×

MPT က အသစ်ပြန်လည်ဆန်းသစ်ထားသည့် လိုတရ Portal ကို ဒေတာကုန်ကျမှုမရှိဘဲ သုံးစွဲနိုင်ပြီ

14 Sep 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ အသစ်ပြန်လည်ဆန်းသစ်ထားသည့် လိုတရ Portal ကို ယနေ့ စတင်မိတ်ဆက်လိုက်သည်။ MPT သုံးစွဲသူတိုင်း စိတ်ဝင်စားဖွယ် အကြောင်းအရာများ၊ သတင်းထူး၊ သတင်းဦးများ၊ ဂိမ်း၊ ဗေဒင်ကဏ္ဍ အပါအဝင် ဖျော်ဖြေရေး ကဏ္ဍအစုံအလင်ကို ဒေတာကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် လိုတရ Portal ကို Android နှင့် iOS အသုံးပြုသူတိုင်း လွယ်ကူစွာရယူနိုင်မည်ဖြစ်ပြီး အသစ်ပြန်လည်ဆန်း သစ်ထားသည့် လိုတရ Portal တွင် သတင်းနှင့်ကဏ္ဍအကြောင်းအရာများစွာကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ပုံဖော်ထားတဲ့ လိုတရ Portal က တစ်နေရာထဲမှာ အစုံအလင်ဖတ်ရှုနိုင်အောင် ဆောင်ရွက်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Portal ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ Portal က MPT သုံးစွဲသူတွေအတွက် သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးကဏ္ဍ အရင်းမြစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီဆိုတဲ့အကြောင်းကို ဒီနေရာကနေဝမ်းမြောက်စွာ မိတ်ဆက်ပေးချင်ပါ တယ်။ သုံးစွဲသူတွေကို ကျေးဇူူးတင်တဲ့အနေနဲ့ ဒေတာကုန်ကျမှုမရှိဘဲ မြန်ဆန်တဲ့ အင်တာနက်နဲ့ နှစ်လိုဖွယ် ကောင်းတဲ့အကြောင်းအရာတွေကို ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါသည်။ အခုဆိုရင်ထိပ်တန်းဖျော်ဖြေ ရေး ဝန်ဆောင်မှုကို သုံးစွဲသူတိုင်းက အခမဲ့ရရှိနိုင်တော့မှာ ဖြစ်ပါသည်။” ဟု ပြောကြားခဲ့သည်။

 

Web Link : https://lotaya.mpt.com.mm
Free Download Link (Android Only) : http://lotayamm.com/lotaya.apk

တစ်နေရာတည်းတွင် ကဏ္ဍအစုံအလင်ဖတ်ရှုနိုင်မည့် လိုတရအက်ပလီကေးရှင်းကို Android နှင့် iOS သုံးစွဲသူတိုင်း ရယူနိုင်ပြီဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် အမျိုးမျိုးသောဝန်ဆောင်မှု တွေဖြစ်တဲ့ ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု၊ ဂိမ်း၊ သတင်းအချက်အလက် ဖျော်ဖြေရေးဝန်ဆောင်မှု အစီအစဉ်တွေအပြင် ဘေလ်လက်ကျန်စစ်ခြင်း နှင့် MPT Club ၏ Point တို့ကို စစ်ဆေးခြင်း စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။ လိုတရ အက်ပလီကေးရှင်းကို လိုတရဝက်ဘ်ဆိုက်ဖြစ်သည့် http://lotayamm.com/lotaya.apk သို့မဟုတ် *2727# သို့ ခေါ်ဆို၍ MPT သုံးစွဲသူများအနေဖြင့် SMS ဖြင့် ပေးပို့လာမည့် ဒေါင်းလုတ်လင့်ခ်ကို ရယူနိုင်မည်ဖြစ်သည်။