×

MPT က အားကစားချစ်ပရိသတ်များအတွက် ရင်ခုန်စိတ်ဝင်စားဖွယ် ပရိုမိုးရှင်းအစီအစဉ်နှင့်အတူ Myanmar Sports portal ကို စတင်မိတ်ဆက်

27 Dec 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်) – MPT ကို သုံးစွဲသူများအနေဖြင့် စိတ်ဝင်စားဖွယ်ရာ အားကစား Portal တစ်ခုဖြစ်သည့် “ Myanmar Sports” အမည်ရ အားကစား Portal ကို စတင် အသုံးပြုနိုင်ပြီဖြစ်သည်။ အဆိုပါ HTML5 Sport Portal သည် မြန်မာနေရှင်နယ်လိဂ် မှ အသင်းများ၏ ရပ်တည်မှုနှင့် တိုက်ရိုက်ပွဲစဉ် ဂိုးအရေအတွက် ကဲ့သို့သော သတင်းများအပါအဝင် ပြည်တွင်း၊ ပြည်ပမှ နာမည်ကြီး အားကစားအစီအစဉ်များကို သိရှိနိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှုအသစ်တွင် အားကစား ဗီဒီယိုများလည်း ပါဝင်မည်ဖြစ်ပြီး တစ်ရက်လျှင် ငွေကျပ် ၁၅၀ တည်းဖြင့် ပေးသွင်း ကြည့်ရှုနိုင်မည် ဖြစ်သည်။

Myanmar Sports ဝန်ဆောင်မှုအစီအစဉ်အသစ်ကို Crystal Fusion ကုမ္ပဏီနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက် ထားခြင်းဖြစ်သည်။ သုံးစွဲသူများအနေဖြင့် စုံလင်လှသည့် အားကစားနည်းများဖြစ်သော ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ ဘောလုံး၊ လက်ဝှေ့နှင့် အခြားစိတ်လှုပ်ရှားဖွယ် အားကစား အစီအစဉ်များ၏ စိတ်ဝင်စားဖွယ် အသစ်အသစ်သော အပိုင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ အထူးသီးသန့် ဗွီဒီယိုများအပြင်၊ အင်တာဗျူးအစီအစဉ်များ၊ တိုက်ရိုက်ထုတ်လွှင့်နေသော အားကစားပွဲများ၏ ရလဒ်များ၊ အသင်းများ၏ အဆင့် ရပ်တည်မှုများ၊ အားကစားပွဲများ စတင်မည့် အချိန်များ အပါအဝင် ပုံမှန် အားကစား သတင်းများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ ယခုအစီအစဉ်သစ်တွင် MPT သုံးစွဲသူများအတွက် အထူးပရိုမိုရှင်းအဖြစ် တစ်ကျပ်သား ရွှေဒင်္ဂါးပြား ၃ ခု၊ MPT ဟန်းဆက် ၁၀ လုံးနှင့် ဖုန်းငွေဖြည့် လက်ဆောင်များ အပါအဝင် ဆုမဲပေါင်းများစွာ ကံစမ်းနိုင်မည့် အခွင့်အရေးကို ရရှိမည် ဖြစ်ပါသည်။ ကံစမ်းမဲ ကာလမှာ လာမည့် ၂၀၁၉ ခုနှစ် မတ်လ ၉ ရက်နေ့အထိ ဖြစ်သည်။

အားကစားအစီအစဉ်မှာ ဒေတာအသုံးများသည့် သုံးစွဲသူများအတွက် မရှိမဖြစ်အရေးကြီးသည့် ကဏ္ဍတစ်ခု ဖြစ်သည်ကို MPT က နားလည်ထားကာ စိတ်ဖိစီးမှုများကို ပျော်ရွှင်မှုနှင့်အတူ လျော့ကျ စေသည့်အတွက် မိမိတို့သုံးစွဲသူများ၏ လူနေမှုဘဝပုံစံနှင့် ကိုက်ညီသည့် နှစ်သက်ဖွယ်ရာ ဝန်ဆောင်မှုများကို ဂုဏ်ယူစွာ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ အားကစားကဏ္ဍမှာ MPT က အဓိကဦးစားပေး လုပ်ဆောင်လျက်ရှိသော ကဏ္ဍများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာလူငယ် မျိုးဆက်သစ် အားကစားသမားများ ပိုမို ပေါ်ထွန်းလာစေရေး အတွက်လည်း ယခုနှစ်အစောပိုင်းက MNL နှင့်အတူ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် အခြားသော လှုပ်ရှားမှုများကို ဆောင်ရွက်လျက် ရှိပါသည်။

