×

MPT က Smart Kids Portal ဝန်ဆောင်မှု မှတစ်ဆင့် ကလေးငယ်များအတွက် စိတ်ဝင်စားဖွယ် ပညာရေးဆိုင်ရာ ဗဟုသုတများ နှင့် ဖျော်ဖြေရေးအစီအစဉ်တို့ကို ယူဆောင်လာ

12 Dec 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ကလေးငယ်များအတွက် စွဲမက်စရာကောင်းသည့် ပညာရေး အသိပညာဗဟုသုတ နှင့် ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍစုံလင်ပါဝင်သည့် အွန်လိုင်းပေါ်တယ်လ် တစ်ခုဖြစ်သော Smart Kids ဝန်ဆောင်မှု အသစ်ကို Crystal Fusion ကုမ္ပဏီနှင့်အတူပူးပေါင်း၍ ယနေ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခုလို ကဏ္ဍအစုံအလင်ပါဝင်သော ဝန်ဆောင်မှုအသစ်မှတစ်ဆင့် မိဘများအနေဖြင့် ကလေးငယ်များကို ဦးတည်ထားကာ ထုတ်လုပ်ထားသည့် သတင်းအချက်အလက်များနှင့် ပါဝင်သည့် အချက်များကို လုံခြုံသည့် ရင်းမြစ်များမှ ရယူနိုင်မည်ဖြစ်သည်။ ယခုလို Smart Kids ဝန်ဆောင်မှု အသစ်မှတစ်ဆင့် ကလေးများ ကြိုက်နှစ်သက်စေမည့် ပျော်ရွှင်စရာသီချင်းများ ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင်သော ရုပ်ပြများ၊ ရာသီခွင် ဗေဒင်အလိုက် အကြောင်းအရာများ၊ မှတ်ဉာဏ်စွမ်းရည်အားကောင်းစေမည့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ၊ ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများအတွက် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ အစရှိသည်ကို မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ဦးတည်ထားသည့် လုံခြုံဘေးကင်းသော သတင်းအချက်အလက် နှင့် ဗဟုသုတ ရရှိစေမည့် အစီအစဉ်များအဖြစ်အသုံးပြုနိုင် မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ၎င်းတို့ ၏ မိုဘိုင်းလ်ပစ္စည်းများနှင့် ကွန်ပျူတာများမှတစ်ဆင့် Web Browser မှတစ်ဆင့် ဝင်ရောက်ခြင်းဖြင့် ပညာရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှုအစီအစဉ် အားလုံးကို တစ်ရက်လျှင် ငွေကျပ် ၁၅၀ သာကျသင့်ပြီး ရယူအသုံးပြုနိုင်မည့်အပြင် မိမိစိတ်ကြိုက်ကဏ္ဍတွေကို ၇ ရက်တာ အခမဲ့ ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ Smart Kids ဝန်ဆောင်မှုသည် ကလေးငယ်များကို အနာဂတ်တွင်ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် ဖန်တီးမှုနှင့် အတွေးအခေါ်ဆိုင်ရာတို့ကို အားပေးအားမြှောက်ပြုသည့်အပြင် မိဘများက ထိန်းချုပ်နိုင်သည့် စနစ်ပါရှိ သောကြောင့် ၎င်းတို့အနေဖြင့် မိမိတို့ ကလေးငယ်များ မည်သည်ကို ကြည့်နေသည်ဆိုသည်နှင့် မည်မျှကြာအောင် ကြည့်နေသည်ဆိုသည် တို့ကို ကန့်သတ်ထားနိုင်ရန်လည်း ဒီဇိုင်းထွင် ထုတ်လုပ်ထားပါသည်။

ယခုလို ဝန်ဆောင်မှုကိုမိတ်ဆက်ခြင်းနှင့်အတူ ဝန်ဆောင်မှုကိုသုံးစွဲသူများအတွက် အထူးအစီအစဉ်အဖြစ် အသုံးပြုသူများထဲမှ ကံထူးရှင်(၁၀) ဦးကို ဇန်နဝါရီ (၂၅) ရက် အထိ ကံစမ်းမဲ အစီအစဉ်ပြုလုပ်၍ ရွေးချယ်ပေးသွားမည်ဖြစ်ကာ ကံထူးသူများအတွက် LEGO® အရုပ်ဆက်ကစားသည့် TOY SET တစ်ခုစီကို အပတ်စဉ် ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ပါသည်။

