂိမ်းအတွင်းအသုံးပြုနိုင်သည့် in-game vouchers များကို ဆုလက်ဆောင်အဖြစ် MPT သုံးစွဲသူ ၄,၀၀၀ ကျော်တို့အတွက် စီစဉ်ထားခြင်းဖြစ်ကာ MPT သုံးစွဲသူများအနေဖြင့် မှတ်ပုံတင်ရန်မလိုအပ်ဘဲ ပါဝင် ကံစမ်းခွင့်ရမည် ဖြစ်သည်။ Coda Shop တွင် ၅,၀၀၀ ကျပ်နှင့်အထက် ပမာဏအား အသုံးပြုသည့်အကြိမ် တိုင်းအတွက် နေ့စဉ်ပေးအပ်နေသည့် ဆုမဲပေါင်း ၃၀၀ ကျော်ကို ကံစမ်းနိုင်မည့် အခွင့်အရေးတစ်ကြိမ်စီ ရရှိမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPTရဲ့ LTE+ လို မြန်နှုန်းမြင့်ကွန်ရက်တွေ မြန်မာနိုင်ငံမှာအသုံးပြုနိုင်လာတာနဲ့အမျှ အထူးသဖြင့် မိုဘိုင်းလ်ဂိမ်းကစားခြင်းဟာ လူငယ်တွေအကြားမှာ ရေပန်းစားလာပါပြီ။ နိုင်ငံအတွင်းက ဖွံ့ဖြိုးတိုးတက်လာတဲ့ အွန်လိုင်းဂိမ်း အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲက အကြီးမားဆုံး e-gaming ယှဉ်ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ “MOBILE LEGENDS: BANG BANG SOUTH EAST ASIA CUP 2018 MYANMAR MPT QUALIFIER” ပွဲမှာ အခုလို အထောက်အပံ့ပေးနိုင်တဲ့အတွက် အထူးပဲဝမ်းမြောက်မိပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း အခုလိုမျိုး ပွဲကတစ်ဆင့် အောင်မြင်အောင်ကြိုးစားပြီး ဒီနှစ်နောက်ပိုင်းမှာ ကျင်းပမဲ့ နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ ကိုယ့်နိုင်ငံရဲ့အလံကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ လွှင့်တင်နိုင်မယ့်နေရာတစ်နေရာရလာအောင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြိုင်ပွဲဝင်တွေအတွက်တော့ ယှဉ်ပြိုင်ပွဲက စပါပြီ” ဟု ပြောကြား ခဲ့သည်။

Mobile Legends: Bang Bang ကို iOS နှင့် Android အသုံးပြုသူအားလုံး အခမဲ့ဒေါင်းလုပ်ရယူပြီး ကစားနိုင်မည်ဖြစ်သည်။ ပိုမိုသိရှိလိုပါက Call Center နံပါတ် ၁၀၆ သို့မဟုတ် သုံးစွဲသူဝန်ဆောင်မှုအဖွဲ့ နံပါတ်များဖြစ်သည့် ၀၉-၄၅၅၅၀၀၄၄၀၊ ၀၉-၄၅၅၅၀၀၈၈၀ နှင့် MPT တရားဝင် Facebook စာမျက်နှာ www.facebook.com/mptofficialpage/ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။