×

MPT က သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးမည့် “စုံစုံလင်လင်” ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

21 Sep 2020

၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှစ၍ စုံစုံလင်လင် ပက်ကေ့ချ်များ ရောင်းချခြင်းကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(၇ နှစ်မြောက် အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများသည် အစုံသုံးနိုင်သည့် စုံစုံလင်လင်ပက်ကေ့ချ်ကို တစ်ရက်လျှင် ၁၆၇ ကျပ်ဖြင့် ရက် ၃၀ သက်တမ်းဖြင့် အသုံးပြုနိုင်ပြီး ပက်ကေ့ချ်တစ်ခုတည်းဖြင့် သုံးစွဲသူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်သည်။)
(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် အမျိုးမျိုးသောလိုအပ်ချက်များကို တစ်ခုချင်းစီ ဝယ်ယူရန်မလိုဘဲ တစ်နေရာတည်းတွင် ၎င်းတို့၏လိုအပ်ချက်များကို ပြည့်စုံစွာရရှိမည့် စွယ်စုံရ အစုံသုံး အတန်ဆုံး “စုံစုံလင်လင်” ပက်ကေ့ချ်ကို အသက်သာဆုံးနှုန်းထားဖြင့် ယနေ့မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။
(၇)နှစ်မြောက်သို့ ရောက်ရှိခြင်း အထူးပရိုမိုးရှင်းအစီအစဉ် အသစ်တစ်ခုဖြစ်သည့် “စုံစုံလင်လင်” ပက်ကေ့ချ် သည် အစုံသုံး အတန်ဆုံး နှင့် အကျိုးကျေးဇူးများစွာ ရရှိခံစားနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပြီး MPT ကို အစဉ်တစိုက် အားပေးကြသော သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများအားလုံးအတွက် ဒေတာ 2GB ၊ MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထား ဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁,၀၀၀ကျပ် ပါရှိပြီးရက်ပေါင်း(၃၀)အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် အခြေအနေကြောင့် လူအများအပြား အိမ်တွင် နေထိုင်နေရသည့် ကာလတွင် MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်၊ တန်ဖိုးရှိသော သတင်းများရရှိစေရန်၊ အွန်လိုင်းမှ သတင်းအချက်အလက်များရယူနိုင်ရန်နှင့် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားနိုင်ရန် “စုံစုံလင်လင်” ပက်ကေ့ချ်ကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ “စုံစုံလင်လင်” ပက်ကေ့ချ် ၏ ပြီးပြည့်စုံသည့် အကျိုးကျေးဇူးခံစားခွင့်များမှာ-

စျေးနှုန်း (ကုန်သွယ်ခွန်
ပါဝင်ပြီး)
ခံစားခွင့်များ သက်တမ်းဝယ်ယူရန်
၄,၉၉၈ ကျပ်• အကန့်အသတ်မရှိ ဒေတာ (Facebook, Mobile Legends, JOOX)
• 2GB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
• MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့်[၁ မိနစ် ၅ ကျပ်]
• ဖုန်းဘေလ် ၁၀၀၀ ကျပ်
ရက် ၃၀MPT4U app
*4998#

ထို့အပြင် အဆိုပါ အစီအစဉ်သုံးစွဲသူများသည် ပုံမှန်ခံစားခွင့်များအတွက်ကျသင့်မည့်တန်ဖိုး ၉,၉၉၆ ကျပ်အစား ထက်ဝက်တန်ဖိုး (၅၀% လျော့စျေး) ၄,၉၉၈ကျပ်ဖြင့် ရက်ပေါင်း ၃၀ အသုံးပြုနိုင်သည့် အကျိုးခံစားခွင့်များ အားလုံးကို ရရှိနိုင်ပါသည်။ “စုံစုံလင်လင်” ပက်ကေ့ချ်သည် သုံးစွဲသူများအတွက် ကုန်ကျစရိတ် ၅၀% သက်သာစွာ ဖြင့် ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးရရှိနိုင်သည့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က “အထူးသဖြင့် ဒီလိုစိန်ခေါ်မှုအခက်အခဲတွေရှိနေတဲ့အချိန်မှာ MPT ကို အစဉ်တစိုက် အားပေးကြတဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အခု ပရိုမိုးရှင်းအစီအစဉ်ဟာဆိုရင် “မြန်မာပြည်နှင့် အတူရှိနေမည်”ဆိုတဲ့ ကတိကဝတ်တွေကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး စွဲမက်စရာကောင်းတဲ့ သုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် ဒီ “စုံစုံလင်လင်” ပက်ကေ့ချ်ကို တန်ဖိုးထားရတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ ပေးအပ်လိုက်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အိမ်ထဲမှာ နေထိုင်ဖို့လိုအပ်တဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ချစ်ခင်သူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေခြင်းဖြင့် သတင်းအချက်အလက်တွေကို ရယူနိုင်မယ့်အပြင် အွန်လိုင်းဖျော်ဖြေရေးတွေကိုလည်း စိတ်ကြိုက် ကြည့်ရှုခံစား နိုင်ဖို့ ဆောင်ရွက်ပေးထားတာပါ ”ဟု ပြောကြားခဲ့သည်။
သုံးစွဲသူများအနေဖြင့် Facebook (ပြင်ပ links များမပါဝင်) အသုံးပြုခြင်း၊ Facebook Messenger (Voice, Video calls များမပါဝင်) အသုံးပြုခြင်း၊ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းများ မပါဝင်) ဂိမ်းကစားနိုင်ခြင်း သို့မဟုတ် JOOX Music မှ နောက်ဆုံး ထွက်ရှိသည့် သီချင်းများကို နားဆင်ခြင်းတို့အား အကန့်အသတ်မရှိ စိတ်ကြိုက်ရယူခံစားနိုင်ပါသည်။ အပိုဆုလက်ဆောင် ရရှိသည့် 2GB ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာသုံးနိုင်သည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိခံစားနိုင်ပြီး MPT အချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုခွင့်များဖြင့် မိမိ၏ ချစ်ခင်သူများနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည် ဖြစ်သည်။ ပြင်ပလင့်ခ်များသို့ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်း နှင့် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြားအသုံး ပြုမှုများ အတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွား မည်ဖြစ်သည်။
ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော MPT GSM/WCDMA prepaid စနစ် သုံးစွဲသူများ အနေဖြင့် “စုံစုံလင်လင်” ပက်ကေ့ချ်ကို ရယူနိုင်ပြီး စက်တင်ဘာ ၂၁ ရက်တွင် စတင်သည့် အဆိုပါ အစီအစဉ်အား MPT4U App မှတစ်ဆင့် (သို့မဟုတ်) *4998# သို့ခေါ်ဆိုပြီး အကျိုးကျေးဇူးများ ရယူခံစားနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအားလုံးသည် နေအိမ်တွင်ပင် အဆင်ပြေလွယ်ကူစွာဖြင့် မိုဘိုင်းလ်ဖုန်းထဲရှိ MPT4U Appသို့ ဝင်ရောက်၍ ၎င်းတို့၏အကောင့်များကို စီမံခန့်ခွဲနိုင်ပါသည်။ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။