“ကမ္ဘာပေါ်မှာရှိတဲ့မိဘတိုင်းလိုပဲ မြန်မာပြည်က မိဘတွေကလည်း သူတို့ရင်သွေးငယ်တွေရဲ့ အနာဂတ် ပညာရေးခရီးလမ်းမှာ ထူးချွန်ထက်မြက်တဲ့ကလေးတွေအဖြစ် လျှောက်လှမ်းစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခု ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ သင်ယူနိုင်မှုစွမ်းရည်နဲ့ ဖန်တီးမှု စွမ်းရည်တွေ ဖွံ့ဖြိုးမှုတိုးတက်မှုကို လိုလားတာနဲ့အညီ အမျိုးအစားစုံလင်လှတဲ့ သတင်းအချက်အလက်တွေ၊ လှုပ်ရှား ဆောင်ရွက်မှုတွေနဲ့ ဒီထက်ပိုများတဲ့အချက်အလက်တွေကို တစ်ရက်မှာ ငွေကျပ် ၁၅၀ ဆိုတဲ့ သက်သာတဲ့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်စေဖို့အတွက် ကျွန်တော်တို့ MPT ရဲ့ Smart Kids ဝန်ဆောင်မှုကအသစ်က အထောက်အပံ့ပြုသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်း တကယ့်ကို ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့အတွက် ရည်ရွယ်ထားပြီး ကလေးငယ်တွေကို စောင့်ကြည့်နိုင်မယ့်နည်းလမ်းတွေ ထည့်သွင်းထားတဲ့ လုံခြုံတဲ့ပတ်ဝန်းကျင်ကို ဖြစ်စေမယ့် အခုအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံအနှံ့ကွန်ရက်ကတစ်ဆင့် MPT အသုံးပြုသူတွေ ရယူသုံးစွဲနိုင်မယ့် အံ့သြနှစ်ခြိုက်စရာ ထပ်ဆောင်းဝန်ဆောင်မှု အမျိုးအစားသစ် တစ်မျိုးပဲ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် Mr. Reizo Umeda က ပြောသည်။

Crystal Fusion ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ Mr. Gokhan Eser က “စမတ်ဖုန်းတွေက နေ့စဉ်လူနေမှုဘဝတွေ ကို အကြီးအကျယ်ပြောင်းလဲပစ်လာနေပါပြီ။ ယနေ့ခေတ်မှာ လူတိုင်းက သူတို့ရဲ့ နေ့စဉ်ဘဝမှာ အသုံးတည့်မယ့် အက်ပလီကေးရှင်းတွေအများအပြားနဲ့ Portal များစွာကို အသုံးပြုနေကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စမတ်ဖုန်းတွေသုံးပြီး အင်တာနက်ပေါ်ကနေတစ်ဆင့် သူတို့သင်ယူလေ့လာလိုတဲ့ အရင်းအမြစ်များစွာ ရှိနေလို့ပါ ပဲ။ Smart Kids ဟာဆိုရင် ကလေးငယ်တွေကို စိတ်တည်ငြိမ်အေးချမ်းစေမယ့် ကဏ္ဍတွေများစွာပါဝင်ပြီး ဒီကဏ္ဍတွေက လုံခြုံစိတ်ချရပြီး သင်ကြားရေးအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ ပုံပြင်တွေနဲ့ ပျော်ရွှင်စရာတေးသီချင်းတွေ၊ အရောင်အသွေးစုံလင်တဲ့ ရုပ်ပြများ၊ ၊ ဉာဏ်စမ်းပဟေဠိတွေက သူတို့လေးတွေကို ပျော်ရွှင်စေမှာဖြစ်ပြီးတော့ မိဘတွေနဲ့ သူတို့ချစ်တဲ့ ကလေးငယ်လေးတွေအတွက် စိတ်ကျေနပ်စရာ ခံစားမှုတွေကို ပေးစွမ်းနိုင်မှာပါ” ဟု ပြောကြားသည်။

သုံးစွဲသူများအနေဖြင့် Smart Kids Portal ဝန်ဆောင်မှုသို့ဝင်ရောက်ရန်အတွက် www.my-smartkids.com သို့ MPT ၏ လိုတရ Portal http://sk.lotayamm.com/ ကို ကွန်ပျူတာ (သို့) မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် ဝင်ရောက်နိုင်မည်ဖြစ်ပြီး 8533 သို့ KID ဟု စာတိုပေးပို့ခြင်းဖြင့်လည်း ရယူနိုင်မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များထပ်မံသိရှိလိုပါက 106 သို့ ခေါ်ဆိုခြင်း၊ www.mpt.com.mm (သို့) နှင့် MPT ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage သို့ဝင်ရောက်လေ့လာနိုင်ပါသည်။