×

MPT နှင့် ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ လူငယ်နည်းပညာစွန့်ဦးတီထွင် လုပ်ငန်းသုံးခု မွေးထုတ်ပေးနိုင်ခဲ့

07 Aug 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် သြဂုတ်လ ၆ ရက်)- MPT နှင့် ကွန်ပျူတာအသင်းချုပ်တို့ပူးပေါင်းပြုလုပ်သည့် Myanmar Youth Technopreneurship Development Program 2018 သို့ မြန်မာနိုင်ငံအနှံ့အပြားမှ လူငယ်စွန့်ဦးတီထွင်အဖွဲ့များစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတ့အို တွင်းမှ ရွေးချယ်ခံရသော အသင်း ၃ သင်းကို လုပ်ငန်းစတင်နိုင်ရန်အတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ဆုကြေးငွေကျပ် သိန်း(၅၀)လွှဲပြောင်းပေးခြင်းတို့အတွက် နားလည်မှုစာချွန်လွှာရေးထိုးပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါအသင်း ၃ သင်းမှာ Myanmar Youth Technopreneurship Development Program 2018 မှရရှိသော ပံ့ပိုးမှုများဖြင့် ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်
ယှဉ်ပြိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများဖြစ်လာစေရန် MPT မှ မျှော်လင့်ထားပါသည်။

MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “အခု ပြိုင်ပွဲတွင်းကနေအနိုင်ရပြီး လက်တွေ့စီးပွားရေးနယ်ပယ်ထဲမှာ ထိုးဖောက်အခြေချခွင့် ရသွားတဲ့အသင်း ၃ သင်းအတွက် ပထမဆုံးအနေနဲ့ အထူးပဲဂုဏ်ယူတယ်ဆိုတဲ့အကြောင်း MPT ရဲ့ ကိုယ်စားပြောချင်ပါတယ်။ ဒီအသင်းတွေကနေ မွေးဖွားပေးမယ့် နည်းပညာစပ်ဆက်စီးပွားရေးလုပ်ငန်းဟာသုံးစွဲမယ့် သူတွေအတွက်တကယ့်ကိုပဲ အကျိုးရှိစေမယ့် စိတ်ကူးတွေနဲ့ ရေးဆွဲထားတဲ့ အရာတွေဖြစ်တယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ဈေးကွက်အတွင်းမှာ အောင်မြင်မှုရဖို့အတွက် လူငယ်တွေရဲ့ အနာဂတ်အိပ်မက်တွေကို MPT အနေနဲ့ တစ်ခန်းတစက် ဏ္ဍကနေ ပါဝင်ပံ့ပိုးပေးခွင့်ရလို့ အရမ်းလည်း ဝမ်းသာမိပါတယ်။ ရှေ့ လာမယ့်နှစ်တွေမှာလဲ အခုလိုပဲ အောင်မြင်တဲ့ လူငယ်စွန့်ဦးနည်းပညာလုပ်ငန်းရှင်တွေ မွေးထုတ်ပေးနိုင်ဖို့ MPT အနေနဲ့ အမြဲတမ်းအလေးပေးပြီး စဉ်းစားဆောင်ရွက်သွားဦးမှာပါ။” ဟု ပြောကြားသည်။

Myanmar Youth Technopreneurship Development Program 2018 ပြိုင်ပွဲအား ဦးဆောင်စီစဉ်သော Kanaung Hub ၏ ပွဲကျင်းပရေးကော်မတီ ဦးသောင်းစုငြိမ်းက “ ကျွန်တော်တို့စလုပ်ခဲ့စဉ််က မြန်မာနိုင်ငံက လူငယ်တွေဟာအလွန်တော်တယ်၊ နည်းပညာလည်းတတ်ကျွမ်းတယ်၊ အခွင့်အရေးပဲလိုတာလို့ စဉ်းစားခဲ့ပြီး ရုံးခန်းနေရာန့အဲ ကြံပေးမှု၊ ဦးဆောင်မှုတွေသာ ထောက်ပံ့ပေးနိုင်ခ့ရဲ င် အောင်မြင်တဲ့ နည်းပညာလုပ်ငန်းရှင် တွေဖြစ်လာနိုင်တယ်လို့ ယုံကြည်ပြီး လုပ်ခဲ့ပါတယ်။ အခု ပထမနှစ်ရဲ့ ပွဲအပြီးမှာ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လုပ်ငန်းသစ်သုံးခုကိုတော့ ကုမ္ပဏီမှတ်ပုံတင်ပေးပြီး လုပ်ငန်းများစတင်လည်ပတ်နိုင်အောင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးနေပါတယ်။ နောက်နှစ်လောက်ဆိုရင် သူတို့ကုမ္ပဏီတစ်ခုဆီရဲ့ နည်းပညာထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတွေဟာ ဈေးကွက်ထဲကို ရောက်ရှိနေရာယူလာမယ်လို့ မျှော်လင့်မိပါတယ်။ အစီအစဉ်ဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးတဲ့ MPT နဲ့တကွ ဦးဆောင်လမ်းညွှန်မှုပြုပေးတဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က တာဝန်ရှိသူများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟုပြောကြားသည်။

