×

MPT က မြန်မာနှစ်သစ်ကို “နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်းဖြင့် ကြိုဆို

08 Apr 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်)- MPT သည် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် သုံးစွဲသူများအတွက် “ နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်း အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် “ထိပေါက်” ကစားပြီး ထောဘီ ကျပ် ၁ သန်းအထိ လက်ဆောင်ဆု ကံထူးနိုင်မည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းအစီအစဉ်ကို ရယူရန်နှင့် “ထိပေါက်” ကစားနိုင်ရန်အတွက် သုံးစွဲသူများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက် မှ ၁၇ ရက်အထိ  ၉၇၉ ကျပ်နှင့် အထက် Data Carry Plus ပက်ကေ့ချ်များ (အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ အပါအဝင်) [သို့မဟုတ်] “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ဝယ်ယူရန်လိုအပ်ပါသည်။

 ထို့အပြင် သုံးစွဲသူများသည် ၉၇၉ ကျပ်နှင့် အထက် Data Carry Plus ပက်ကေ့ချ်များ (အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ အပါအဝင်)ကို ဝယ်ယူခြင်းဖြင့် 1000GB အထိ အပိုလက်ဆောင် ဒေတာများကို ကံထူးရရှိနိုင်ပြီး   မိမိချစ်ခင်ရသူများကို ဒေတာမျှဝေခံစားနိုင်သည့် ကြင်ကြင်နာနာ ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် MPT Club ပွိုင့် ၁,၀၀၀ ပွိုင့်အထိ အပိုဆောင်း အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

“နှစ်ဦးထိပေါက်” သင်္ကြန်ပရိုမိုးရှင်း အစီအစဉ် အသေးစိတ်ကို MPT ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပြီး အသေးစိတ်ပက်ကေ့ချ်များကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။

ပက်ကေ့ချ်သက်တမ်း (ရက်)နှုန်းထား (ကျပ်)
ကုန်သွယ်ခွန်ပါဝင်ပြီး
ဒေတာအပိုလက်ဆောင် ကံစမ်း ဒေတာသင်္ကြန် ပရိုမိုးရှင်းဝယ်ယူရန်

Data Carry Plus (Auto Renewal)





၃၀ ရက်
၉၇၉ ကျပ်470 MB

1000GB အထိ အပိုလက်ဆောင် ကံစမ်း ဒေတာ


ထောဘီ ကျပ်
၁သန်း အထိ လက်ဆောင် ဆု


ရယူနိုင်သော
နည်းလမ်းများ
အားလုံး
(SMS, Direct USSD, USSD, MPT4U, Web SC, DMS, CRM Portal, UCC Portal (Call Center), Billing Portal, MPT Pay
၁,၂၇၉ ကျပ်615 MB
၁,၇၇၉ ကျပ်860 MB
၂,၆၆၉ ကျပ်1290 MB


Data Carry Plus
၉၉၉ ကျပ်470 MB
၁,၂၉၉ ကျပ်615 MB
၁,၇၉၉ ကျပ်860 MB
၂,၆၉၉ ကျပ်1290 MB
၄,၄၉၉ ကျပ်2160 MB
၈,၉၉၉ ကျပ်4330 MB
၁၇,၉၉၉ ကျပ်8660 MB
၂၆,၉၉၉ ကျပ်13030 MB
ပက်ကေ့ချ်သက်တမ်း (ရက်)နှုန်းထား (ကျပ်)
ကုန်သွယ်ခွန် ပါဝင်ပြီး
ဒေတာအဖွဲ့ဝင် ရရှိနိုင်သော ဒေတာပိုင်ရှင်ရရှိနိုင်သော အသံမိနစ် နှင့် စာတိုပမာဏပိုင်ရှင်ရရှိနိုင်သော MPT Club points ပမာဏသင်္ကြန် ပရိုမိုးရှင်းဝယ်ယူရန်


ကြင်ကြင်နာနာ ပက်ကေ့ချ်


၃၀ ရက်
၂,၉၉၈ ကျပ်1 GB500 MB130 On-net mins and On-net SMS400 points

ထောဘီ ကျပ်
၁သန်းအထိ လက်ဆောင်ဆု

MPT4U App
၅,၄၉၈ ကျပ်2 GB500 MB190 On-net mins and On-net SMS600 points
၉,၉၉၈ ကျပ်4 GB500 MB240 On-net mins and On-net SMS1000 points

ထောဘီဖုန်းဘေလ်ကို ရရှိထားသော အပိုဆုလက်ဆောင်အပေါ်မူတည်၍ ၃ ရက် (သို့မဟုတ်) ၇ ရက်အတွင်း အသုံးပြုနိုင်ပါသည်။

ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား ဝန်ဆောင်မှု အစီအစဉ် ရယူသုံးစွဲထားသော MPT GSM/ WCDMA ကြိုတင် ငွေဖြည့်စနစ် သုံးစွဲသူများအားလုံးသည် နှစ်ဦးထိပေါက် သင်္ကြန် ပရိုမိုးရှင်း အစီအစဉ်ကို ဝယ်ယူရရှိနိုင်သည့် ကြိုက်နှစ်သက်ရာနည်းလမ်းများ မှတစ်ဆင့် ရယူနိုင်မည်ဖြစ်သည်။

MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သုံးစွဲသူအတွေ့အကြုံများ ဆက်လက် တိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကာ “မြန်မာပြည်သူ ပြည်သားများ၏ ဒီဂျစ်တယ် လူမှုဘဝတိုးတက်ကောင်းမွန်လာစေရန်နှင့် လိုအပ်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် အမြဲကြိုးစားလျက်ရှိပြီး နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ “ကျပ် ၁ သန်းအထိ ထောဘီလက်ဆောင်ဆု” ရရှိနိုင်မည့် MPT ၏ သင်္ကြန်ပရိုမိုးရှင်းအစီအစဉ်တွင် မိမိ မိသားစု၊ သူငယ်ချင်းများနှင့်အတူ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်အပ်ပါသည်။

သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။