×

MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအခြေအနေကို USSD ကုတ်ဖြင့် စစ်ဆေးခြင်းဆိုင်ရာ အမေးအဖြေ

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် USSD လုပ်ဆောင်ချက်ကဘာပါလဲ။

MPT သုံးစွဲသူတွေအတွက် ၄င်းတို့၏ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းရှိမရှိ လျှင်မြန်စွာ စစ်ဆေးကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

ဘယ်လိုလုပ်ဆောင်ပါသလဲ။

ဖုန်းပေါ်မှ *601# ကို နှိပ်ပါ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အောင်မြင်မှုရှိမရှိ ဘယ်လိုသိနိုင်ပါသလဲ။

အဆိုပါကုတ်နံပါတ်သို့ ခေါ်ဆိုပြီးနောက် သုံးစွဲသူ၏ဖုန်းမျက်နှာပြင်ပေါ်တွင် ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိမရှိ စာတန်းပေါ်လာမည်ဖြစ်ပါသည်။ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းမရှိပါက MPT ၀က်ဘ်ဆိုဒ်၏ Self-Care စာမျက်နှာသို့ တိုက်ရိုက်ဝင်ရောက်ကာ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့် လင့်ခ်တစ်ခုကို MPT မှ စာတိုဖြင့် ပေးပို့သွားမည် ဖြစ်ပါသည်။

MPT အိတ်ချိန်ရုံး၊ MPT အမှတ်တံဆိပ်အရောင်းဆိုင်နှင့် ကိုယ်ပိုင်ဆိုင်တို့မှာ ဆင်းမ်ကတ်မှတ်ပုံတင်ခဲ့ပါတယ်။ ဒါပေမဲ့ *601# ကို ခေါ်ဆိုလိုက်တဲ့အခါမှာ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းမရှိဘူးလို့ ဆိုနေပါတယ်။

MPT အိတ်ချိန်းရုံး၊ MPT အမှတ်တံဆိပ်အရောင်းဆိုင်နှင့် ကိုယ်ပိုင်ဆိုင်များတွင် ဆင်းမ်ကတ်မှတ်ပုံတင်သူများအဖို့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းပြီးစီးရန် စောင့်ဆိုင်းချိန် ၁၀ ရက်အထိ ကြာမြင့်နိုင်ပါသည်။

သုံးစွဲသူတွေအတွက် ငွေကြေးကုန်ကျမှုရှိပါသလား။

မရှိပါဘူး။ အဆိုပါ၀န်ဆောင်မှုရယူခြင်းအတွက် ငွေကြေးတစ်စုံတစ်ရာကုန်ကျခြင်းမရှိပါဘူး။ USSD စာတန်းအတွက်ရော SMS ပေးပို့ခြင်းအတွက်ပါ ၀န်ဆောင်ခပေးဆောင်စရာမလိုပါဘူး။

ဘယ်သူတွေအသုံးပြုနိုင်မလဲ။

*601# သို့ခေါ်ဆိုမှုကို CDMA သုံးစွဲသူများမှအပ MPT သုံးစွဲသူများအားလုံး အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးဘူးဆိုရင်ရော..

ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းမရှိသေးသူများကိုလည်း MPT မှ SMS များ ပေးပို့ကာ အကြောင်းကြားနှိုးဆော်သွားမည် ဖြစ်ပါသည်။ ထို့ပြင် https://care.mpt.com.mm/ မှတစ်ဆင့်ဝင်ရောက်ကာ Self-Care စာမျက်နှာတွင် ဆင်းမ်ကတ်မှတ်ပုံ တင်သူများနှင့် MPT4U app မှတစ်ဆင့် မှတ်ပုံတင်သူများအတွက် ဒေတာအပိုဆု 400MB ကို ပေးအပ်သွားမည် ဖြစ်ပါသည်။
ဆွေသဟာ အသုံးပြုသူများအနေဖြင့် Online မှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းပြုလုပ်ပါက MPT မှ 400 MB မေတ္တာလက်ဆောင် ရရှိနိုင်မှာဖြစ်ပါတယ်။ Base Tariff အသုံးပြုသူမိဘပြည်သူများအတွက်ကိုတော့ 400 MB နှင့် တူညီသော ဖုန်းငွေဖြည့် Bonus ပမာဏကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ၀န်ဆောင်မှုပေးဖို့အတွက် MPT က ဘာလို့အနောက်ကျဆုံးဖြစ်နေတာပါလဲ။

MPT သည် သုံးစွဲသူများအတွက် အကောင်းဆုံးသောဝန်ဆောင်မှုများကိုသာ ပေးအပ်သွားဖို့ အလေးထားပါသည်။ အဆိုပါကုတ်နံပါတ်သည် မတ်လ ၃၁ ရက်နေ့မတိုင်မီ MPT သုံးစွဲသူများအားလုံး ဆင်းမ်ကတ်မှတ်ပုံတင်ပြီးစီးရေးအတွက် MPT-KSGM Joint Operations မှ ဆောင်ရွက်ပေးလျက်ရှိသော နည်းလမ်းများထဲမှတစ်ခုအပါအဝင် ဖြစ်လာပါသည်။ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများကို ဆိုင်များ၊ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအထူးပွဲတော်များ၊ စာတိုက်ရုံးများ၊ ဘဏ်များ၊ အိတ်ချိန်းရုံးများ အစရှိသည့်နေရာပေါင်းများစွာထံတွင် အလွယ်တကူရယူနိုင်ပြီဖြစ်ပြီး မကြာသေးမီကလည်း MPT သည် ၄င်း၏ Self-Care အက်ပလီကေးရှင်း MPT4U ကို အသစ်မွမ်းမံကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို ထပ်မံထည့်သွင်းလိုက်ပါသည်။