×

MPT က အနာဂတ်ကိုပုံဖော်နိုင်သည့် ဆက်သွယ်ချိတ်ဆက်မှုများဖန်တီးနိုင်ရန် ကွန်ရက် အခြေခံအဆောက်အအုံများ တိုးတက်မြှင့်တင်ခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်

17 Jul 2020

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်မှုများ တိုးတက်ကောင်းမွန်စေရန် ဆက်လက်တိုးချဲ့လုပ်ဆောင်လျက်ရှိသည့်အပြင် ရောက်ရှိလာတော့မည့် အနာဂတ်ကို ပုံဖော်နိုင်ရန်နှင့် အများပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရန် ထူးခြားဆန်းသစ်သော ထုတ်ကုန်၊ ဝန်ဆောင်မှုများကိုလည်း ယခုမျက်မှောက်ကာလတွင် ပေးအပ် လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း မကြာသေးမီနှစ်များက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာသည် နှင့်အတူ MPT သည် နိုင်ငံတစ်ဝန်း ကွန်ရက်လွှမ်းခြုံနိုင်မှုနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဦးဆောင် ပေးအပ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လျက်ရှိသည်။ MPT သည် ၂၀၁၇ ခုနှစ် ဇွန်လမှစတင်၍ 4G/LTE+ ဝန်ဆောင်မှုကို တရားဝင်မိတ်ဆက်ခဲ့ပြီး ယခုလက်ရှိတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးရှိ သုံးစွဲသူပေါင်း ၂၇ သန်းကျော်မှာ MPT ၏ 2G, 3G နှင့် 4G ကွန်ရက်ဖြင့် ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိနေပါသည်။

MPT ၏ ကြိုးစားအားထုတ်မှုရလဒ်အနေဖြင့် ယနေ့အချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၁၆ မြို့နယ် တွင် LTE+ ကွန်ရက်ကို အသုံးပြုနိုင်ပြီဖြစ်ပြီး စတင်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ  ယနေ့အချိန်ထိ ၃၀၀ ရာခိုင်နှုန်းထိ တိုးတက်လာပါသည်။ MPT အနေဖြင့် အကျယ်ပြန့်ဆုံးနှင့် အလျင်မြန်ဆုံးကွန်ရက်ကိုပိုင်ဆိုင်ထားပြီး နိုင်ငံလူဦးရေ၏ ၉၆ ရာခိုင်နှုန်း အထိ ဆက်သွယ်မှုကွန်ရက်ကို လွှမ်းခြုံပေးခဲ့ကာ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ သုံးစွဲသူများအတွက် MPT  မြန်နှုန်းမြင့် ကွန်ရက်၏ အကျိုးကျေးဇူးကို ခံစားနိုင်စေရန် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများအထိ ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံ နိုင်ခဲ့ပါသည်။

ယနေ့ခေတ်မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်အသုံးပြုသူများသည် လက်ကိုင်ဖုန်းများ၊ စက်ပစ္စည်းအသစ်များနှင့် အသုံးပြုနိုင်သည့် နည်းလမ်းသစ်များဖြင့် ထပ်မံသုံးစွဲလာကြသကဲ့သို့ MPT မှလည်း မိမိတို့၏ ကွန်ရက် ချိတ်ဆက် နိုင်စွမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် ဝန်ဆောင်မှုအသစ်များကို ပေးအပ်နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူအများ အသုံးပြု နိုင်သည့် စျေးနှုန်းသင့်တင့်ပြီး ယုံကြည်အားထားရသည့် မြန်နှုန်းမြင့် အိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှု (FTTH) ကို မြို့နယ်ပေါင်း (၅၄) မြို့နယ်တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်း နှင့် PSTN အော်တိုတယ်လီဖုန်းလိုင်း  (၁၈၀) ကျော်တို့ကိုလည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ထားရှိပြီး ဖြစ်ပါသည်။

