
MPT က ၂၀၁၈-၂၀၁၉ Mobile Seminar ပွဲမျာကို နိုင်ငံတစ်ဝှမ်းတွင် ပြန်လည်စတင်ကျင်းပသွားမည်ဖြစ်ပြီး ဆိုက်ဘာအနိုင်ကျင့် ခြိမ်းခြောက်ခြင်း နှင့် နှောက်ယှက်ခြင်း ကာကွယ်ရေးကို အဓိကထားဆွေးနွေးသွားမည်
02 Nov 2018(ရန်ကုန်၊ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သယွ်ရေးအော်ပရေတာ MPT က မိုဘိုင်းလ်အသုံးပြုသူ ၃၀,၀၀၀ ကျော်အတွက် အွန်လိုင်းသုံးစွဲရာမှ ဖြစ်ပွားလာနိုင်သည့် ဆိုက်ဘာ အနိုင်ကျင့်ခြိမ်းခြောက်ခြင်း နှင့် စပ်လျဉ်း၍ Mobile Seminar ပွဲပေါင်း ၁၀၀ ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ထပ်မံ ကျင်းပပြီး အသိပညာပေးခြင်း နှင့် သတင်းအချက်အလက်များ မျှဝေပေးခြင်းကဏ္ဍများကို လုပ်ဆောင်သွားမည်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ယခုနှစ်အစီအစဉ်တွင် အထူးသဖြင့် လူငယ်များအကြား အင်တာနက်အသုံးပြုမှုများ၊ အွန်လိုင်းပေါ်မှလိမ်လည်ခြင်း၊ ခိုးယူခြင်းအစရှိသည့် အွန်လိုင်းပေါ်မှနှောက်ယှက်ခြင်းများအပြင် ဘေးကင်းတဲ့အင်တာနက်အသုံးပြုနည်းလမ်းတွေကို အသုံးပြုတတ်လာစေရေး အစရှိသည့် အချက်အများကို အဓိကထားဆွေးနွေးသွားမည်ဖစ်သည်။
အွန်လိုင်းကိုလုံခြုံစွာ အသုံးခြုခြင်းနှင့် မလိုအပ်ဘဲ ဒေတာများ ကုန်ဆုံးသွားခြင်းတို့မှ ကာကွယ်ရန်နှင့်ပတ်သက်၍ အသိပညာတိုးပွားစေရန် ယခုနှစ်ဆွေးနွေးပွဲတွင် ဆိုက်ဘာအလွဲသုံးစားလုပ်မှုများကို ကာကွယ်ရန် နှင့် မိုဘိုင်းလ်ဖုန်း သုံးစွဲရာတွင် သိထားသင့်သည့် အချက်အလက်များ၊ ကျင့်ဝတ်များ၊ လူမှုကွန်ရက်အသုံးပြုခြင်းနှင့် လုံခြုံရေး၊ အွန်လိုင်းကိုလုံခြုံစွာ အသုံးပြုခြင်း နှင့် မလိုအပ်ပဲ ဒေတာများ ကုန်ဆုံးသာွ းခြင်းတို့မှ ကာကွယ်ရန် နှင့် ဆိုက်ဘာပြစ်မှုများအတကွ် ပြည်တငွ်း၌ ချမှတ်ထားသည့် ဥပဒေများ အစရှိသည့်
အကြောင်းအရာများကို မျှဝေခြင်းဖြင့် သုံးစွဲသူများ၏ မိုဘိုင်းလ်ဖုန်းအသုံးပြုမှု အတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေရန် သွားမည်ဖြစ်သည်။
ဆွေးနွေးပွကဲျင်းပမည့် နေရာများနှင့် ပွအဲရေအတွက်စဉ်
စဉ် | ပြည်နယ်/တိုင်း | အရေအတွက် |
၁ | ကချင် | ၃ |
၂ | ကယား | ၃ |
၃ | ကရင် | ၃ |
၄ | ချင်း | ၂ |
၅ | စစ်ကိုင်း | ၁၀ |
၆ | တနသာၤရီ | ၆ |
၇ | ပဲခူး (အရှေ့) | ၅ |
၈ | ပဲခူး(အနောက်) | ၃ |
၉ | မကွေး | ၇ |
၁၀ | မန္တလေး | ၁၂ |
၁၁ | မွန် | ၅ |
၁၂ | ရခိုင် | ၄ |
၁၃ | ရန်ကုန် | ၁၀ |
၁၄ | ရှမ်း (တောင်) | ၆ |
၁၅ | ရှမ်း(မြောက်) | ၄ |
၁၆ | ရှမ်း(ရှေ့) | ၄ |
၁၇ | ဧရာဝတီ | ၁၁ |
၁၈ | နေပြည်တော် | ၂ |
စုစုပေါင်း | ၁၀၀ |
