×

MPT က International Data Roaming အသုံးပြုခများကို 1MB လျှင် ၁၅ကျပ်ဖြင့် အသက်သာဆုံးနှုန်းထားဖြင့်မိတ်ဆက်

03 Apr 2018

(ရန်ကုန်၊၂၀၁၈ခုနှစ် ဧပြီလ ၃ ရက်) – မြန်မာ့နှစ်သစ်ကူးကာလအတွင်း နိုင်ငံရပ်ခြားသို့ ခရီးသွားလာကြမည့် MPT သုံးစွဲသူများအနေဖြင့် နိုင်ငံရပ်ခြားတွင် MPT ဆင်းမ်ကတ်ဖြင့် အင်တာနက်အသုံးပြုခြင်း (International Data Roaming) များအတွက် နှစ်သစ်ကူးအထူးစီအစဉ်အနေဖြင့် အထူးစျေးနှုန်းသို့ လျော့ချပေးလိုက်ပြီ ဖြစ်ကြောင်း MPT က ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။ ယခုအစီအစဉ်အသစ်တွင် MPT အသုံးပြုသူများအနေဖြင့် ပြည်ပခရီးစဉ်တစ်လျောက် မိမိတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများထံသို့ အွန်လိုင်းမှတစ်ဆင့် အစဉ်ချိတ်ဆက်နေနိုင်မည်ဖြစ်ပြီး အင်တာနက်ကို စျေးကွက်အတွင်း အသက်သာဆုံး နှုန်းထားတစ်ခုဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုအစီအစဉ်သစ်အရ အချို့နိုင်ငံများတွင် အင်တာနက်ကို 1MB လျှင် ၁၅ ကျပ် နှုန်းထားဖြင့် သုံးစွဲမှုအတိုင်းသာကျသင့်မည့်အစီအစဉ်ဖြင့် ဝယ်ယူနိုင်သလို သတ်မှတ်ထားသည့် ခရီးစဉ်ကာလကို သိရှိပြီးသူများအနေဖြင့်လည်း 800MB ကို ၁၀၀၀၀ ကျပ်ဖြင့် မိမိတို့နှစ်သက်သလို ရွေးချယ်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ ပရိုမိုးရှင်းကာလမှာ မတ်လ ၃၁ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ဖြစ်ပြီး 800MB အစီအစဉ်ကို ဝယ်ယူထားသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်မပါဝင်ပါက 1MB လျှင် ၁၁.၉ ကျပ်ဖြင့် အလွန်သက်သာသည့် နှုန်းထားတစ်ခုအဖြစ် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ MPT အသုံးပြုသူများအနေဖြင့် ယခုအစီအစဉ်ကို ထိုင်း၊ မလေးရှား၊ တရုတ်နှင့် စင်ကာပူနိုင်ငံများတွင် ရယူသုံးစွဲနိုင်မည်ဖြစ်သည်။

ဆွေသဟာ၊ ရှယ်ပြော နှင့်ရွှေစကား အစီအစဉ်များ ရယူထားသူ MPT GSM/WCDMA အသုံးပြုသူများအနေဖြင့် ယခုအစီအစဉ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး 800MB လျှင် ၁၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရန်အတွက် *8007# (သို့) *106*2*5# (သို့မဟုတ်) 1332 သို့ “ROAM”ဟု မြန်မာနိုင်ငံတွင်ဖြစ်စေ နိုင်ငံရပ်ခြားတွင်ဖြစ်စေ ခေါ်ဆို ပေးပို့နိုင်မည်ဖြစ်သည်။

ယခုလို International Data Roaming နှုန်းထားအစီအစဉ်များကို အောက်တွင် ဖော်ပြထားပါသည်။

