×

MPT က သီချင်း၊ ဗွီဒီယို၊ အနုပညာသတင်း နှင့် ဂိမ်းများပါဝင်သော ဖျော်ဖြေရေး ဝန်ဆောင်မှု (၄)မျိုးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် COMBOX ဖျော်ဖြေရေး Portal ဝန်ဆောင်မှု မိတ်ဆက်

30 Nov 2018

MPT က ဖျော်ဖြေရေးဝန်ဆောင်မှု(၄)မျိုးကို တစ်နေရာတည်း တွင်ရရှိနိုင်မည့် COMBOX ဖျော်ဖြေရေး Portal ဝန်ဆောင်မှုကို ယနေ့စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ COMBOX ဝန်ဆောင်မှုတွင် အွန်လိုင်းဖျော်ဖြေရေးဝန်ဆောင်မှုများဖြစ်သည့် သီချင်းများနှင့် ဗွီဒီယိုများ ဒေါင်းလုတ်ဆွဲခြင်း၊ နောက်ဆုံးရ အနုပညာသတင်းများနှင့် အပန်းဖြေကစားနိုင်မည့် ဂိမ်းအစီအစဉ် ပေါင်းများစွာကို တစ်ရက်လျှင် ၉၉ ကျပ်ပေးသွင်းရုံဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးမှာရှိတဲ့ MPT သုံးစွဲသူများအတွက် အမျိုးအစားစုံလင်သောဖျော်ဖြေရေးဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိစေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာသော COMBOX ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

COMBOX ဖျော်ဖြေရေး Portal ဝန်ဆောင်မှုကို မိတ်ဖက်ဝန်ဆောင်မှုကုမ္ပဏီ TIMWE Group နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အနုပညာကဏ္ဍအသီးသီးကို ချစ်မြတ်နိုးကြသည့် သုံးစွဲသူများအတွက် ပျော်ရွှင်ကြည်နူး စေမည့်အပြင် မြန်မာနိုင်ငံတွင် ရေပန်းစားနေသည့် တေးသီချင်းပေါင်းများစွာကိုလည်း ဒေါင်းလုတ်ပြုလုပ်နိုင် မည်ဖြစ်သည်။ ထို့အပြင် ဒေသတွင်းနှင့်နိုင်ငံတကာမှ အစားအစာချက်ပြုတ်ခြင်းအစီအစဉ်များ၊ ဟာသ နှင့် ကာတွန်းဇာတ်လမ်းစီးရီးများ အစရှိသည်တို့ကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြည်တွင်းအနုပညာရှင် ချစ်ပရိတ်သတ်များအတွက်မူ ၎င်းတို့၏ နောက်ဆုံးရသတင်းများနှင့် ရသကောင်းများဖန်တီးပေးစွမ်းနိုင်သည့် မြန်မာ့ဖျော်ဖြေရေးသတင်းများကိုလည်း အဆိုပါဝန်ဆောင်မှုတွင် ရယူကြည့်ရှုနိုင်မည်ဖြစ်သည်။ JewelBubble™ နှင့် Zombie™ ကဲ့သို့သော စိတ်လှုပ်ရှားစရာ အန်းဒရွိုက်မိုဘိုင်းလ်ဂိမ်းများကိုလည်း ဒေါင်းလုတ် ရယူဆော့ကစားနိုင်မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုအသစ်မှာ browser ပေါ်တွင်အခြေခံသည့်စနစ်ကို အသုံးပြုထားခြင်းကြောင့် အသုံးပြုရ လွယ်ကူပြီး ဝန်ဆောင်မှုပေးနေစဉ်တွင် အခပေး ကြော်ငြာများလည်း ပါဝင်မည်မဟုတ်ပါ။ တစ်ရက်တာအတွက် အနည်းဆုံးငွေကျပ်ပမာဏတစ်ခုဖြင့် သုံးစွဲသူများက နေ့စဉ်၊ လစဉ် မိမိကြိုက်နှစ်သက်ရာကဏ္ဍများအတွက် စိတ်ကြိုက်ဒေါင်းလုတ်ပြုလုပ်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်(ဒေတာအသုံးပြုမှုကျခံရမည်ဖြစ်သည်)။ အသုံးပြု သူများအနေဖြင့် MPT ၏ မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်ပေါ်တွင် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများသည် 3G မိုဘိုင်းလ်ကွန်ရက်ကို ချိတ်ဆက်ထားရန်လိုအပ်မည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းများအတွင်းရှိ အင်တာနက် browser များပေါ်မှနေ၍ ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ဒီ COMBOX က စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖျော်ဖြေရေး Portal ဝန်ဆောင်မှုဖြစ်ပြီး တစ်ရက်ကို ၉၉ ကျပ်ပေးရုံနဲ့ အွန်လိုင်းဖျော်ဖြေရေးဝန်ဆောင်မှုတွေဖြစ်တဲ့ မြန်မာသီချင်းတွေ၊ ဗွီဒီယိုတွေနဲ့ အနုပညာရှင်သတင်းတွေ၊ ဓါတ်ပုံတွေကိုသာမကဘဲ မိုဘိုင်းလ်ဂိမ်းစတဲ့ ဖျော်ဖြေရေးဝန်ဆောင်မှု (၄)မျိုးကို တစ်နေရာတည်းမှာ အသုံးပြုနိုင်မယ့် အစီအစဉ်သစ် တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့ MPT ရဲ့ ကွန်ရက်ပေါ်ကတစ်ဆင့် အခုလို ကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့ ဒီဝန်ဆောင်မှုကို သုံးစွဲသူတွေ ကြိုက်နှစ်သက်ကြမယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

TIMWE Group ၏ Vice President Asia Pacific ဖြစ်သူ Mr. Ajeet Chauhan က “အခုလို MPT အတွက် Content Provider တစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက်ရော ဒီဝန်ဆောင်မှုပေါ်ကနေ မတူညီတဲ့ ဖျော်ဖြေရေး ဝန်ဆောင်မှုကဏ္ဍအမျိုးပေါင်းစုံကို စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေဆီကနေရယူပြီး ကျယ်ကျယ် ပြန့်ပြန့် ဈေးသက်သက်သာသာနဲ့ ပေးအပ်နိုင်တဲ့အတွက် တကယ်ပဲဝမ်းသာ ပီတိဖြစ်မိပါတယ်။ ဒါကြောင့် MPT ရဲ့ သုံးစွဲမှုများပြားတဲ့ မြန်နှုန်းမြင့် 3G/LTE+ မိုဘိုင်းလ်ကွန်ရက်ပေါ်ကနေ browser စနစ်ကို အခြေခံထားတဲ့ COMBOX ကို နိုင်ငံတစ်ဝှမ်းလုံးမှာနေထိုင်ကြတဲ့ MPT အသုံးပြုသူတွေအကုန်လုံး စတင်ပြီး စာရင်းသွင်းရယူနိုင်ပါပြီ။” ဟု ပြောကြားသည်။