×

MPT နှင့် အများပြည်သူတို့စုပေါင်းဆောင်ရွက်ခြင်းဖြင့် အမှိုက်စွန့်ပစ်ခြင်း အလေ့အထကောင်းများ ၊ သွေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးတို့တွင် “နှလုံးသားထဲကမြန်မာ” လှုပ်ရှားမှုအဖြစ် အထောက်အပံ့ကောင်းများကို ဖော်ဆောင်လျက်ရှိ

12 Jul 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် ဒီဂျစ်တယ်နည်းပညာတိုးတက်မှုများအတွက် ဦးတည် ဆောင်ရွက်နေခြင်းနှင့်အတူ ခေတ်သစ်ဆက်သွယ်ရေးနည်းလမ်းများကို နိုင်ငံအဝှမ်းရှိဒေသစုံ တွင် ဖြန့်ကျက်ပေးခြင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းကာ နိုင်ငံအနှံအပြားတွင် တိုးတက် ပြောင်းလဲမှုများကို ဖော်ဆောင်လျက်ရှိပါသည်။ လိုအပ်သော နည်းပညာဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ တစ်နိုင်ငံလုံးရှိသုံးစွဲသူ ပြည်သူတို့၏ လူနေမှုဘဝများကို တိုးတက်ပြောင်းလဲလာစေရန်အတွက်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိ ပါသည်။ တာဝန်သိ ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အားလျော်စွာ မိမိတို့ရရှိထားသော အကျိုးအမြတ်များကို နိုင်ငံအတွက် ပြန်လည်အသုံးပြုလျက်ရှိပြီး အဓိကကဏ္ဍကြီး သုံးရပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံံ့ဖြိုးရေးစသည်တို့တွင် အထောက်အပံ့ဖြစ်စေမည့် လူမှုအကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ စုပေါင်း ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် မှတ်တိုင်များကိုလည်း စိုက်ထူ ဖော်ဆောင်ခဲ့ပြီး ဖြစ်ပါသည်။

ကဏ္ဍအသီးသီးတွင် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည့် မြန်မာနိုင်ငံ ကို ရှေ့သို့လှမ်းချီနိုင်ရန်အတွက် အထောက်အပံ့ကောင်းဖြစ်စေမည်ဟု MPT က ယုံကြည်ထားကာ မိမိတို့လူမှု အဖွဲ့အစည်းအကြား နေ့စဉ်ရင်ဆိုင်နေရသည့် အခက်အခဲများကို စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှား နိုင်မည့်အပြင် လူမှုအကျိုးပြုလုပ်ငန်းများကိုဒေသခံအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် အတူ အောက်ဖော်ပြပါကဏ္ဍများတွင် အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတစ်ဝှမ်း စုပေါင်း သွေးလှူဒါန်းပွဲများ
MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်သည် အသက်ရှင်သန်ရေးအတွက် သွေး၏ အရေးပါပုံကို ပြည်သူများအကြား အသိအမြင်များ ပိုမိုရရှိလာစေရန် ၊ သွေးလှူဒါန်းသူစေတနာရှင်များ ပိုမိုပေါ်ထွန်းလာစေရန်နှင့် ကျန်းမာရေးကဏ္ဍအတွက်သွေးလိုအပ်မှုကို တစ်တပ်တစ်အား ထောက်ပံ့ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အဆိုပါသွေးလှူဒါန်းခြင်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန နှင့် တိုင်းနှင့်ပြည်နယ်အစုံရှိ ဒေသပေါင်း ၁၇ ခုမှ ဆေးရုံများတွင်ပြုလုပ်ခဲ့ပြီး MPT အဖွဲ့သားများ၊ ဒေသခံ သွေးလှူရှင်များပါဝင်ခဲ့ကြကာ လက်ရှိအချိန်အထိ စုစုပေါင်းလူဦးရေ ၃,၀၀၀ ကျော်တို့မှ သန့်စင်သောသွေးကို ပါဝင်လှူဒါန်းခဲ့ကြပြီးဖြစ်သည်။ ယခုအစီအစဉ်ကို “သန့်စင်သောသွေး လူသားအားလုံးရရှိရေး” ဟူသည့် ဆောင်ပုဒ် နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်

MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ကို သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေနှင့် ကာဗွန်ထုတ်လွှတ်မှုများ လျော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်ရေးတို့နှင့် ပတ်သက်သော အသိအမြင်များ ပိုမိုမြင့်မားလာစေရန်တို့အပြင် အများပြည်သူတို့အကြားတွင် သစ်ပင် စိုက်ပျိုးခြင်း၏ အရေးပါမှုကို ပိုမိုသိမြင်လာစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ MPT ၏ ”စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ် ဖြင့် လက်ရှိအချိန်အထိ သစ်ပင်ပေါင်း ၁၂,၀၀၀ ကျော်ကို လူဦးရေ ၈,၀၀၀ ကျော်ခန့်ဖြင့် အတူတကွ စိုက်ပျိုးခဲ့ပြီးလည်းဖြစ်ပါသည်။ MPT အနေဖြင့် မြန်မာ့ လူမှုအဖွဲ့အစည်း အတွက် အရေးပါသည့်ကိစ္စရပ်များဖြစ်သော ဂေဟစနစ်ပိုမိုကောင်းမွန်စေရန်နှင့် ကျန်းမာရေးကို အထောက်အ ကူပြုစေနိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်စေရေးတွင် အများပြည်သူတို့ ပူးပေါင်းပါဝင်နိုင်စေရန်အတွက် အားပေးလှုံ့ဆော်လျက်ရှိပြီး ယင်းအခန်းကဏ္ဍများရှိ လိုအပ်ချက်များအပေါ် အလေးအနက်ထားပြီး ဦးတည် ဖြည့်စွမ်းလျက်ရှိပါသည်။

နိုင်ငံအဝှမ်း စုပေါင်း သန့်ရှင်းရေးလုပ်ရှားမှုများ

MPT မှ စိမ်းလန်းစေဖို့ရှေ့ဆက်စို့ ဟူသည့် ဆောင်ပုဒ်ဖြင့် ယင်း၏ ဝန်ထမ်းများ၊ သုံးစွဲသူပြည်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအသီးသီးရှိ မိဘပြည်သူများနှင့် အတူပူးပေါင်းကာ အထင်ကရနေရာများ၊ စေတီပုထိုးများ နှင့် အများပြည်သူ နေရာများတွင် သန့်ရှင်းရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ ပါသည်။ ပြည်သူအများအနေဖြင့် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကိုအလေးထားစေနိုင်ရန် အတွက် ထိုကဲ့သို့ ကျယ်ပြန့်သော လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော နိုင်ငံအဝှမ်း ဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူ ၁၅,၀၀၀ ကျော် ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

နုလုံးသားထဲက မြန်မာဆိုသည့် ခံယူချက်နှင့်အညီ MPT အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးပြု လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆက်လက် ဆောင်ရွက်နေပြီး ဆက်လက်၍ ယခုနှစ်အတွင်း ၈ ကြိမ်မြောက် နိုင်ငံအဝှမ်း သွေးလှူဒါန်းခြင်းအဖြစ် ဇူလိုင်လ ၁၈ ရက်တွင်လည်းကောင်း၊ တတိယအကြိမ်မြောက် နိုင်ငံအဝှမ်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများအား ဇူလိုင်လနှင့် သြဂုတ်လများတွင် လည်းကောင်း၊ ပြည်သူအများ အသိအမြင်များတိုးတက်လာစေရန်နှင့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” လှုပ်ရှားမှုကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တတိယအကြိမ်မြောက်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာန၏ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမြင့်သိန်းထွန်းက “ MPT အနေနဲ့ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်နေတဲ့ ဝန်းကျင်အတွက်လည်း လူမှုအကျိုးပြု လုပ်ငန်းတွေကို ပြန်လည်ပြီး ပေးစွမ်းဆောင်ရွက်နေပါတယ်။ လူမှုအဖွဲ့အစည်းတွေ တိုးတက်လာတာနဲ့အညီ သူတို့ရဲ့ လိုအပ်ချက်တွေဟာလည်းပိုပိုပြီး တိုးလာသလို ကျွန်တော်တို့အနေနဲ့ အဲဒီလိုတိုးတက်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်ဖို့အတွက် ဝန်ဆောင်မှုတွေကို တိုးတက်ပြီးပေးအပ်နေပါတယ်။ ဒီလိုပေးအပ်နိုင်တာကတစ်ဆင့် သုံးစွဲသူနဲ့ ဝန်ဆောင်မှုပေးသူအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး MPT နဲ့ မြန်မာပြည်သူတွေအကြားမှာ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးဖြစ်ပေါ်စေမှာပါ။ MPT ဟာ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်စေဖို့ အတွက် နည်းပညာ ကဏ္ဍမှာရော လူမှုဝန်းကျင်အတွက် လိုအပ်တဲ့ ကဏ္ဍ တွေမှာပါ ဖြည့်စွမ်း ဆောင်ရွက်သွားမှာပါ “ဟု ပြောကြားခဲ့ပါသည်။
MPT သည် နိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဆက်သွယ်ရေး ပိုမိုကောင်းမွန် လာနိုင်စေရန်အတွက် တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုးတက် စေရန် ဆောင်ရွက်လျက်ရှိပြီး တိုးတက်သည့်နိုင်ငံတစ်ခုဖြစ်လာနိုင်စေရန်အတွက်လည်း နုလုံးသားထဲကမြန်မာ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အလေးအနက်ထား ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် ဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။