
MPT က Data Carry Plus ပက်ကေ့ချ် အသစ် မိတ်ဆက်
07 Sep 2018(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဒေတာအသုံးပြုမှုအတွက် 1GB လျှင် ၉၉၉ ကျပ်သာကျသင့်မည့် အထူးနှုန်းထား နှင့် Data Carry Plus ပက်ကေ့ချ်အသစ်များကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT အသုံးပြုသူများသည် ဒေတာပက်ကေ့ချ်များကို ပရိုမိုးရှင်းကာလဖြစ်သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း အထူးနှုန်းထားဖြင့် ရယူနိုင်မည် ဖြစ်သည်။
Data Carry Plus ပက်ကေ့ချ် အသစ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။
ဈေးနှုန်း | ပမာဏ | သက်တမ်း | ဝယ်ယူရန် |
၅၉၉ ကျပ် | 350 MB |
ရက် ၃၀ ( ဆက်လက်သယ်ဆောင်နိုင်သည်) | *777*1# |
၇၉၉ ကျပ် | 500 MB | *777*2# | |
၉၉၉ ကျပ် | 1 GB | *777*3# | |
၁,၉၉၉ ကျပ် | 2 GB | *777*4# | |
၃,၉၉၉ ကျပ် | 4 GB | *777*5# | |
၇,၉၉၉ ကျပ် | 8 GB | *777*6# | |
၁၉,၉၉၉ ကျပ် | 20 GB | *777*7# | |
၂၉,၉၉၉ ကျပ် | 30 GB | *777*8# |
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “အားလုံးထက် သာလွန်ကောင်းမွန်တဲ့ ကျွန်တော်တို့ရဲ့ ဒေတာပက်ကေ့ချ်အသစ်တွေက ဒေတာသုံးစွဲသူတွေအားလုံး မိမိတို့ ဝယ်ယူထားတဲ့ဒေတာတွေကို စိတ်ကြိုက်အသုံးပြုနိုင်ကြပါပြီ။ အခုပက်ကေ့ချ်အသစ်နဲ့ဆို ကိုယ်ဝယ်ယူထားတဲ့ ဒေတာတွေကို အလေအလွင့်ဖြစ်မှာ စိုးရိမ်စရာမလိုတော့ဘဲ ဈေးကွက်ထဲမှာသူမတူအောင်သက်သာတဲ့ နှုန်းထားနဲ့ ဝယ်ယူပြီး မြန်မာ့အမြန်ဆုံး 3G/4G ကွန်ရက်ပေါ်ကနေတစ်ဆင့် ပျော်ရွှင်မှုတွေကို မျှဝေခံစားလိုက်ပါ။” ဟုပြောကြားသည်။
Data Carry Plus ပက်ကေ့ချ် အသစ်များကို ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကားအစီအစဉ်များ ရယူထားသည့် MPT ၏ GSMA/WCDMA သုံးစွဲသူများအားလုံး ရယူနိုင်မည်ဖြစ်သည်။ အသုံးမပြုရသေးသည့် အင်တာနက်ဒေတာများကို နောက်လများအထိ သယ်ဆောင်နိုင်ရန်အတွက် MPT သုံးစွဲသူများက လက်ရှိ အသုံးပြုနေသည့် ဒေတာပက်ကေ့ချ်များ သက်တမ်းကုန်ပြီးနောက် ၇ ရက်အတွင်း Data Carry Plus ပက်ကေ့ချ် အသစ်ကို ဝယ်ယူရမည်ဖြစ်ပါသည်။ ၎င်းဝန်ဆောင်မှုကို အကန့်အသတ်မရှိ ရယူနိုင်ပြီး ဒေတာများကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။