×

MPT က MNL ၊ MFF ၊ အခြေခံပညာဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ 2019 လူငယ်ဘောလုံးပွဲတော် နှင့် U-14 ဘောလုံး ပြိုင်ပွဲများကို စတင်ကျင်းပ

10 Jul 2019

(ရန်ကုန် – ၃ ဇူလိုင် ၂၀၁၉) ပညာရေးဌာန နှင့် အထင်ကရ အားကစား အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်း၍ လူငယ်များအကြား ဘောလုံးအားကစားနည်းကို ပိုမိုနှစ်ခြိုက်လာစေရန်နှင့် ဘောလုံးအားကစားကို မြန်မာပြည်သူများအကြားတွင် အမျိုးသားအားကစားအဖြစ် လက်ဆင့်ကမ်း မျှဝေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် Myanmar National League (MNL)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ အခြေခံပညာဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 တို့၏ ဖွင့်ပွဲကို မန္တလာသီရိ အားကစားကွင်းတွင် ယနေ့ကျင်းပခဲ့ပါသည်။ MPT မှ အကြီးတန်း အရာရှိများနှင့် ဝန်ထမ်းများ၊ အစိုးရအရာရှိကြီးများ၊ ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းကူညီကြသူများက အဆိုပါဖွင့်ပွဲသို့ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအတွက် အနာဂတ်မျိုးဆက်သစ် လူငယ် ဘောလုံးသမားများ ပေါ်ထွန်းလာစေရန်နှင့် မြေတောင်မြှောက်ပေးရန် ရည်ရွယ်ကျင်းပသည့် ယခုအစီအစဉ်အား MPT အနေဖြင့် ဒုတိယနှစ်အဖြစ် စတင်လိုက်ခြင်းလည်းဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ကျင်းပနိုင်ခဲ့ ပြီးနောက် ယခုနှစ်တွင် ဒေသ ၁၀ ခုအထိ တိုးမြှင့်ကျင်းပသွားမည်ဖြစ်ပြီး အားပေးသူ ပရိသတ်များ ပိုမိုများပြား လာစေရန်နှင့် လူငယ်များအနေဖြင့် အားကစားတွင် ပိုမိုစိတ်ပါဝင်စားလာပြီး မိမိတို့၏ ဘောလုံးကျွမ်း ကျင်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လာကာ ကျန်းမာရေးနှင့် ညီညွှတ်သည့် လှုပ်ရှားတက်ကြွမှုရှိသော ဘဝနေထိုင်မှုပုံစံကို ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ယခုနှစ်အတွက် လူငယ်ဘောလုံးပွဲတော်များကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ် တို့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

MFF-MPT Grassroots Football Festival 2019 ကို ကျင်းပခြင်းဖြင့် အသက် ၆ နှစ်မှ ၁၂ နှစ် အရွယ် ကလေးငယ်များအတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ငယ်ရွယ်စဉ်ကပင် အားကစားဆိုင်ရာကျွမ်းကျင်မှု အရည်အသွေးများကို တိုးတက်လာစေမည် ဖြစ်သည်။ ယခုလို ဘောလုံးပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် ပွဲတော် မစတင်မီတွင် ဒေသတွင်းကျောင်းများမှ ကာယနည်းပြ ဆရာ၊ ဆရာမ များအား MFF မှ ကျွမ်းကျင်ပညာရှင်များမှ ဘောလုံးကစားခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ၂ ရက်တာ အနီးကပ်လေ့ကျင့် သင်ကြားပြသပေးခဲ့ပြီး ဒေသခံ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့၏ ကျောင်းသူ/သားများကို ပြန်လည်သင်ကြား ပြသပေးနိုင်တော့မည် ဖြစ်ပါသည်။ MPT မှ ဂိုးတိုင်များ၊ အားကစားဝတ်စုံများ၊ ဘောလုံး များ၊ ဘောလုံးကစားနည်းသုံး ကတော့ချွန်များနှင့် လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ကို ထောက်ပံ့ဆောင်ရွက်ပေးထားပါသည်။ MPT Grassroots Football Festival 2019 နှင့် U-14 Tournament များကို လာမည့် လေးလအတွင်း ဒေသ ၁၀ ခုရှိ အားကစားကွင်းများ၌ ဆောင်ရွက်သွား မည် ဖြစ်ပြီး ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ ဘောလုံးကျွမ်းကျင်မှုများကို ပြသနိုင်ကြတော့မည် ဖြစ်သည်။