အခမဲ့ပါဝင်တက်ရောက်နိုင်မည့် Mobile Seminar ပွေဲပါင်း (၁၀၀) ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတငွ် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ Mobile Seminar ပွဲများကို သက်ဆိုင်ရာပညာရေးဌာနများ၏ တောင်းဆိုချက်များပေါ်မှုတည်၍ အထက်တန်းကျောင်းများ၊ တက္ကသိုလ်များနှင့် အများနှင့်သက်ဆိုင် သော ဧရိယာများတငွ် ထပ်တိုးကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် Mr. Reizo Umeda က “ ဆ က် လ က် လုပ်ဆောင်သွားမယ့် ကျွန်တော်တို့ရဲ့ မို ဘို င်းလ် ဆွေးနွေးပွဲကို တ စ် နို င် ငံ လုံးက ထောင်ပေါင်များစွာ သောပြည်သူလူထုရဲ့ ဆက်သွယ်ရေးဘေးကင်းလုံခြုံစေဖို့ နဲ့ အွန်လိုင်းနဲ့ မိုဘိုင်းလ် ဖု န်းထဲမှာရှိတဲ့သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေ မျှဝေပေးဖို့အတွက် ရည်ရွယ်ဦးတည်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို တောက်လျေက်ကျင်းပခဲ့ရာမှာ တက်ရောက်သူများပြားပြီး သိသိသာသာကြီးကို အောင်မြင်မှုတေရွရှိခဲ့တာလည်း ဖြစ်သလို မိသားစုတွေ မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ တွေ၊ အလုပ်ကိ စ္စ၊ ပညာရေးကိစ္စတေအပြင် ဖျော်ဖြေရေးကိစ္စတွေအတွက် အင်တာနက်ကို အသုံးပြုတဲ့အခါ တွေ့ ကြုံနိုင်တဲ့ အန္တရာယ်တွေကို အများပြည်သူတေဆီ အသိပေးမျှဝေခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့ “ နှ လုံးသားထဲက မြန်မာ ” ဆို တဲ့ ခေါင်းဆောင်အောက်ကနေ ဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုအ စီ အ စ ဉ် တ စ် ရ ပ် လ ည်း ဖြ စ်ပြီး တိုင်းပြည်ရဲ့ များပြားတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘဝတွေတိုးတက်ကောင်းမွန်ရေး ကို အဓိက ထား လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ” ဟု ပြောကြားသည်။
Mobile Seminar ပွဲကို အောက်တိုဘာ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်၌ စတင်ကျင်းပခဲ့ပြီး ကျန်ရှိနေသည့် ဆွေးနွေးပွဲများကို ပဲခူး (အရှေ့)၊ ပဲခူး (အနောက်)၊ ကချင်၊ မွန်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း(မြောက်)၊ ရှမ်း(တောင်)၊ ရှမ်း(ရှေ့)၊ ဧရာဝတီ၊ နေပြည်တော်၊ မကွေး ၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီနှင့် ရန်ကုန်တိုင်းတို့တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။ တက်ရောက်သူများ အတွက် အကျိုးများစေသည့် အဆိုပါ Mobile Seminar ပွဲများကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျောင်းများ၊ တက္ကသိုလ်များနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် မတ်လအထိ နေရာအနှံ့အပြား တငွ် Mobile Seminar ပွဲပေါင်း ၁၀၀ ကို ကျင်းပသွားမည်ဖြစ်သည်။
Mobile Seminar ပွဲများနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ (သို့) ဝက်ဘ်ဆိုက် http://mpt.com.mm/en/ နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။