×

MPT နှင့် Mobile Legends Bang Bang တို့ အတူပူးပေါင်း၍ ဂိမ်းကစားသူများအတွက် ပိုတန်သည့် ပက်ကေ့ချ်နှင့် ဆုလက်ဆောင်များကို ယူဆောင်လာပြီ

30 Jan 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဂိမ်းထုတ်လုပ်သူ ဖြစ်သည့် Moonton မှ လူကြိုက်များ ရေပန်းစားသည့် အွန်လိုင်းဂိမ်း Mobile Legends Bang Bang အတွက် အထူးသီးသန့် ဒေတာပက်ကေ့ချ် အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ ဂိမ်းထုတ်လုပ်သူများနှင့် MPT တို့အကြား ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ Mobile Legends ဒေတာပက်ကေ့ချ် အသစ်သည် နိုင်ငံတကာတွင် ကစားနေသည့် MOBA မိုဘိုင်းလ်ဂိမ်း အမျိုးအစားအား 1GB ဒေတာနှင့်အတူ ဂိမ်းအတွင်းအသုံးပြုနိုင်မည့် Diamond ၁၆ ခု တို့ကို ၉၈၀ ကျပ် တည်းဖြင့် ဈေးနှုန်းသက်သာစွာ ရယူဆော့ကစားနိုင်မည် ဖြစ်သည်။

အဆိုပါ ပက်ကေ့ချ်ကို ဝယ်ယူရန်အတွက် MPT သုံးစွဲသူများက *8001# သို့ခေါ်ဆိုပြီး အလွယ်တကူဝယ်ယူ နိုင်မည်ဖြစ်သည်။ ဝယ်ယူမှုပြီးသည်နှင့် Mobile Legends Bang Bang ဂိမ်း သီးသန့်ကစားရန်အတွက် ရက်ပေါင်း ၃၀ အသုံးပြုနိုင်မည့် 1 GB ဒေတာကို လက်ခံရရှိမည်ဖြစ်ပြီး ဂိမ်းအတွင်းအသုံးပြုနိုင်မည့် Diamond ၁၆ ခုအတွက် SMS ကုတ်တစ်ခုကိုပါ လက်ခံရရှိမည်ဖြစ်သည်။ Mobile Legends Bang Bang မဟုတ်သည့် အခြားသော မိုဘိုင်းလ် ဒေတာအသုံးပြုမှုများအတွက်ကိုမူ MPT မှ ဝယ်ယူထားသည့် ဒေတာပက်ကေ့ချ်များ အလိုက် (သို့) မိမိသုံးထားသည့် ကျသလောက်ပေး နှုန်းထားအတိုင်း ကျသင့်မည်ဖြစ်သည်။ ဂိမ်းကစားရန်အတွက် ဒေတာပက်ကေ့ချ်ကိုမူ တစ်ရက်တာအတွင်း အကန့်အသတ်မရှိ လိုသလောက် ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်နှင့်အတူ MPT မှ သုံးစွဲသူများအတွက် အထူးသီးသန့်ဆုမဲအစီအစဉ်အသစ်တစ်ရပ်ကို ပြုလုပ် နေပြီး ဒေတာပက်ကေ့ချ်ဝယ်ယူရုံဖြင့် ဂိမ်းအတွင်းအသုံးပြုနိုင်မည့် Diamond များ၊ Premium Hero Skin များ နှင့် iPhone XS Max များကို နေ့စဉ် နှင့် အထူးဆုမဲလက်ဆောင်များအဖြစ် ကံစမ်းနိုင်မည်ဖြစ်သည်။ ဆုမဲလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
နေ့စဉ်ဆုလက်ဆောင်များ
• 899 Diamond skin: Roger – Phantom Pirate
• အချိန်ကန့်သတ်အသုံးပြုနိုင်သည့် skins များဖြစ်သည့် Alucard – Child of the Fall, Martis – God of War, Alpha – Onimusha Commander and Lesley – Stellaris Ghost
အထူးဆုလက်ဆောင်များ
• Diamond ၁၀,၀၀၀ – တစ်ဆု
• iPhone XS Max – တစ်ဆု

