×

MPT က SIM ကတ်များ ပိုမိုလွယ်လင့်တကူရရှိသုံးစွဲနိုင်ရန်ဆောင်ရွက်လျှက်ရှိ

02 Sep 2014

၂၀၁၄ ခုနှစ်အတွင်း MPT က SIM ကတ် (၅) သန်းကျော် ရောင်းချမည်

MPT သည် ဂျပန် နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI ၊ ကမ္ဘာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော Sumitomo တို့နှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT သည် တယ်လီဖုန်း သုံးစွဲမှု ပိုမိုတိုးမြှင့် ထိုးဖောက်နိုင်ရန် ထားရှိခဲ့သည့် ကတိကဝတ်အတိုင်း ၂၀၁၄ ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ( ၅ ) သန်းကျော်ကို ရောင်းချသွားရန် စီစဉ်လျက်ရှိပါသည်။ စက်တင်ဘာလမှ စ၍ နိုင်ငံတစ်ဝန်းရှိ လက်လီအရောင်းဆိုင်များတွင် SIM ကတ်များကို ကျပ် ( ၁၅၀၀ ) ဖြင့် ဝယ်ယူ ရရှိနိုင်တော့မည် ဖြစ်ပါသည်။ ထို့ပြင် မကြာမီ ကာလအတွင်း၌ MPT သည် တန်ဖိုးနည်းငွေဖြည့်ကတ်များကိုလည်း စတင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ပါသည်။

MPT ၏ GSM / WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့ မှ စက်တင်ဘာလ ( ၁၂ ) ရက်နေ့အတွင်း အထူး အရောင်းမြှင့်တင်ရေး အစီအစဉ် တစ်ခုကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ထိုကာလအတွင်း ငွေကျပ် ( ၅၀၀၀) ငွေဖြည့်သုံးစွဲတိုင်း၂၀ % အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း ၊ ငွေကျပ် ( ၁၀၀၀၀ ) နှင့် အထက် ငွေဖြည့် သုံးစွဲတိုင်း ၃၀% အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း အပိုဖြည့်ငွေအဖြစ် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ ထို့ကြောင့် GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ငွေပိုဖြည့်လေ ထပ်တိုး ဘောနပ်စ် အပိုဖြည့်ငွေ များများရလေ ဖြစ်ပါသည်။

MPT သည် ဆက်သွယ်ရေး ကွန်ရက်ကို နိုင်ငံအနှံ့ ဖြန့်ကျက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံသားအားလုံး မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကို ပိုမို၍ လွယ်လင့်တကူ ရရှိသုံးစွဲနိုင်စေရန်ကိုပါ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။