×

MPT က Myanmar Employer Awards ဆုပေးပွဲ အခမ်းအနားတွင် ဆုတံဆိပ်အများအပြား ဆွတ်ခူးရရှိခဲ့

11 Dec 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်) – ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ယခု ဒီဇင်ဘာလ ၉ ရက်နေ့ ညက ကျင်းပခဲ့သော Myanmar Employer Awards (မြန်မာ့အကောင်းဆုံးအလုပ်ရှင်ရွေးချယ်ပွဲ) ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က ဆုတံဆိပ်ငါးခုကို ဆွတ်ခူးရယူနိုင်ခဲ့ပြီ ဖြစ်ပါသည်။

မိမိတို့ လုပ်ငန်းအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် ပင်ကိုယ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် အမြင့်မားဆုံးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဝန်ထမ်းများ၏ အသိအမှတ်ပြုမှုနှင့်အတူ မြန်မာနိုင်ငံသားများက ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြသည့် လူထု၏ အကြိုက်နှစ်သစ်ဆုံးဆု People’s Choice ရရှိခဲ့သည့်အပေါ် MPT အနေဖြင့် အလွန်ပင်ဂုဏ်ယူ ဝမ်းမြောက်ရပါသည်။

အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Jobnet.com.mm မှ ကြီးမှူးကျင်းပပြီး နိုင်ငံတကာစာရင်းစစ်လုပ်ငန်းတစ်ခုဖြစ်သော Deloitte က စိစစ်အတည်ပြုခဲ့ ရွေးချယ်ခဲ့ကြသည့် Myanmar Employer Awards ဆုပေးပွဲအခမ်းအနားတွင် MPT က အောက်ဖော်ပြပါ ဆုတံဆိပ် ၅ ခုကို အောင်မြင်စွာဆွတ်ခူးရရှိခဲ့ပါသည်။

– People’s Choice Award
– Gold for Most Effective Recruitment Strategy for Talent Attraction
– Gold for Best Use of Technology in HR
– Bronze for Best Use of Rewards & Recognition
– Bronze for Best Career Advancement Program

MPT အနေဖြင့် Effective Recruitment Strategy for Talent Attraction ခေါင်းစဉ်အောက်တွင် များပြားလှသော ဝန်ထမ်းလျှောက်လွှာများကို ထိရောက်သော နည်းလမ်းများဖြင့် လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ရွှေတံဆိပ် ဆုရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းခေါ်ယူခြင်းများအတွက် ထိပ်တန်းအွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး လမ်းကြောင်းနှစ်ခုကို အသုံးပြုခဲ့သည့်အပြင် ဝန်ထမ်းခေါ်ယူရေးအေဂျင်စီများ၊ အထွေထွေနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အလုပ်အကိုင်ပြပွဲများ နှင့် MPTသီးသန့် ကျင်းပသည့်
အလုပ်အကိုင်ပြပွဲများကြောင့် MPT အနေဖြင့် အခြားပြိုင်ဘက်ကုမ္ပဏီများထက် ပိုမိုကျယ်ပြန့် ထိရောက်ခဲ့ခြင်းဖြစ်ပါသည်။ ရှင်းလင်းသည့် အင်တာဗျူးပုံစံများ၊ ပင်ကိုယ်အရည်အသွေး အကဲဖြတ်စမ်းသပ်မှုများကိုအသုံးပြုထားသည့် လျင်မြန်သော ဝန်ထမ်းခေါ်ယူရေး လုပ်ငန်းစဉ်များနှင့် ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိရောက်စွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

Best Use of Technology in HR ခေါင်းစဉ်အောက်တွင် ရွှေတံဆိပ်ဆု ရရှိနိုင်ခဲ့ခြင်းမှာ သင်တန်းများအတွက် SMS alert များ၊ ရုံးတက်ရုံးဆင်းမှတ်တမ်းများအတွက် လက်ဗွေစနစ်၊ အလိုအလျောက် လစာငွေ ပေးသွင်း သည့်ဆော့ဖ်ဝဲ စနစ်နှင့် database ကိုအသုံးပြုကာ ဖိုင်များဝေမျှနိုင်သည့် လုပ်ဆောင်ချက်များပါဝင်သော အွန်လိုင်းမှတစ်ဆင့် အလုပ်ခေါ်ယူသည့် စနစ်များကဲ့သို့ ရိုးရှင်းသည့် နည်းပညာကို MPT မှ ထိရောက်စွာ အသုံးပြုထားခဲ့ခြင်းတို့ကြာင့် ဖြစ်ပါသည်။ ၎င်းနည်းပညာများကို အသုံးပြုခြင်းဖြင့် MPT လူ့စွမ်းအား အရင်းအမြစ်ဌာန၏ အလျင်အမြန်တိုးတက်နေသည့် အဖွဲ့ဝင်များအတွက် အကောင်းဆုံးဝန်ထမ်း လျှောက်လွှာများကို ထိရောက်စွာရှာဖွေနိုင်စေခဲ့ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းရေးရာဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သောဖြစ်သော ဦးနိုင်ကိုကိုက “ကျွန်တော်တို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုချီးမြှင့်တဲ့ ဒီဆုတွေဟာ MPT မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အားလုံးအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီချီးကျူးဂုဏ်ပြုမှုဟာ မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်ရဲ့ စုပေါင်းစွမ်းအားနဲ့အတူ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်ဖို့ သန္နိဌာန်ချဆောင်ရွက်မှုတွေအတွက် ဆုလာဘ်တစ်ခုပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အလျင်အမြန်တိုးတက်နေသည့် ဝန်ထမ်းခေါ်ယူရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောက်တွင် ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံတစ်ဝန်းရှိ ခိုင်မာတည်တံ့သော လုပ်ငန်းရှင်များစွာအတွင်းမှ ပြိုင်ပွဲဝင် လုပ်ငန်းရှင်များ အားလုံးကို MPT က အထူးပင် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြားအပ်ပါသည်။ MPT အနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်နယ်ပယ်တွင် ယခုရရှိခဲ့သည့် အောင်မြင်မှုရလဒ်သည် လုပ်ငန်းများစွာအတွင်းမှ ပထမဆုံး ရရှိနိုင်ခဲ့သည့် ဆုတံဆိပ်များ ဖြစ်သည်ဟု မျှော်လင့်ပါသည်။