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “အခုလို တစ်နိုင်ငံလုံးက ရေပန်းစားလူကြိုက်များ တဲ့ မိုဘိုင်းလ်ဂိမ်း Mobile Legends Bang Bang နဲ့အတူ ပူးပေါင်းပြီး ဂိမ်းကစားသူတွေအတွက် ပိုကောင်းတဲ့အရည်အသွေးတွေ၊ ဂိမ်းတွင်းအသုံးပြုနိုင်မယ့် အရာတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းပြီး နေ့စဉ်ကံစမ်းနိုင်မယ့် ဆုလက်ဆောင်တွေနဲ့ အထူးဆုလက်ဆောင်တွေကို ပေးအပ် ခွင့်ရလို့ ကျွန်တော်တို့အနေနဲ့ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ သုံးစွဲသူတွေအနေနဲ့က Mobile Legends ဒေတာပက်ကေ့ချ်ကို ဝယ်ယူလိုက်ရုံနဲ့ MPT ရဲ့ တစ်နိုင်ငံလုံးဆီကို ဖြန့်ကျက်လွှမ်းခြုံထားနိုင်တဲ့ မြန်နှုန်းမြင့် 3G/LTE+ မိုဘိုင်းလ်ကွန်ရက်ပေါ်ကနေတစ်ဆင့် ဝင်ရောက်ဆော့ကစားနိုင်ပြီး 1GB ဒေတာနဲ့ Diamond ၁၆ ခု ကို ၉၈၀ ကျပ် နဲ့ဝယ်ယူလိုက်နိုင်မှာဖြစ်သလို ဆုလက်ဆောင်အစီအစဉ်မှာ အလိုအလျောက်ပါဝင်ခွင့်ရသွားမှာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ မိုဘိုင်းလ်ဂိမ်းကို အကြိတ်အနယ်ကို ကစားကြသူတွေက အထူးသဖြင့် လူငယ်တွေက အများစုဖြစ်ကြပြီး အခုဂိမ်းဟာ ကမ္ဘာအဝှမ်းမှာ လူပေါင်း သန့်နဲ့ချီပြီးကစားနေကြတဲ့ e-sport ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုအစီအစဉ်ကနေတစ်ဆင့် ဂိမ်းကစားရတာကို သဘော ကျနှစ်ခြိုက်ပြီး မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့အတူ ဆော့ကစားဖို့ စိတ်အားထက်သန်ကြသူတွေတိုင်းအတွက် အံ့အားသင့်ဖွယ်ဈေးနှုန်း၊ အဆင်ပြေလွယ်ကူမှုတွေနဲ့အတူ အလွယ်တကူ ဝင်ရောက်ဆော့ကစားနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။” ဟု ပြောကြားသည်။

ဒေတာပက်ကေ့ချ် ဝယ်ယူပြီးသည်နှင့် ဆုလက်ဆောင်အစီအစဉ်တွင် အလိုအလျောက်ပါဝင်သွားမည်ဖြစ်သည်။ နေ့စဉ် ကံထူးရှင်ကိုမူ ၎င်းကံထူးမည့် premium hero skins အတွက် အသုံးပြုနိုင်မည့် ကုတ်နံပါတ်ကို SMS ဖြင့် အကြောင်းကြား ပေးပို့သွားမည်ဖြစ်သည်။ ပေးပို့လာမည့် ကုတ်များကို https://m.mobilelegends.com/en/codexchange တွင် ဝင်ရောက်လဲလှယ်နိုင်မည်ပြီး SMS မှတစ်ဆင့် ပေး ပို့လာမည့် URL လင့်ခ်မှတစ်ဆင့်လည်း ဝင်ရောက်လဲလှယ်နိုင်မည်ဖြစ်သည်။ အထူးဆုလက်ဆောင်ပိုင်ရှင်များ (Diamond ၁၀,၀၀၀ နှင့် iPhone XS MAX) ကိုမူ ဆုလက်ဆောင်အစီအစဉ်အချိန်ကာလ ပြီးနောက် ၀၁-၂၅၆၈၀၈ ဖုန်းဖြင့် တိုက်ရိုက်ခေါ်ဆိုဆက်သွယ်မည်ဖြစ်ပြီး ဆုလက်ဆောင် ပေးအပ်မည့် အစီအစဉ်ကို ဖုန်းခေါ်နေချိန်တွင် ရှင်းလင်းပြောပြသွားမည်ဖြစ်ပါသည်။

Mobile Legends Bang Bang အက်ပလီကေးရှင်းကို Apple App စတိုး နှင့် Google Play စတိုးများတွင် အခမဲ့ ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်သည်။ ဆုလက်ဆောင်အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များကို ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် ဖေ့စ်ဘွတ် www.facebook.com/mptofficialpage တို့တွင်ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။