ပြိုင်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် စွန်းဦးတီထွင်ကုမ္ပဏီသုံးခုအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လမ်းညွှန်မှုအောက်တွင် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများအတွက် အဓိကကူညီထောက်ပံ့ပေးလျက်ရှိသည့် Kanaung Hub Incubation စင်တာတွင် ရုံးခန်းနေရာကို အခမဲ့ ၆လ တိတိအသုံးပြုခွင့်ပေးအပ်ခဲ့ပြီးလုပ်ငန်းဆောင်တာများကို အဆိုပါစင်တာတွင် စတင်လုပ်ကိုင်လျက်ရှိပါသည်။ ရုံးခန်းနေရာနှင့် ဆုကြေးငွေများသာမက နည်းပညာ၊ စီးပွားရေးနှင့် ပတ်သက်သည့် အခက်အခဲများကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ် ငန်းရှင်အသင်းတို့မှ အလုပ်အမှုဆောင်များကလည်း အနီးကပ်ကြီးကြပ်၍ အကြံဉာဏ်များ ပေးအပ်သွားမည် ဖြစ်ပါသည်။

MPT နှင့် MCF တို့ အနေဖြင့် အသစ်ထူထောင်လိုက်သည့် စွန့်ဦးတီထွင်ကုမ္ပဏီသုံးခု၏ စီးပွားရေးလုပ်ငန်းချဲ့ထွင်ခြင်း၊ ဈေးကွက်ထိုးဖောက်နေရာယူခြင်း၊ နည်းပညာအဆင့်မြှင့်တင်ခြင်း စသည့်ကိစ္စများတွင် တိုးချဲ့ဆောင်ရွက် ရန်လိုအပ်လာပါက နည်းပညာများထောက်ပံ့ပေးခြင်းနှင့် လေ့ကျင့်မှုများကိုအထောက်အပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အသစ်တည်ထောင်လိုက်သည့် မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်လုပ်ငန်းများအကြောင်းအကျဉ်းချုပ်

DAT TECHNOLOGIES CO.,LTD.
Team Name : Secret Art
Product Name: Talking Books
မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းရှင် အောင်ဥဂ္ဂါနှင့် နည်းပညာရှင် ဉာဏ်လင်းထွဋ်တို့ပြုလုပ်သော “Talking Books” ထုတ်ကုန်သည် မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုနိုင်မည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Audio Book အသံထွက်စာအုပ်များကို နားထောင်နိုင်မည်ဖြစ်သည်။ အသုံးပြုသူများသည် ၎င်းတို့၏ဖုန်းမှတစ်ဆင့်နေရာမရွေး အချိန်မရွေး အဆိုပါ Audio Book များကို ဖွင့်နိုင်မည်ဖြစ်သည်။ မူရင်းစာအုပ်များ၏ မူပိုင်ခွင့်ပိုင်ဆိုင်သူများထံမှ အသံထွက်စာအုပ်အဖြစ် ပြောင်းလဲခွင့်လိုင်စင်ရယူကာ တရားဝင်ခွင့်ပြုချက်ဖြင့်သာဖြန့်ချီမည်ဖြစသ် ည်။ Audio Book များကို ရောင်းချ၍သော်လည်ကောင်း၊ ငှားရမ်း၍သော်လည်ကောင်း ရရှိသော ဝင်ငွေများဖြင့် အကျိုးအမြတ်ကို ရှာဖွေမည်ဖြစ်ပါသည်။ ဘာသာအသီးသီးမှ တရားဓမ္မနှင့်
လူငယ်များအတွက် တိုးတက်ရေးကျမ်းများ၊ လုပ်ငန်းဆိုင်ရာလေ့လာဖွယ်ရာများ၊ ဘာသာစကား လေ့လာဖွယ်ရာများနှင့် ကလေးများအတွက် အခြေခံဗဟုသုတများ၊ လောကနိတိနှင့်ပတ်သက်သည့် ကာတွန်း၊ ဗဟုသုတပေးမည့် စာပေများကိုလည်း ထည့်သွင်းထားမည်ဖြစ်သည်။

