×

MPT က Data အပို နှစ်ဆထပ်ဆောင်းပေးမည့် လစဉ်အင်တာနက် အစီအစဉ်နှင့် Data Pack အသစ်နှစ်ခုကို မိတ်ဆက်

12 Jul 2016

MPT မှ မူလ အင်တာနက် Package များအတွက် အပိုဆုအဖြစ် Data အပိုနှစ်ဆ ထပ်ဆောင်းပေးအပ်မည့်အစီအစဉ်အပြင် Data Pack အသစ်နှစ်ခုကို စတင်မိတ်ဆက်လိုက်ပါသည်။

(ရန်ကုန်။ ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အင်တာနက် သုံးစွဲသူများပိုမိုအဆင်ပြေစေရန်အတွက် လက်ရှိ အင်တာနက် Package များအတွက် Data အပိုနှစ်ဆ ထပ်ဆောင်း ပေးမည့် အစီအစဉ် နှင့် Data Pack အသစ်နှစ်ခုတို့ကို ယခု ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်မိတ်ဆက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးသော ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့်အလျောက် ယခုအခါတွင် MPT ၏ ဝန်ဆောင်မှုကို သုံးစွဲသူပေါင်း သန်း၂ဝကျော်ရှိပြီဖြစ်ပါသည်။ အစဉ်အဆက်အားပေးခဲ့သော သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်လည်း MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အမြဲဆန်းသစ် တီထွင်မှုများ ပြုလုပ်နေသည့်အပြင် ပရိုမိုးရှင်းအစီအစဉ်များ၊ အထူးဆုများလည်း ပြုလုပ်ပေးလျက်ရှိသည်။

ယခု ပရိုမိုးရှင်းအစီအစဉ်အရ MPT ၏ ဆွေသဟာအစီအစဉ်ရယူထားသော Prepaid, Postpaid GSM နှင့် WCDMA သုံးစွဲသူများသည် လက်ရှိအသုံးပြုနေသော အင်တာနက် Package များအတွက် အင်တာနက် Data အပိုနှစ်ဆ ထပ်ဆောင်း သုံးစွဲခွင့်များကို ရရှိမည်ဖြစ်ပြီး၊ Package စျေးနှုန်းများကိုလည်း တိုးမြှင့်ခြင်းမရှိဘဲ မူလအတိုင်းပင် ထားရှိသွားမည်ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် MPT က သုံးစွဲသူများအတွက် နေ့စဉ်ဝယ်ယူအသုံးပြုနိုင်မည့် 24 Hour Pack နှင့် Monthly Pack ဟူ၍ Data Pack အသစ်နှစ်ခုကိုလည်း စတင်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယခုမိတ်ဆက်လိုက်သည့် အစီအစဉ်များအရ အင်တာနက် Package များကို 1 MB လျှင် ၂.၅ ကျပ် နှုန်းဖြင့် အနည်းဆုံးထားပြီး ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က MPT သည် အစဉ်အမြဲအားပေးခဲ့သည့် သုံးစွဲသူများအား တန်ဖိုးထားလေးစားသောအားဖြင့် စိတ်ဝင်စားဖွယ် အပိုဆု အစီအစဉ်များ စဉ်ဆက်မပြတ် ဖန်တီးပေးကာ မေတ္တာတုံ့ပြန်လျက်ရှိသည် ဟုပြောပါသည်။ “တည်ငြိမ်တဲ့ ဆက်သွယ်ရေးစနစ်နဲ့ Data အမြန်နှုန်းတွေကြောင့် ကျွန်တော်တို့ရဲ့ သန်း ၂၀ သော သုံးစွဲသူတွေဆီက အင်တာနက်အသုံးပြုနှုန်းတွေ မြင့်တက်လာနေတာကို သတိပြုမိခဲ့ပါတယ်။ သုံးစွဲသူတွေကို ကျေးဇူးတု့့ံပြန်တဲ့အနေနဲ့ နေ့စဉ်နေ့တိုင်း အင်တာနက် အသုံးပြုနိုင်ဖို့ ပရိုမိုးရှင်းအစီအစဉ်အသစ်တွေ ဆွဲဆောင်မှုရှိတဲ့ data pack တွေကို အမြဲဖန်တီးဖော်ထုတ်ပေးလျက်ရှိနေပါတယ်” ဟု ပြောပါသည်။

လက်ရှိအင်တာနက် Package တွင် အပို နှစ်ဆထပ်ဆောင်းပေးမည့် လစဉ်အင်တာနက် data နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မူလအသုုံးပြူနိုင်မည့် ပမာဏ + အပိုထပ်ဆောင်း ပမာဏ စုစုပေါင်းရရှိမည့် data ပမာဏ စျေးနှုန်း (ကျပ်) ရယူရန်
400MB + 400MB 800MB ၂,၈၀၀ Dial* 2002# OR SMS to 1332
1GB + 1GB 2GB ၆,၅၀၀ Dial* 2003# OR SMS to 1332
5GB + 5GB 10GB ၂၅,၀၀၀ Dial* 2005# OR SMS to 1332

400MB ဝယ်ယူပါက ယခင်က 150MB သာ အပိုဆောင်းအသုံးပြုနိုင်မည်ဖြစ်သော်လည်း ယခုပရိုမိုးရှင်းအစီအစဉ်အရ 400MB ဝယ်ယူလျှင် အပိုထပ်ဆောင်း 400MB၊ 1GB ဝယ်ယူလျှင် အပိုထပ်ဆောင်း 1GB နှင့် 5GB ဝယ်ယူလျှင် အပိုထပ်ဆောင်း 5GB တို့ကို မူလနှုန်းထားဖြင့်သာ Data အပိုနှစ်ဆ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

အသစ်မိတ်ဆက်မည့် အင်တာနက်အစီအစဉ်နှစ်ခု၏ နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Data Pack Data ပမာဏ စျေးနှုန်း (ကျပ်)(Ks) ရယူရန်
24-Hour Pack 120 MB ၄၀၀ Dial* 2001# OR SMS to 1332
New Monthly Pack 2 + 2 GB ၁၂,၀၀၀ Dial* 2004# OR SMS to 1332

24 Hour Pack သည် အင်တာနက်ပုံမှန်အသုံးပြုသူများအတွက် သင့်လျော်ပြီး တစ်နေ့ချင်းအလိုက် ဝယ်ယူရမည် ဖြစ်သည့်အတွက် ဝယ်ယူသည့်အချိန်မှစ၍ ၂၄ နာရီပြည့်လျှင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ Monthly pack မှာ စတင်ဝယ်ယူသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။