×

MPT နှင့် LINE တို့ ပူးပေါင်းမည်

29 Jul 2015

ပထမဆုံးပရိုမိုးရှင်းအစီအစဉ် MPT သုံးစွဲသူများကနောက်ဆုံးပေါ် instant messaging application
ကို အင်တာနက်အသုံးပြုခပေးရန်မလိုဘဲ စက်တင်ဘာ ၃၀ အထိသုံးနိုင်မည်။

ရန်ကုန်၊ မြန်မာ၊ ဇူလိုင် ၂၉၊ ၂၀၁၅။

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က LINE messenger (“LINE”) ၏ အဓိကအသုံးပြုမှုများနှင့် application download ပြုလုပ်မှုများအတွက် အင်တာနက်အသုံးပြုမှုကို ၄င်း၏ ဆွေသဟာအစီအစဉ်တွင် အခမဲ့ဒေတာ
အသုံးပြုခွင့်ပေးမည်ဟု ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ စက်တင်ဘာလ ၃၀ ရက်အထိMPT ဆွေသဟာအစီအစဉ်ကိုအသုံးပြုသူများအားလုံးသည်
အင်တာနက်အသုံးပြုခပေးရန်မလိုဘဲ LINE application ကိုdownload ရယူ၍ အသုံးပြုနိုင်မည်ဖြစ်သည်။ MPT မှ
ဝန်ဆောင်မှုပေးသည့် အခမဲ့ဒေတာဖြင့် အသုံးပြုနိုင်မည့် လုပ်ဆောင်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

• Chatting

• စတစ်ကာများပေးပို့ခြင်းနှင့် လက်ခံခြင်း

• ဓာတ်ပုံဝေမျှခြင်း

• မိမိ၏ ပင်မစာမျက်နှာနှင့် ကိုယ်ပိုင်စာမျက်နှာများကို update လုပ်ခြင်း

• VOIP ဖုန်းခေါ်ဆိုခြင်းဖုန်းလက်ခံခြင်းများ (အသုံးပြုသူတစ်ဦးကိုတစ်လလျှင် 50 MB အထိအခမဲ့ အသုံးပြု
ခွင့်ပေးထားသည်။)

၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၂၉ရက်၊ ဗုဒ္ဓဟူးနေ့နံနက်က Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
MPTက အဆိုပါအထူးအစီအစဉ်နှင့် ပတ်သက်သောအသေးစိတ်အချက်အလက်များကိုကြေညာခဲ့ပြီး၊ MPT နှင့် LINE
တို့အတူပူးပေါင်း၍ မြန်မာနိုင်ငံရှိသုံးစွဲသူများအကြားရေပန်းစားနေသော messaging application ကိုအသုံးပြုနိုင်ရန်နှင့်
မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုပိုမိုတိုးမြင့်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ LINE သည်
ကမ္ဘာပေါ်ရှိလူကြိုက်အများဆုံးသောလူမှုကွန်ယက် application များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီးတစ်ကမ္ဘာလုံးတွင်
အသုံးပြုသူပေါင်းသန်း ၅၆၀ ရှိနေသည်။ အထူးသဖြင့် အာရှဒေသတွင် လူကြိုက်များနေပြီးဂျပန်၊ ထိုင်းနိုင်ငံနှင့်
အခြားသောနိုင်ငံများတွင် နံပါတ် ၁ နေရာတွင် ရှိနေသော application တစ်ခုဖြစ်သည်။
“မြန်မာပြည်ရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦးအနေနဲ့ LINE ကိုအသုံးပြုခြင်းဖြင့် သုံးစွဲသူတွေမှာ
ကောင်းကျိုးတွေရရှိအောင် ပံ့ပိုးပေးရင်းမြန်မာပြည်သူပြည်သားတွေနဲ့ အခုလိုကမ္ဘာတစ်ဝန်းလူကြိုက်များနေတဲ့
application တစ်ခုကိုမိတ်ဆက်ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်တွေထဲက တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့
အားလုံးလက်ခံယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြန်မာပြည်ကသုံးစွဲသူတွေအတွက်
အသုံးပြုမှုအသစ်တွေ ဝန်ဆောင်မှုအသစ်တွေ ဆက်ပြီးပေးစွမ်းနိုင်ဖို့ပါ”ဟု MPT နှင့် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ထားသော KSGM (KDDI Summit Global Myanmar Co., Ltd) မှ Marketing Director ဖြစ်သူ
Mr. Takashi Shigeno ကပြောပါသည်။
“LINE ကိုမြန်မာလူမျိုးအများအပြားစိတ်ဝင်စားကြတဲ့အတွက် မြန်မာပြည်ဟာ LINE အတွက်အလားအလာကောင်းသော
စျေးကွက်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းအကြိုမိတ်ဆက်ပွဲပြုလုပ်ပြီးချိန်မှာအသုံးပြုသူ ၃၀၉% တိုးတက်လာတာ
တွေ့ရပါတယ် စမတ်ဖုန်းသုံးစွဲမှု တိုးတက်လာတာတွေ၊ အင်တာနက်အသုံးပြုသူများပြားလာတာတွေ၊တစ်နိုင်ငံလုံးအနှံ့
ဆက်သွယ်ရေးကောင်းမွန်လာတာတွေနဲ့အတူ LINE နှင့် ၄င်း၏ application တွေကို မြန်မာစျေးကွက်မှာရှိတဲ့
သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ အခု MPT နဲ့ ပူးပေါင်းခြင်းဟာလည်း
မြန်မာပြည်ကသုံးစွဲသူတွေကိုပိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံနှင့်ကိုက်ညီသော အကြောင်းအရာလေးတွေကိုပိုမိုချဲ့ထွင်နိုင်ဖို့ဆိုတဲ့ နည်းလမ်းတွေကိုအတူဖော်ဆောင်သွားချင်တာကြောင့်ဖြစ်ပါတယ်။” ဟု LINE
Myanmar ၏ အထွေထွေမန်နေဂျာ Mr. Darin Hwang က ပြောသည်။
LINE တွင် MPT Official Account ကိုလည်းဇူလိုင်လ ၂၉ ရက်နေ့၌ စတင်ဖွင့်လှစ်မိတ်ဆက်မည်ဖြစ်ပြီး LINE
အသုံးပြုသူများက၄င်း account ကို subscribe လုပ်ထားပါက MPT ၏ နောက်ဆုံးသတင်းများနှင့်
အထူးအစီအစဉ်များကိုအချိန်နှင့်တပြေးညီသိရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT အတွက် အထူးထုတ်လုပ်ထားသည့်
sticker များကိုလည်းမကြာမီအချိန်အတွင်းဒေါင်းလုဒ်ရယူအသုံးပြုနိုင်တော့မည်ဖြစ်သည်။
ဤအထူးအစီအစဉ်အတွက် အချိန်ကာလမှာ ၂ လဖြစ်ပြီးဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာစက်တင်ဘာလ ၃၀ ရက်နေ့
တွင် ကုန်ဆုံးမည်ဖြစ်သည်။ LINE ကို www.line.me/my တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။