×

MPT နှင့် ဆင်နွှဲသီတင်းကျွတ်ပွဲ

26 Oct 2015

[:my]ဦးဆောင်ဆက်သွယ်ရေးကုမ္ပဏီမှ မင်္ဂလာရှိသောသီတင်းကျွတ်အခါသမယတွင် သုံးစွဲသူမိဘပြည်သူများအားချစ်ခင်ရသောမိသားစုမိတ်ဆွေများကိုအခမဲ့စာတိုပေးပို့နိုင်ရန် ဝန်ဆောင်မှုပေးခြင်း

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က MPT သုံးစွဲသူမိဘပြည်သူများအားလုံးကို မင်္ဂလာရှိသော သီတင်းကျွတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေး လိုက်ပါသည်။ ထူးခြားမွန်မြတ်လှတဲ့ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် MPT သုံးစွဲသူများသည် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံးစာတိုပေးပို့မှုများကို အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။

“MPT က တန်ဖိုးထားလေးစားရတဲ့ သုံးစွဲသူတွေကိုမေတ္တာလက်ဆောင်တွေပေးရင်းယခုနှစ်ရဲ့ သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲလိုပါတယ်၊ သီတင်းကျွတ်ပွဲတော်ဆိုတာကဂါရဝပြုရတဲ့အချိန် ချစ်ခင်ရတဲ့လူတွေကိုနှုတ်ခွန်းဆက်ရတဲ့အချိန်ပါ၊ ထို့အတွက်ကြောင့် MPTသုံးစွဲသူတွေ အနေနဲ့ ဒီသီတင်းကျွတ်လပြည့်ရက်မှာစာတိုတွေ အခမဲ့ပေးပို့ရင်း သူတို့ချစ်ခင် သူတွေကို နှုတ်ခွန်းဆက်နိုင်အောင်လို့ MPT က ကူညီပေးချင်ပါတယ်”ဟုMPT-KSGM Joint Operations ၏ Chief Executive Officer ဖြစ်သူMr. Takashi Nagashima က ပြောသည်။

ဤအထူးအစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူအားလုံးအတွက်ဖြစ်ပြီးအောက်တိုဘာလ ၂၈ ရက် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအတွင်း MPT နံပါတ်အချင်းချင်းပေးပို့သည့် SMS စာတိုအားလုံးအခမဲ့ပေးပို့ရရှိမည်ဖြစ်သည်။ တစ်နေ့တာအတွက်မိုဘိုင်းဖုန်းနံပါတ်တစ်ခုလျှင်အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။

MPT သည် သုံးစွဲသူများ၏ အကြံပေးမှုများနှင့် တုံ့ပြန်မှုများကိုအလေးထားဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူများအား ဝန်ဆောင်ပေးခြင်းနှင့် တုံ့ပြန်မှုများကိုနားထောင်ခြင်း၊ လူမှုကွန်ယက်များတွင် MPT အကြောင်းအသိပေးခြင်းနှင့် အကြံပေး မှုများကိုဆောင်ရွက်လျက်ရှိခြင်းနှင့် လှူဒါန်းမှုများအားလုပ်ဆောင်ခြင်းစသည်တို့ကို ပြုလုပ်ရင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်။ MPT ၏ Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆သန်းကျော်တွင် ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော်ဖြင့် အကြီးမားဆုံးမိုဘိုင်းဖုန်း သုံးစွဲသူဈေးကွက် ကိုရရှိထားသည့် MPT သည် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာနေရာကိုပိုင်ဆိုင်ထားလျက်ရှိသည်။

[:]