×

MPT က အခမဲ့ဝိုင်ဖိုင်နှင့် နည်းပညာဆိုင်ရာ အချက်အလက် စင်တာများဖွင့်လှစ်ပြီး မြန်မာပြည်သူတို့ကို အွန်လိုင်းဖြင့်ချိတ်ဆက်ပေး

09 Mar 2018

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က နိုင်ငံအဝှမ်းတွင် ဒစ်ဂျစ်တယ်နည်းပညာတတ်သိနားလည်မှုအတွက် ခြားနားချက်များကို ကူညီဖြည့်ဆည်း ပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် MPT telecenter ပေါင်း ၄၀ ကို စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်လိုက်သော အဆိုပါ MPT telecenter များမှတစ်ဆင့် သက်ဆိုင်ရာ လူမှုဝန်းကျင်တွင် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မည့် ကျယ်ပြန့်သော သတင်းအချက်အလက်များစွာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီ ကာအသုံးပြုနိုင်မည် ဖြစ်သည်။

MPT သည် ဘေးကင်းကာ တာဝန်ယူမှုရှိသည့် အင်တာနက် အသုံးပြုပုံနည်းလမ်းများ အပါအဝင် ကွန်ပျူတာနှင့် တက်ဘလက်တို့ကို အသုံးပြုခြင်းအတွက် နည်းလမ်းများ စသည်တို့ကိုလည်း အများပြည်သူသို့ လမ်းညွှန်ပေးခြင်းဖြင့် အထောက်အကူ ပေးသွားမည်ဖြစ်သည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ MPT telecenter များတွင် မိုဘိုင်းလ် ဆက်သွယ်ရေးကိရိယာများဖြင့် ဝိုင်ဖိုင်စနစ်ကို အခမဲ့အသုံးပြုခွင့် ပေးသွားမည့်အပြင် လက်ပ်တော့များနှင့် တက်ဘလက်များ ကိုလည်း အခမဲ့အသုံးပြုနိုင်ရန် ပံ့ပိုးပေးထားမည် ဖြစ်သည်။ အဆိုပါ ကိရိယာများသည် မြန်မာပြည်သူများ အလွယ်တကူ အသုံးပြုနိုင်ရန် အဆင်သင့်ဖြစ်နေပြီး အသုံးဝင်သည့် အက်ပလီကေးရှင်းများ ဖြစ်သည့် အင်္ဂလိပ်စာ သင်ခန်းစာများ၊ စာအုပ်များဖတ်ရှုနိုင်မည့် ဝန်ဇင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဖျော်ဖြေရေးဆိုင်ရာ ဆော့ဖ်ဝဲများ အစရှိသည်တို့ကိုပါ ထည့်သွင်းထားပါသည်။ MPT telecenter များသို့ လာရောက်သူများအနေဖြင့် လိုအပ်သည်များကို ကူညီပေးရန်အတွက် ဝန်ထမ်းများလည်းရှိနေကာ ၎င်းတို့ထံတွင် သတင်းအချက်အလက်များ ထပ်မံမေးမြန်းနိုင်မည့်အပြင် လမ်းညွှန်မှုများကိုလည်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် နီးစပ်ရာ MPT Branded Shops များတွင် MPT telecenter အမှတ်တံဆိပ်ကို ရှာဖွေ ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။

MPT telecenter ဖွင့်ထားသည့် နေရာများ

စဉ် တိုင်းနှင့်ပြည်နယ် မြို့
ကချင် မြစ်ကြီးနား
ကယား လွိုင်ကော်
ချင်း ဟားခါး
မွန် မော်လမြိုင်
ရခိုင် စစ်တွေ
ရခိုင် သံတွဲ
ရှမ်း (အရှေ့ပိုင်း) ကျိုင်းတုံ
ရှမ်း (တောင်ပိုင်း) တောင်ကြီး
ရှမ်း (မြောက်ပိုင်း) လားရှိုး
၁၀ ရှမ်း (တောင်ပိုင်း) ညောင်ရွှေ
၁၁ ရှမ်း (တောင်ပိုင်း) အေးသာယာ
၁၂ ရှမ်း (တောင်ပိုင်း) နမ့်ဆမ်
၁၃ ရန်ကုန် ဆူးလေ
၁၄ ရန်ကုန် လမ်း ၄၀
၁၅ မန္တလေး မန္တလေး
၁၆ မန္တလေး ညောင်ဦး
၁၇ မန္တလေး မိတ္ထီလာ
၁၈ မန္တလေး မြင်းခြံ
၁၉ စစ်ကိုင်း မုံရွာ
၂၀ စစ်ကိုင်း ကလေး
၂၁ ပဲခူး ပဲခူး
၂၂ ပဲခူး ပြည်
၂၃ ပဲခူး မင်းလှ
၂၄ ပဲခူး လက်ပံတန်း
၂၅ ပဲခူး ပေါက်ခေါင်း
၂၆ ပဲခူး တောင်ငူ
၂၇ မကွေး မကွေး
၂၈ မကွေး တောင်တွင်းကြီး
၂၉ မကွေး မင်းဘူး
၃၀ မကွေး ဂန့်ဂေါ
၃၁ မကွေး အောင်လံ
၃၂ ဧရာဝတီ ပုသိမ်
၃၃ ဧရာဝတီ ဟင်္သာတ
၃၄ ဧရာဝတီ ဘိုကလေး
၃၅ ဧရာဝတီ မြောင်းမြ
၃၆ ဧရာဝတီ မြန်အောင်
၃၇ ဧရာဝတီ မအူပင်
၃၈ တနင်္သာရီ ထားဝယ်
၃၉ တနင်္သာရီ ပုလော
၄၀ တနင်္သာရီ မြိတ်