KLENIC MYANMAR CO.,LTD.
Team Name: Klenic
Product Name: Doctor Kyaw
KIERAN YI နှင့် SAW NERDAR တို့၏ ထုတ်ကုန်ဖြစ်သော Doctor Kyaw သည် ကုန်ကျစရိတ် သက်သာသော ကျန်းမာရေးဝန်ဆောင်မှုကို အများပြည်သူလက်လှမ်းမီစေရန်အတွက် ဝန်ဆောင်မှုပေးလိုသောထုတ်ကုန်ဖြစ်သည်။ Doctor Kyaw သည် အခမဲ့ အသုံးပြုနိုင်မည့် မိုဘိုင်းလ်အက်ပလီကေးရှင်း ဖြစ်ပြီးအသုံးပြုသူများက ၎င်းတို့၏ ကျန်းမာရေးအခြေအနေများ စောင့်ကြည့်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းတို့ကို Artificial Intelligence (AI) နည်းပညာအခြေခံထားသည့် Chatbot ဖြင့် အပြန်အလှန်စကားပြောရင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ အသုံးပြုသူများအား မှန်ကန်သောအကြံပြုချက်များ ပေးအပ်နိုင်ရန်အတွက် မေးခွန်းများမေးမြန်းခြင်းကို ဖြေကြားမည်ဖြစ်သည်။ အခပေး ဝန်ဆောင်မှုအနေဖြင့် အသုံးပြုသူများက ဆရာဝန်နှင့်စကားပြောဆိုနိုင်မည်ဖြစ်ပြီး အဆိုပါ ဆရာဝန်သည် အသုံးပြုသူများ၏ ကျန်းမာရေးဆေးမှတ်တမ်းများကိုအက်ပလီကေးရှင်းမှ တစ်ဆင့်ကြည့်ရှုနိုင်မည်ဖြစ်သည်။ Doctor Kyaw သည် ကျန်းမာရေးဆေးညွှန်း၊ ကုထုံးများကို လိုအပ်နေသည့် အများပြည်သူလက်ထဲ အချိန်နှင့်တစ်ပြေးညီ ရရှိစေရန် ပေးပို့မည်ဖြစ်သည်။

DIGI TECH CO.,LTD.
Team Name: Digisportal
Product Name: Digicafe
DiGiCafe ထုတ်ကုန်သည် နည်းပညာစွန့်ဦးတီထွင်လူငယ်များဖြစ်သော ကောင်းမြတ်စံ၊ အောင်ခန့် နှင့်ဟိန်းသူတို့၏ ထုတ်ကုန်တစ်ခုဖြစ်ပြီး Gamer ကစားသမားအချင်းချင်း ချိတ်ဆက်ပေးမည်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် Game ကစားခြင်းမှာ ဈေးကွက်ကြီးတစ်ခုဖြစ်နေရုံမျှမက မြန်မာနိုင်ငံအတွင်းရှိ လူငယ်အသီးသီးမှာလည်း ယနေ့အချိန်တွင် တွေ့မြင်နေရပါသည်။ လုပ်ငန်းတွင်ကျယ်နိုင်မည့် စီးပွားရေးဈေးကွက် အခြေအနေမျိုးဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းများနည်းတူ စီးပွားရေးဈေးကွက်ကောင်းတစ်ခု ဖြစ်လာနိုင်မည်ဟုတွေ့ရှိရပါသည်။ Gamer များသည် App ကို အသုံးပြုပြီး ၎င်းနှင့်အနီးဆုံး e-sport center များကို ရှာဖွေနိုင်မည်ဖြစ်ပြီး အဆိုပါ e-sport center များတွင် ထိုင်ခုံကြိုတင်ချန်ထားပေးခြင်းမျိုးကို App မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ DiGiCafe သည် In-App Wallet ပါဝင်မည်ဖြစ်ပြီး အဆိုပါ In-App Wallet အတွင်းရှိ Point များဖြင့် အဆိုပါ e-sport center များတွင် အစားအသောက်မှာယူခြင်းနှင့် ဝန်ဆောင်ခ ဝယ်ယူခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။