×

MPT ဆင်းကတ်အဟောင်းအသုံးပြုသူများ ထပ်တိုးရရှိမည့် ဒေတာအပိုလက်ဆောင်

03 Apr 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂ ဧပြီ ၂၀၁၈) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က 2G နှင့် 3G စနစ်ကိုသာ အသုံးပြုနေဆဲဖြစ်သည့် ဆင်းမ် ကတ် သုံးစွဲသူများအတွက် ၎င်းတို့၏ ဆင်းကတ်များကို MPT အရောင်းဆိုင်များတွင် လာရောက်လဲလှယ်ပါက တစ်ထောင်ကျပ် စတင်ငွေဖြည့်အသုံးပြုပြီးတိုင်း 100MB ဒေတာလက်ဆောင် အပိုရရှိမည့် အထူးအစီအစဉ် တစ်ခုကို ယနေ့ စတင်မိတ်ဆက်လိုက်ပါသည်။

MPT ၏ မြန်နှုန်းမြင့် 3G နှင့် 4G LTE+ ကွန်ရက်မှာ မြန်မာနိုင်ငံအနှံ့ ရှိ သုံးစွဲသူများအတွက် အရည်အသွေးမြင့် မားလှသည့် အမြန်နှုန်းနှင့် ယုံကြည်စိတ်ချရသော ဖုန်းချိတ်ဆက်ခေါ်ဆိုမှုတို့ဖြင့် မြန်မာပြည်တစ်ဝှမ်းရှိ သုံးစွဲသူများသို့ ဝန်ဆောင်မှုများပေးအပ်လျက်ရှိ ပါသည်။ မိုဘိုင်းလ်ဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများအနေဖြင့် အကောင်းဆုံး အရည်အသွေးကိုရရှိစေရန် USIM လိုအပ်လျက်ရှိနေပြီး MPT သုံးစွဲသူ အများစုကလည်း လက်ရှိတွင် USIM ကို အသုံးပြုလျက် ရှိနေကြပါသည်။ 3G ၊ HSPA ၊ 4G LTE+ ကွန်ရက်များကို အသုံးပြုနိုင်ရန်အတွက် USIM မှာ အသင့်အနေအထားတွင်ရှိပြီး ယင်းဆင်းမ်ကတ်မှာ ပိုမိုလုံခြုံ စိတ်ချရသကဲ့သို့ မိသားစုနှင့် မိတ်ဆွေများကို ဆက်သွယ်ရန် ဖုန်းနံပါတ်များ မှတ်သားနိုင်သည့် နေရာ ပမာဏလည်း ပိုမို ပါဝင်လာမည်ဖြစ်သည်။

USIM ကို အဆင့်မြှင့်တင် အသုံးမပြုရသေးသည့် သုံးစွဲသူများအတွက် MPT က အထူးအစီအစဉ်တစ်ခုကို ယခုလို လုပ်ဆောင်လိုက်ခြင်းဖြစ်ပါသည်။ USIM ကို စတင်သုံးစွဲသူများအနေဖြင့် USIM ကို လဲလှယ်၍ (၇) ရက်အတွင်း ဖုန်းငွေဖြည့်ကတ် ဖြည့်သွင်းအသုံးပြုပါက ငွေဖြည့်သည့်ပမာဏပေါ် မူတည်၍ ဒေတာလက်ဆောင်များ ရရှိမည် ဖြစ်သည်။ ငွေဖြည့်ပမာဏအလိုက် ဒေတာလက်ဆောင်များကို အောက်တွင် ဖော်ပြထားပါသည်။

ပမာဏ (ကျပ်)
ဒေတာအပိုလက်ဆောင် (MB) ကုန်ဆုံးရက်
၅၀၀  

 

၃၀ ရက်

၁,၀၀၀ ၁၀၀
၃,၀၀၀ ၃၀၀
၅,၀၀၀ ၅၀၀
၁၀,၀၀၀ ,၀၀၀

မြန်မာနိုင်ငံတွင် MPT မိုဘိုင်းလ်ဒေတာ ရရှိသုံးစွဲနိုင်သည့်နေရာဒေသများမှာ ယခင်ထက် ပိုမိုကျယ်ပြန့်လျက်ရှိပြီး ဒီဇင်ဘာ ၂၀၁၈ အမီ မြို့ကြီး/မြို့နယ် ၂၈၀ သို့ ဖြန့်ကျက်ထားမည့် MPT ၏ ရည်မှန်းချက်မှာလည်း နီးကပ်လာပြီ ဖြစ်သည်။ ယခုအစီအစဉ်မှာ လျင်မြန်သည့် အင်တာနက်ဒေတာကို စမ်းသပ်သုံးစွဲဖူးသေးခြင်းမရှိသည့် MPT အသုံးပြုသူများအတွက် Facebook၊ ရာသီဥတုအခြေအနေ၊ သတင်း၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည့်တို့နှင့် ပတ်သက်သည့် အချက်အလက်များအပါအဝင် အွန်လိုင်းပေါ်မှ အကျိုးအမြတ်များစွာကို ရယူနိုင်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါသည်။

ဒေတာအပိုလက်ဆောင်ရရှိရန် MPT သုံးစွဲသူများအနေဖြင့် ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကားကဲ့သို့ အစီအစဉ် များ ရယူထားရန် လိုအပ်ပြီး လက်ရှိ USIM ကို အသုံးပြုနေပြီးဖြစ်သည့် သုံးစွဲသူများမှာ ယခုအစီအစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပါ။ MPT ဆင်းကတ်အသစ်ကို လဲလှယ်၍ ဒေတာအပိုလက်ဆောင်ရရှိရန် MPT အရောင်း ဆိုင်များ သို့မဟုတ် ၁၀၆ သို့ဖုန်းခေါ်ဆိုပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။