“ယနေ့ခေတ်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ အားကစားကိုစိတ်ပါဝင်စားမှုဟာ အရင်ကထက်ပိုပိုပြီး များပြားလာတာကို တွေ့ရပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံအတွက် ထူးချွန်ထက်မြက်တဲ့ အားကစားသမား တွေ ပိုပြီးများပြားလာဖို့အတွက် အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ မိမိတို့ရဲ့ သုံးစွဲသူ တွေနဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေကို အလေးထားတတ်တဲ့ အော်ပရေတာ ဖြစ်တာနဲ့အညီ မိမိတို့အနေနဲ့ အခုလို Myanmar Sports အစီအစဉ်ကနေ ပြည်တွင်းက အားကစားနည်းတွေနဲ့ တစ်ချိန်မှာ အရည်အချင်းရှိတဲ့ မျိုးဆက်သစ်ကစားသမားတွေယှဉ်ပြိုင်မယ့် တစ်ကမ္ဘာလုံးက အားကစား အစီအစဉ်တွေကို သက်သာတဲ့ နှုန်းထားနဲ့ ကြည့်ရှုနိုင်ဖို့အတွက် စိတ်လှုပ်ရှားစရာတွေကို ဆောင်ယူပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ Sports Portal ဟာ မြန်မာနိုင်ငံရဲ့ အားကစားကဏ္ဍစုံက သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင် မယ့် ရင်းမြစ်တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားသည်။

ထို့အပြင် MPT အသုံးပြုသူများအနေဖြင့် ယခုအစီအစဉ်တွင် ဝင်ရောက်စာရင်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် ထောင်နှင့်ချီသောအားကစားသတင်းများကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး ၇ ရက်အတွင်း အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ စာရင်းပေးသွင်းလိုပါက LoTaYaPortal မှ တစ်ဆင့် http://ms.lotayamm.com / (သို့မဟုတ်) http://myanmar-sport.com မှ တစ်ဆင့် (သို့မဟုတ်) မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ON ဟု ရိုက်နှိပ်ပြီး 8633 သို့ စာတို (SMS) ပေးပို့ အသုံးပြုနိုင်မည်လည်း ဖြစ်သည်။

အသုံးပြုမှုရပ်ဆိုင်းလိုပါကလည်း Myanmar Sport Portal သို့ဝင်ရောက်၍ http://myanmar-sport.com/ မှတစ်ဆင့် Help မှတစ်ဆင့် စာရင်းပယ်ဖျက်နိုင်မည်ဖြစ်သည့်အပြင် တိုက်ရိုက်ပယ်ဖျက်လိုပါက Myanmar Sports Service အတွက် နံပါတ် 8633 သို့ OFF ဟု စာတို (SMS) ပေးပို့ နိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ MPT နဲ့အတူပူးပေါင်းပြီး အားကစားကိုစိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက် ဝန်ဆောင်မှုအသစ်တွေ ထပ်မံဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းပဲဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒီဝန်ဆောင်မှုအသစ်ဟာ သတင်းတွေနဲ့ ဗွီဒီယိုတွေ အပါအဝင် ရိုးရာနဲ့ နိုင်ငံတကာက အားကစားကဏ္ဍရဲ့ အသိပညာတွေ တိုးပွားစေမှာ ဖြစ်ပါတယ်။ အားကစားဝါသနာရှင်တွေအတွက် အရမ်း ကို အသုံးဝင်စေမယ့် Portal တစ်ခုပဲဖြစ်ပါတယ်။ ဒီအစီအစဉ်သစ်မှာဆိုရင် ပြည်တွင်း၊ ပြည်ပက အားကစားနည်းတွေအပါဝင် သတင်းတိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကြည့်ရှုနိုင်တဲ့အတွက် အသုံးပြုသူ တွေကို များစွာအကျိုးရှိစေမယ့် အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစပြီး ဆက်သွယ်ရေးကဏ္ဍနဲ့ ပတ်သက်တဲ့လုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုပိုင်းတွေမှာ လုပ်ကိုင် ဆောင်ရွက်လျက်ရှိတဲ့အတွက် အတွေ့အကြုံများစွာ ရှိထားသူတွေဖြစ်ပါတယ်။ နည်းပညာနဲ့ဆက်စပ်ပြီး မြန်မာပြည်သူတွေ နှစ်သက်တဲ့အရာတွေကို သယ်ဆောင်လာနိုင်မယ့်အလုပ်တွေကို ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်စွာ ဆောင်ရွက်လိုပြီး ကျွန်တော်တို့ တကယ်လည်းကျွမ်းကျင်တဲ့ အလုပ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အသစ်အသစ်သော ပူးပေါင်းဆောင်ရွက်မှုတွေကိုလုပ်ဆောင်ရာမှာ ရှုထောင့်အမြင် အသစ်တွေကတစ်ဆင့် တန်ဖိုးတွေ ထပ်ဆောင်း ပေးစွမ်းနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု Crystal Fusion ကုမ္ပဏီမှ ဒါရိုက်တာ Mr. Gokhan Eser က ပြောသည်။

Myanmar Sports ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက MPT ၏ www.mpt.com.mm ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် ၁၀၆ သို့တိုက်ရိုက် ဖုန်းခေါ်ဆို၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။