အရည်အချင်းရှိသည့် လူငယ်များအားဖော်ထုတ်ရေးနှင့် ကလပ်အသင်းများနှင့် ဘောလုံး အကယ်ဒမီများတွင် ဆက်လက်လေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ကျင်းပသည့် U-14 Football Tournament 2019 ကို အဆိုပါ အားကစားကွင်းများတွင်ပင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး မန္တလေးဇုံအတွက် အသင်း ၁၂ သင်းမှာ ၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၂ ရက် အထိ စတင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ MPT အနေနဲ့ ဘောလုံးကဏ္ဍမှာ ပါဝင်လာတာဟာ ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းရဲ့ ရှုထောင့်စုံမှာ “ရှေ့သို့လှမ်းချီမြန်မာပြည်” ဆိုတဲ့ MPT ရဲ့ ခိုင်မာတဲ့ ရည်မှန်းချက်ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ‘နှလုံးသားထဲကမြန်မာ’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပညာရေး၊ စွန့်ဦးတီထွင်၊ အားကစား အပါအဝင် ကျန်းမာရေး စတဲ့ များပြားလှတဲ့ကဏ္ဍတွေမှာ လူငယ်တွေတိုးတက်လာစေရေးအတွက် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာ ဖို့ ကျွန်တော်တို့ ဖော်ဆောင်ပေးနေပါတယ်။ ဒီလို ဘောလုံးပြိုင်ပွဲနဲ့ အားကစား ပွဲတော်တွေကို ပုဂ္ဂလိကကဏ္ဍက ပါဝင်သူတွေနဲ့ ပညာရေးဌာနတွေနဲ့အတူ ပူးပေါင်းပြီး ကျင်းပနိုင်ခဲ့တာကို အရမ်းဂုဏ်ယူ ရပါတယ်။ မြန်မာအနေနဲ့ ဘောလုံးလောကမှာ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ ထင်ရှားတဲ့နိုင်ငံတစ်ခု ဖြစ်လာဖို့ အနာဂတ်မှာ တောက်ပလာမယ့် အားကစားလူငယ်တွေကို ထွက်ပေါ်လာစေရေးကို ကျွန်တော်တို့ MPT အနေနဲ့ ကူညီနိုင်မယ်လို့ အကောင်းဆုံး ယုံကြည်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
MNL ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ဦးစိုးမိုးကျော်မှလည်း “ပြီးခဲ့တဲ့နှစ်က အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ Grassroots Football Festival နဲ့ U-14 Tournament တွေဟာ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ ဘောလုံးက ရှိနေတယ်ဆိုတာကို သက်သေ ပြခဲ့ပါတယ်။ MNL နဲ့ MFF က ဝန်ထမ်းတွေ၊ နည်းပြတွေဟာ တစ်နိုင်ငံလုံးက အရည်အသွေးရှိတဲ့ အားကစားသမားတွေကို ဖော်ထုတ်ဖို့ အခွင့်အရေးလည်း ရခဲ့ပါတယ်။ ဒီကစားသမားတွေက နိုင်ငံအဆင့် ဘောလုံးကဏ္ဍမှာ ပါဝင်လာနိုင်ကြတော့မှာပါ။ ဒီနှစ်မှာလည်း အဲဒီထက်ပိုတဲ့ အောင်မြင်မှုမျိုးရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT ရဲ့ ထက်သန်တဲ့ကူညီမှုကို ရခဲ့တာကို အများကြီးကျေးဇူးတင်ပါတယ်။ အရည်အချင်း ရှိတဲ့ လူငယ်တွေကို အနာဂတ်မှာ နိုင်ငံကျော်အားကစားသမားတွေ ဖြစ်လာရေး ကူညီထောက်ပံ့ ပေးဖို့အတွက် ကျွန်တော်တို့ အဖွဲ့အစည်းတွေအနေနဲ့ အာရုံစိုက်လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကာယနည်းပြ ဆရာမတစ်ဦးဖြစ်သူ ဒေါ်နှင်းဆီကလည်း “ကျွန်မအနေနဲ့ ဒီနှစ်မှာ ကျင်းပမယ့် MFF-MPT Grassroots Football Festival နဲ့ MPT U-14 Football Tournament တွေကို စိတ်ဝင်တစားကို ပါဝင်ပူးပေါင်းသွားဖို့ ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ငယ်ရွယ်ချိန်မှာ အားကစားကို စိတ်ပါဝင်စားလာပြီး၊ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်လာဖို့၊ စည်းကမ်းရှိဖို့၊ အားကစားစိတ်ဓါတ်မြင့်မားဖို့၊ ရဲဘော်ရဲဘက်စိတ်ရှိဖို့နဲ့ လူသားအရည်အချင်းတွေတိုးတက်ဖို့ဆိုတာတွေကို အများကြီး အထောက်အကူပေး မှာပါ။ ဒီအရည်အချင်းတွေဟာ သင်ရိုးစာအုပ်ထဲမှာ မရနိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကျန်းမာတဲ့ လူငယ်တွေကိုလည်း ဖန်တီးနိုင်မှာပါ။ MPT ၊ MNL နဲ့ MFF တို့ကို လည်း ဒီလိုလူငယ်တွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးလို့ ကျေးဇူးတင် ဂုဏ်ယူရပါတယ်”ဟု ပြောခဲ့ပါ သည်။

MPT အနေဖြင့် ယမန်နှစ်ကလည်း နိုင်ငံအဝှမ်းရှိ လူငယ်များအကြား အခြေခံဘောလုံးကစားခြင်း စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး အခြေခံ ဘောလုံးကစားနည်းစွမ်းရည်နှင့် လေ့ကျင့်ခန်းများ ရုပ်သံကို ကျွမ်းကျင်ဘောလုံးနည်းပြများ နှင့် အမျိုးသားဘောလုံး အကယ်ဒမီမှ လူငယ်ဘောလုံး ကစားသမားများဖြင့် ရိုက်ကူးစီစဉ်ခဲ့ကာ MPT သုုံးစွဲသူများအနေဖြင့် အဆိုပါ ဗီဒီယိုဖိုင်များကို ဒေတာခ ကျသင့်ခြင်း မရှိဘဲ MPT ၏ လိုတရ ဝက်ဘ်ပေါ်တယ် ဖြစ်သော https://lotaya.mpt.com.mm/service/mnl/training_video တွင် ဝင်ရောက်ကြည့်ရှုှုနိုင်ရန် လွှင့်တင်ထားပြီး ဖြစ်ပါသည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍ လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက် ၍ ကြည့်ရှုနိုင်ပါသည်။