×

MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို ဧရာဝတီဘဏ်များတွင် စတင်

06 Jan 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၆ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မိတ်ဖက်အနေဖြင့် ဧရာဝတီဘဏ် နှင့် ပူးပေါင်းကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို မြန်မာတစ်နိုင်ငံလုံးရှိ ဧရာဝတီဘဏ်ခွဲပေါင်း ၁၀၀ တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှစတင်ပြီး လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့က ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဆင်းမ်ကတ်များအားလုံးကို ၂၀၁၇ ခုနှစ် မတ်လနောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်သည့်အတွက် MPT သည် သုံးစွဲသူများအတွက် ဆင်းမ််ကတ်မှတ်ပုံတင်ခြင်းကို ပိုမို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KBZ ဘဏ် ၊ CB ဘဏ် အစရှိသော ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အခြားသော နည်းလမ်းများဖြင့်လည်း ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန်ဆောင်ရွက်ပေးလျက်ရှိနေပါသည်။ သုံးစွဲသူများ၏ ဆင်းမ်ကတ်များကို သတ်မှတ်ရက်မတိုင်မီမှတ်ပုံတင်နိုင်ရန်အတွက် ဧရာဝတီဘဏ် နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

MPT အနေဖြင့် သုံးစွဲသူများ ယခုဝန်ဆောင်မှု နှင့်အတူ နိုင်ငံတစ်ဝှမ်းရှိ MPT ၏ အထူးပွဲများ၊ MPT အမှတ်တံဆိပ်ဆိုင်ခွဲများ၊ စာတိုက်များ နှင့် အွန်လိုင်း စသည်တို့တွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူ ချောမွေ့စွာလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ MPT အသုံးပြုသူများသည် MPT Customer Service Call Center ၏ ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ အွန်လိုင်းမှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ဆင်းမ်ကတ် မှတ်ပုံတင်နိုင်မည့်နေရာများကို သိရှိနိုင်မည်ဖြစ်သည်။

“MPT ကသုံးစွဲသူတွေကို ၂၀၁၇ ခုနှစ် မတ်လကုန်အမှီ မှတ်ပုံတင်နိုင်ရန်အတွက် နောက်ဆုံး မိတ်ဖက်ဖြစ်တဲ့ ဧရာဝတီဘဏ်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ MPT အနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများကို တစ်နိုင်ငံလုံးမှာ ဝန်ဆောင်မှုပေးနေပြီး ဧရာဝတီဘဏ် နှင့် ထပ်မံ ပူးပေါင်းလိုက်ခြင်းကလည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အချိန်မှီပြီးစီးနိုင်ရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါသည်။

“ MPT ဆင်းမ်တ်အသုံးပြုသူများ အဆင်ပြေ၊ လွယ်ကူချောမွေ့စွာ မှတ်ပုံတင်နိုင်ရန် ဧရာဝတီဘဏ်အနေဖြင့် MPT နှင့် ပူးပေါင်းပြီး ဘဏ်ခွဲပေါင်း (၁၀၀) ၌ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထပ်မံတိုးချဲ့၍ Registration ပြုလုပ်နိုင်မည့် ဘဏ်ခွဲများအား ဆက်လက်ကြေညာသွားမှာဖြစ်ပါတယ်။ အထူးအစီအစဉ်အနေဖြင့် လာရောက် မှတ်ပုံတင်သူများကို ဧရာဝတီဘဏ်မှ ငွေစုစာရင်းအား ၁၀၀၀ ကျပ် balance ဖြင့် အခမဲ့ဖွင့်လှစ်ပေးမည့်အပြင် ပထမဦးဆုံးအကြိမ် AYA mobile banking ဖြင့် transaction တစ်ခုခု ပြုလုပ်ပါက ငွေကျပ် (၁၀၀၀)အား ထပ်မံ၍ ၄င်းငွေစုစာရင်းထဲသို့ မေတ္တာလက်ဆောင်အဖြစ် ထည့်ပေးသွားမည်ဖြစ်ကြောင်း” ဧရာဝတီဘဏ် Marketing ဌာန၏ Assistant Vice President ဖြစ်သူ ဒေါ်မိုးလွင်(ခ) Kelly မှ ပြောကြားခဲ့ပါသည်။

ဆင်းမ်ကတ်များ မှတ်ပုံတင်နိုင်ရန်အတွက် MPT သုံးစွဲသူများသည် ၎င်းတို့မှတ်ပုံတင်မည့် လက်ရှိဆင်းမ်ကတ် နှင့် နိုင်ငံသား မှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အစရှိသည့် အထောက် အထားတစ်ခုခု၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလတ်မှတ်တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် နေရာအပြည့် အစုံကို MPT ၏ ဝက်ဘ်ဆိုဒ် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။