MPT-KSGM JO စီးပွားရေးဌာနကြီး၏အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ “မြန်မာနိုင်ငံတစ်ဝန်းက ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် ဒီဂျစ်တယ်အနာဂတ် ကို ဂုဏ်ယူစွာနဲ့ ဆောင်ရွက်ပေးနိုင်ခြင်းနဲ့အတူ ဒီနှစ် တွေမှာ အကောင်းဆုံး၊ အကျယ်ပြန့်ဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့ 3G ၊ LTE+ ကွန်ရက်တွေကို ပေးစွမ်းလျက်ရှိပါတယ်။ စုစုပေါင်းနိုင်ငံလူဦးရေရဲ့ ၉၆ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံထားနိုင်တာနဲ့အညီ သုံးစွဲသူတွေအတွက် အတွေ့အကြုံကောင်းတွေ တိုးတက်ရရှိစေဖို့ ထပ်မံမိတ်ဆက်နိုင်တော့မယ့် အကောင်းဆုံး မြန်နှုန်း၊ စွမ်းဆောင် ရည်ရှိတဲ့ ကျွန်တော်တို့ရဲ့ 4G LTE ဝန်ဆောင်မှုကွန်ရက်အသစ်နဲ့အတူ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ အဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာ့ဒီဂျစ်တယ်စီးပွားရေးနဲ့ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ဟာ အဓိကနေရာကနေ ပါဝင်သွားဖို့ကိုလည်း သိန္နိဌာန်ချပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

ကျွမ်းကျင်ပြီး ပညာရှင်ပီသသော အင်ဂျင်နီယာများ၊ အခက်အခဲဖြေရှင်းသူများ၊ ဆန်းသစ်တီထွင်သူများ၊ နည်းပညာရှင်များ၊ ဦးဆောင်သူများ ပါဝင်သည့် အဖွဲ့များရှိနေခြင်းနှင့်အတူ MPT သည် သုံးစွဲသူများအတွက် သာလွန် ကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံများကို လူမှုကွန်ရက်မီဒီယာများ အသုံးပြုခြင်းမှသည် ဗွီဒီယိုများ တိုက်ရိုက် ကြည့်ရှုနိုင်ခြင်းနှင့် အွန်လိုင်းတွင်တိုက်ရိုက်ဂိမ်း ကစားနိုင်ခြင်းများအထိ ဒီဂျစ်တယ်ပလက်ဖောင်းများ အားလုံးအတွက် လျင်မြန်၍ ယုံကြည်စိတ်ချရသော လိုင်းဆွဲအားချိတ်ဆက်မှုများမှတစ်ဆင့် ဒီဂျစ်တယ် ကမ္ဘာကြီးကို ဖြည့်ဆည်းပေးသွားရန် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်သည်။ MPT သည် ဒီဂျစ်တယ် အနာဂတ် သို့ရောက်ရှိနိုင်ရန် စောင့်ဆိုင်းနေမည် မဟုတ်ဘဲ ကိုယ်တိုင် ဦးဆောင်တည်ဆောက်သွားမည်လည်းဖြစ်ပါသည်။

ယခုဆိုလျှင် အကောင်းဆုံးသော မြန်နှုန်းမြင့်ကွန်ရက် နှင့် ကြီးမားကျယ်ပြန့်သော စွမ်းဆောင်ရည်များဖြင့် MPT သည် အနာဂတ်ကို ပုံဖော်နိုင်သည့် ဆက်သွယ်ချိတ်ဆက်မှုကောင်းများကို ဖန်တီးနိုင်ရန် အထူးအဆင့်မြှင့် တင်ထား သော MPT ၏ မြန်နှုန်းမြင့် 4G LTE ကွန်ရက်အသစ်ကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။

MPT သည် မြန်မာနိုင်ငံ၏ဝေးလံခေါင်ဖျားသောဒေသများရှိ သုံးစွဲသူများအတွက် ကောင်းမွန်သော ဝန်ဆောင်မှု များနှင့် အရည်အသွေးမြင့်ကွန်ရက်အခြေခံအဆောက်အအုံများကို ကာလရှည်ကြာထောက်ပံ့ ပေးလာသည့် သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်သည်။ ယနေ့အချိန်ထိ MPT သည် ဒီဂျစ်တယ်ကမ္ဘာသစ်တွင် “မြန်မာပြည်နှင့် အတူရှိနေမည့်” MPT ဆိုသည့် ဆောင်ပုဒ်အတိုင်း ဝန်ဆောင်မှုများကိုလည်း စဥ်ဆက်မပြတ် ပေးအပ်လျက်ရှိနေပါသည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား အသေးစိတ်လေ့လာနိုင်ရန်အတွက် သုံးစွဲသူများအနေဖြင့် ဖုန်းနံပါတ် 106 သို့ ခေါ်ဆိုခြင်း၊ MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်  စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။