သုံးစွဲမှုအတိုင်း ကျသင့်မည့် အစီအစဉ်
Package အစီအစဉ်
ဝန်ဆောင်ခ 1MB လျှင် ၁၅ ကျပ် 800MB လျှင် ၁၀၀၀၀ ကျပ်
အသုံးပြုနိုင်သူများ MPT ၏ GSM/WCDMA အသုံးပြုသူများ MPT ၏ GSM/ WCDMA (ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား) အသုံးပြုသူများ
အသုံးပြုနိုင်မည့်နိုင်ငံများ ထိုင်း၊ မလေးရှာ၊ တရုတ် (ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုမှ လွဲ၍)၊ စင်ကာပူ

 

ပရိုမိုးရှင်းသက်တမ်း ၃၁ မတ် ၂၀၁၈ မှ ၃၀ ဧပြီ ၂၀၁၈ ၃၁ မတ် ၂၀၁၈ မှ ၃၀ ဧပြီ ၂၀၁၈
သက်တမ်းကုန်ဆုံးရက် မရှိ ၇ ရက်တာ
ဝန်ဆောင်မှု ရယူရန်
မလို *8007# သို့မဟုတ် *106*2*5# ကို ဖုန်းခေါ်ဆိုရန် သို့မဟုတ်  1332 သို့ “ROAM”ဟု SMS  ပေးပို့ပေးရန်

အထူးအစီအစဉ်မှာ မြန်မာနိုင်ငံတွင်းနှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာဖြင့် အကြီးကျယ်ဆုံး ကျင်းပသော နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလနှင့် အချိန်ကိုက်ဖြစ်ပြီး ပွဲတော်ရက်ကာလအတွင်း နိုင်ငံရပ်ခြား ခရီးစဉ်များသို့ သွားရောက်ကြသူများအနေဖြင့် မိမိတို့ မိသားစု၊ မိတ်ဆွေများနှင့် ဆက်သွယ်မှု မပြတ်တောက် စေရန် ရည်ရွယ်၍ MPT က ယခုအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော်တို့ MPT အနေနဲ့ ထိုင်း၊ မလေးရှား၊ တရုတ် နဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်လည်ပတ်ကြမယ့် MPT သုံးစွဲသူတွေအတွက် နိုင်ငံရပ်ခြားက ဆက်သွယ်ရေးအော်ပရေတာတွေကို ပြောင်းလဲ အသုံးပြုစရာမလိုဘဲ စျေးအတန်ဆုံး ဒီအထူးအစီအစဉ်သစ်ကို 1MB ကို ၁၅ကျပ် နဲ့ မိတ်ဆက်နိုင်တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ နှစ်သစ် ကာလအတွက် အချိန်ကိုက် လုပ်ဆောင်ခွင့်ရလို့လည်း တကယ်ဝမ်းသာ မိပါတယ်။ MPT သုံးစွဲသူတွေက ကိုယ့်မှာရှိနေတဲ့ MPT ဆင်းမ်ကတ်ကိုပဲသုံးပြီး အတန်ဆုံးစျေးနှုန်းနဲ့ မြန်မာပြည်က ကိုယ်ချစ်ရတဲ့သူတွေဆီကို အဆက်အသွယ်မပြတ် ချိတ်ဆက်နေလို့ရပါပြီ။ ဒီနှုန်းထားဟာဆိုရင် မြန်မာပြည်က ဆက်သွယ်ရေးလုပ်ငန်း တွေထဲမှာ အသက်သာဆုံးနဲ့ အတန်ဆုံး နှုန်းထားတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေ လိုအပ်နေတဲ့အရာတွေကို အမြဲစဉ်းစား ဖြည့်ဆည်း ပေးနေတာဖြစ်လို့ ဒီအစီအစဉ်သစ်ကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

အသေးစိတ်သိရှိလိုပါက MPT ၏ Call Centre နံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း သို့မဟုတ် MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm၊ သို့မဟုတ် တရားဝင် facebook စာမျက်နှာ https://www.facebook.com/mptofficialpage ဆိုဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။